ပေါ့ဂ်ဘာ၏ ဒဏ်ရာကိုခွဲစိတ်ကုသရန် မန်ယူအသင်းချိန်ဆနေ

ပေါ့ဂ်ဘာ၏ ဒဏ်ရာကိုခွဲစိတ်ကုသရန် မန်ယူအသင်းချိန်ဆနေ

စက်တင်ဘာ ၂၆၊ မန်ချက်စတာ။          ။ မန်ယူအသင်းသည် ကွင်းလယ်ကစားသမားပေါ့ဂ်ဘာကို ဒုက္ခပေးနေသည့် ဒူးကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသရန်ချိန်ဆနေရ သည်။

ပေါ့ဂ်ဘာ စက်တင်ဘာ ၁၂ ရက်နေ့က ဘေဆယ်နှင့် ကစားသည့်ပွဲတွင် ခြေထော့နင်းထွက်ခွာခဲ့ရပြီးကတည်းက အနားယူနေရ သည်။

ကစားသမားအနေဖြင့် ဒူးကောက်ကြောဒဏ်ရာဖြင့် ရုန်းကန်နေရပြီး အသင်းအနေဖြင့် ပုံမှန်အတိုင်းဆက်ကုရန်သို့မဟုတ် မြန်ဆန်စွာပျောက်ကင်းအောင်ခွဲစိတ်ကုသရန်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။

ဘာစီလိုနာကြယ်ပွင့် ဒမ်ဘီလီကိုကူညီဖူးပြီး ပေါ့ဂ်ဘာ၏ အခြေအနေကိုလည်းစောင့်ကြည့်နေသည့် ခွဲစိတ်ကု ဆာကာရီအိုရာဗာ ကမူ ခွဲစိတ်ရန်မလိုဟုဆိုသည်။

“သူ့ဒဏ်ရာက ဒမ်ဘီလီနဲ့ တော်တော်လေးကွာခြားပါတယ်။ မခွဲစိတ်ဘဲနဲ့ ကုနိုင်တဲ့ဒဏ်ရာမျိုးပါ။ ဒါပေမဲ့ ခွဲစိတ်လိုက်ရင်တော့ မြန်မြန်သက်သာတာပေါ့။ နောက်တစ်ပတ်မှာ တစ်ခုခုဆုံးဖြတ်ရပါလိမ့်မယ်”ဟု အိုရာဗာက ပြင်သစ်သတင်းစာ L'Equipe သို့ပြောသည်။

ယူနိုက်တက်သည် ပေါင် ၈၉ သန်းတန် စူပါကြယ်ပွင့်မပါဝင်ဘဲ ခက်ခဲသည့်ပွဲစဉ်ဇယားကိုဖြတ်သန်းရမည်ဖြစ်ပြီး ပထဆုံးအဖြစ် စီအက်စ်ကေအေမော်စကိုနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို ယခုတစ်ပတ်တွင် ရုရှသို့သွားကစားရမည်ဖြစ်သည်။

ယင်းနောက် ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့်လည်းကောင်း၊ အစဉ်အလာပြိုင်ဘက် လီဗာပူးလ်နှင့်ပွဲကို အန်ဖီးလ်သို့လည်းကောင်းသွားကစားရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags