ကော်တင်ဟိုကို ဘာစီ်လိုနာအသင်းထံ လီဗာပူးလ်ရောင်းလိမ့်မည်ဟု သတင်းထပ်ထွက်

ကော်တင်ဟိုကို ဘာစီ်လိုနာအသင်းထံ လီဗာပူးလ်ရောင်းလိမ့်မည်ဟု သတင်းထပ်ထွက်

စက်တင်ဘာ ၂၆၊ လီဗာပူးလ်။         ။ လီဗာပူးလ်အသင်းသည် ကော်တင်ဟိုကို ကာတလန်ထိပ်သီးဘာစီလိုနာအသင်းထံရောင်းချလိမ့်မည်ဟု စပိန်တွင်သတင်းများ ထပ်မံထွက်ပေါ်နေသည်။

ကော်တင်ဟို၏ အပြောင်းအရွှေ့ကိစ္စမှာ နွေရာသီဈေးကွက်ဖွင့်ချိန်တစ်လျှောက်လုံးရှည်လျားစွာလှုပ်ခတ်ခဲ့ပြီး ဘရာဇီးတိုက်စစ်မှူး ကို မည်သည့်ဈေးဖြင့်မှမရောင်းဟု လီဗာပူးလ်အသင်းက   ကြေညာလိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။

ယင်းအခြေအနေကြောင့် ကစားသမားထံမှ ပြောင်းရွှေ့ခွင့်တောင်းမှုပေါ်ထွက်လာခဲ့ပြီး ဘာစီလိုနာသို့ပြောင်းချင်ကြောင်း လူသိရှင်ကြားပြောဆိုခဲ့ရာ လီဗာပူးလ်ထိပ်ပိုင်း တာဝန်ရှိသူများကို ဒေါသထွက်စေခဲ့သည်။

လာလီဂါကိုဦးဆောင်နေသည့် ဘာစီလိုနာအသင်းအနေဖြင့် ကော်တင်ဟိုအပေါ် စိတ်မလျှော့သေးကြောင်းနှင့် ကစားသမား ကိုယ်တိုင်ကလည်း လက်မလျှော့သေးကြောင်း စပိန်သတင်းစာ SPORT က ဖော်ပြခဲ့သည်။

နွေရာသီဈေးကွက်ပိတ်သွားသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သော်လည်း အပြောင်းအရွှေ့ညှိနှိုင်းမှုလက်ကျန်အချို့မှာ ဘာစီလိုနာအသင်းထံတွင်ရှိနေဆဲဖြစ်သောကြောင့် ဇန်နဝါရီတွင်အပြီးသတ်ဆွေးနွေးနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းအနေဖြင့်လည်း ထိပ်တန်းပြောင်းရွှေ့ကြေးရမည်ဆိုပါက ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့ကိုစဉ်းစားနိုင်ကြောင်း SPORT က ဆက်လက်ဖော်ပြခဲ့သည်။

ကော်တင်ဟိုကိုယ်တိုင်ကလည်း ဘာစီလိုနာသို့ပြောင်းချင်နေဆဲဖြစ်ပြီး ကိုယ်စားလှယ်များမှတစ်ဆင့် လီဗာပူးလ်အသင်း ပိုင်ရှင်များထံ ရှင်းရှင်းလင်းလင်းအသိပေးထားသည်ဟု ယင်းသတင်းမှာပင်ဖော်ပြထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly