ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွား

ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်တွင် သြဂုတ် ၁၃ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကောလင်းမြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ထပ်မံ ဖြစ်ပွားခဲ့သည်။

လူ၊ တိရစ္ဆာန်များ သေဆုံး၊ ဒဏ်ရာရရှိမှု မရှိသော်လည်း ဝါးရုံးတုံး၊ ကရာကုန်း၊ နနွင်းတော၊ မင်းချမ်း၊ သရက်ခုံ၊ ညောင်ဝန်းအုပ်စုများတွင် ထပ်မံစိုက်ပျိုးထားသော လယ်မြေများ ရေကြီးနစ်မြုပ်လျက်ရှိပြီး ယမန်နေ့
သြဂုတ် ၁၃ ည ၇ နာရီကျော်သည် အထိ ရေများလျော့နည်းခြင်း မရှိသေးဟု သိရသည်။

တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များက ဘေးအန္တရာယ် မဖြစ်စေရေးနှင့် သွားလာမှုအဆင်ပြေစေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။
Source - MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly