သင့်သုက်ပိုးကို သေစေနိုင်သော အစားအစာများ

သင့်သုက်ပိုးကို သေစေနိုင်သော အစားအစာများ

ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

ယခင်ခေတ်များမှာရော ယခုခေတ်မှာပါ ကိုယ်ဝန်မရနိုင်သော အကြောင်းရင်းမှာ အမျိုးသမီးကြောင့်ဟုသာ မှားယွင်းသော အယူအဆ ရှိတတ်ကြပါသည်။ လက်တွေ့မှာတော့ အမျိုးသားများ၏ သုတ်ပိုးမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေပါသည်။ အမျိုးသားသုတ်ပိုး အကောင်ရေလုံလောက်ခြင်းရှိမှသာလျှင် ကိုယ်ဝန်ရနိုင်ပါသည်။

ထိုသုတ်ပိုးများကို သေစေနိုင်သော အစားအစာများမှာ

(၁) အရက်

အရက်သောက်သုံးခြင်းသည် အသည်းကိုထိခိုက်နေရုံမက ကိုယ်တွင်းလုပ်ဆောင်ချက်များ အထူးသဖြင့် ကာမလုပ်ဆောင်နိုင်စွမ်း နှင့်မျိုးပွားအဂါၤများကိုပါ ထိခိုက်စေပါသည်။ အသည်းကောင်းနေသော်လည်း ကပ္ပါယ်အိတ်မှ သုတ်ပိုးထုတ်လုပ်စွမ်းကျစေသည်။ အကြောင်းမှာ သုတ်ပိုး၏ အပေါ်ခွံနှင့် အမြီးဖြစ်ပေါ်ရန် လိုအပ်သော ဇင့် ဓာတ်ကို အရက်မှ သွေးတွင်းစုတ်ယူခြင်းမရှိအောင် တာဆီးသောကြောင့်ဖြစ်သည်။

(၂) တာရှည်ခံအစားအစာများ

ထိုအစားအစာများတွင် BPA ဓာတ်ပါဝင်သဖြင့် လေ့လာချက်အရ စားသုံးသူများတွင် ၂၃% ခန့် သုတ်ပိုး နည်းပါးတတ်ပါသည်။

(၃) ကဖင်း၊ ဆိုဒါများ

အလွန်အမင်းစားသုံးပါက သုတ်ပိုးနည်းပါးစေပါသည်။ တစ်နေ့ cola ၂ခွက်သောက်ပါက ၅၀% သုတ်ပိုးနည်းပါးစေပါသည်။

(၄) အသင့်စားအစားအစာများ

ထိုအစားအစာများတွင် trans fatty acid ( အဆီဓာတ်) များစွာပါဝင်နေတတ်ပါသည်။ အလွန် စားသုံးပါက ၉၆% ခန့် သုတ်ပိုးနည်းသွားတတ်သည်။

(၅) ပဲနှင့် ဆက်စပ်အစားအစာများ

Oestrogen ဟော်မုန်းများစွာပါဝင်သဖြင့် မျိုးအောင်ခြင်းကို အနှောက်အယှက်ဖြစ်စေသည်။ ဒါကြောင့် သားသမီးလိုသူများအတွက် မိမိ ဘာစားသုံးနေလဲဆိုတာ သိရှိထားဖို့ လိုအပ်ပါသည်။

ဗီတာမင် E, zinc, selenium ကြွယ်ဝအောင်စားသုံးခြင်းဖြင့် သုတ်ပိုးများပြီး သားသမီးရရန် ကြိုးစားနိုင်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly