နေမာအား ကိုယ့်ကိုယ်ကိုယ် မက်ဆီထင်နေလားဟု ကာဗာနီပြောဆိုခဲ့

နေမာအား ကိုယ့်ကိုယ်ကိုယ် မက်ဆီထင်နေလားဟု ကာဗာနီပြောဆိုခဲ့

စက်တင်ဘာ ၂၆၊ ပဲရစ်။            ။ ကာဗာနီသည် ပီအက်စ်ဂျီအသင်းအဝတ်လဲခန်းသို့သွားရာလမ်းတွင် နေမာအား ကိုယ့်ကိုယ်ကိုယ်မက်ဆီထင်နေလားဟု ပြောဆို ခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ဥရုဂွေးတိုက်စစ်မှူးနှင့် ပေါင် ၁၉၈ သန်းတန်ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားတို့မှာ ပင်နယ်တီလုကန်သည့်ကိစ္စဖြစ်ပြီးနောက် တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းမဆိုင်ကြတော့ဘဲ ပထမဆုံးအကြိမ်ပြောဆိုစဉ်က စကားမှာလည်း ကောင်းမွန်မှုမရှိသည့်သဘောဆောင်ခဲ့သည်။

ကာဗာနီသည် ဘာစီလိုနာမှပြောင်းလာသည့် အသင်းဖော်သစ်ကို ဦးဆုံးမြင်တွေ့လိုက်ရစဉ် အံ့သြသည့်အမူအယာတစ်ခုကို ပြုလုပ်ခဲ့သည်ဟု စပိန်သတင်းစာ EL Pais ကဖော်ပြခဲ့သည်။

ထို့ပြင် ကာဗာနီက “ဒါဘယ်သူတုန်း၊ မင်းကိုယ်မင်း လီယွန်နယ်မက်ဆီထင်နေလား”ဟု အဝတ်လဲခန်းသို့ နေမာပထမဆုံးအကြိမ် ဝင်ရောက်လာစဉ်ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

ကာဗာနီအနေဖြင့် အသင်းဖော်သစ်ကို အရွှမ်းဖောက်ပြောဆိုခြင်း သို့မဟုတ် စော်ကားပြောဆိုခြင်းဟုတ်၊ မဟုတ် ရှင်းလင်းစွာ သိရခြင်းမရှိသေးသော်လည်း နေမာသည်အသင်းဖော်ဟောင်းမက်ဆီ၏ လောင်းရိပ်အောက်မှထိုးထွက်နိုင်ရန် ကြိုးပမ်းနေသည်။

တိုက်စစ်မှူးနှစ်ဦးကြားပြေလည်မှုရရန်အသင်းကကြိုးပမ်းနေချိန်တွင် ယင်းသို့စွပ်စွဲချက်သတင်းပေါ်ထွက်လာခြင်းမှာ တင်းမာမှု အရှိန်ကိုပိုမိုမြင့်တက်စေဖွယ်ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags