ယာဉ်မောင်းအတွေ့အကြံုမရှိသော အမျိုးသမီးများအား ထောက်ပ့ံစရိတ် တစ်လ ကျပ်နှစ်သိန်းဖြင့် သင်တန်းခေါ်ယူနေ

ယာဉ်မောင်းအတွေ့အကြံုမရှိသော အမျိုးသမီးများအား ထောက်ပ့ံစရိတ် တစ်လ ကျပ်နှစ်သိန်းဖြင့် သင်တန်းခေါ်ယူနေ
အမျိုးသမီးယာဉ်မောင်း ဖြစ်သူ မစုမြတ်မွန်အား တွေ့ရစဉ်။

ယာဉ်မောင်းအတွေ့အကြုံလုံးဝမရှိသော အမျိုးသမီးများအား ထောက်ပံ့စရိတ် တစ်လလျှင် ကျပ်နှစ်သိန်းဖြင့် YBS အများပိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Power Eleven ကုမ္ပဏီ၊ YBS (၂၁) ယာဉ်လိုင်းမှ သင်တန်းခေါ်ယူနေ ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ Power Eleven ကုမ္ပဏီမှ YBS (၂၁) ယာဉ်လိုင်းတွင် တာဝန်ထမ်းဆောင်ရန် ယာဉ်မောင်းသင်တန်းသူ အမျိုးသမီး ဦးရေ ၃ဝ ကို ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ပြီး ယာဉ်မောင်း အတွေ့အကြုံလုံးဝမရှိသေးသူများ၊ ယာဉ်မောင်းကျွမ်းကျင်သူများနှင့် အလယ်အလတ်ကျွမ်းကျင်သူများအားလုံး ယနေ့ စက်တင်ဘာလ ၂၆ ရက် နေ့မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေး က မဇ္ဈိမသို့ ပြောသည်။

“  အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ခရီးသွားတွေကို ဝန်ဆောင်မှုပေးနိုင်မယ့် အမျိုးသမီးဝန်ထမ်း ကောင်းတွေကို တာဝန်အသီးသီးပေးချင်တဲ့အခါကျတော့ သင်တန်းသားခေါ်တာပေါ့။ ခေါ်တယ်ဆိုတဲ့နေရာမှာ သူက မကျွမ်းကျင်တဲ့သူရယ်၊ ကျွမ်းကျင်ပေမယ့် လိုအပ်ချက်ရှိတဲ့ သူတွေရယ်၊ နောက် လုံးဝမတတ်မြောက် သေးတဲ့ သူတွေရယ်ခေါ်ယူသွားမှာပါ။ ကျွမ်းကျင်ပြီးသားသူဆိုရင်တော့ ကျွန်တော်တို့က လိုအပ်ချက်နဲ့ ကိုက် ညီတယ်ဆိုရင် ချက်ချင်းအလုပ်တာဝန်ပေးမှာပါ။ ကျွမ်းကျင်မှုရှိပေမယ့် လိုအပ်ချက်ရှိတယ်။ ယာဉ်ကြီး၊ ယာဉ် ငယ်တွေ မမောင်းဖူးဘူးဆိုရင် ကျွန်တော်တို့က လုပ်ငန်းခွင်ထဲ ရောက်တဲ့ထိ ကူညီပေးမှာပါ။ သင်ပေးတဲ့ အချိန် မှာလည်း သူတို့ အဆင်ပြေအောင် တစ်လကို နှစ်သိန်းထောက်ပံ့ပြီးတော့ သင်ပေးမှာပေါ့။ လုံးဝမကျွမ်းကျင် တဲ့သူ၊ လုံးဝမမောင်းတတ်တဲ့သူတွေကိုလည်း ကျွန်တော်တို့ အစကနေစပြီး သင်ပေးသွားမှာပါ”ဟု ကိုတရုတ် လေးက ပြောသည်။

ထိုသို့ Power Eleven ကုမ္ပဏီမှ ခေါ်ယူသည့် ယာဉ်မောင်းသင်တန်းအား ယာဉ်မောင်းလိုင်စင် သက်တမ်း (၃) နှစ်ရှိသည့် အမျိုးသမီးများကိုလည်း လျှောက်ထားနိုင်သည့်အပြင် လိုင်စင်မရှိသေးသည့် သူများကိုလည်း ယာဉ် မောင်းလိုင်စင်ရရှိသည့်အထိ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ လျှောက်ထားသူတွေကို လူတွေ့စစ်လို့ ဒီအလုပ်ကို ဝါသနာလည်းပါတယ်။ အသက်မွေးဝမ်း ကြောင်းတစ်ခုအနေနဲ့လည်း ဇောက်ချပြီး လုပ်မယ်ဆိုရင် ကျွန်တော်တို့ သင်ပေးမှာပါ။ အဓိကက တစ်ချို့ အကြောင်းကြောင့်ကြောင်း အခြေခံပညာမသင်ရတဲ့ အမျိုးသမီးတွေ အလုပ်အကိုင်အခွင့်အလမ်းက တော် တော်နည်းပါတယ်။ ကျွန်တော်ဆီမှာ လက်ရှိမောင်းနေတဲ့ ကလေးမလေးလည်း အရင်တုန်းက စက်ရုံမှာလုပ် တုန်းက တစ်လကို ၆ သောင်း၊ ၇ သောင်းလောက်ပဲရတယ်။ အခုကားမောင်းတော့ သုံးသိန်းလောက်ရတယ်။ အလုပ်အကိုင်အခွင့်အလမ်း သူတို့အတွက် ရွေးချယ်စရာ ပိုပြီးတော့ ကောင်းသွားတာပေါ့”ဟု ကိုတရုတ် လေးက ဆိုသည်။

အဆိုပါ သင်တန်းအား လျှောက်ထားလိုသည့် အမျိုးသမီးများအနေဖြင့်  လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်/ သန်းခေါင်စာရင်း/လိုင်စင် မိတ္တူ (၃) စုံ၊ တစ်ပတ်အတွင်း ရပ်ကွက်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ပြစ်မူကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာမူရင်းများနှင့်အတူ ဖုန်း ဝ၉- ၄၅၆ဝ၆ဝဝ၆၉ အား ဆက်သွယ်စုံးစမ်း၍ ယနေ့ စက်တင်ဘာလ ၂၆ ရက်မှစကာ လျောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly