ပွေတိုရီကိုနိုင်ငံရှိ ဟာရီကိန်းမုန်တိုင်းဒဏ်သင့်ပြည်သူများကို ဂျနီဖာလိုပက်ဇ်က ဒေါ်လာတစ်သန်းလှူဒါန်း

ပွေတိုရီကိုနိုင်ငံရှိ ဟာရီကိန်းမုန်တိုင်းဒဏ်သင့်ပြည်သူများကို ဂျနီဖာလိုပက်ဇ်က ဒေါ်လာတစ်သန်းလှူဒါန်း

 

နာမည်ကျော်အဆိုတော် ဂျနီဖာလိုပက်ဇ်သည် ပွေတိုရီကိုနိုင်ငံရှိ ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ပြည်သူများကို အကူညီပေးကြရန် သူမ၏လူမှုမီဒီယာမှတဆင့် မေတ္တာရပ်ခံခဲ့သလို သူမကိုယ်တိုင်လည်း အမေရိကန်ဒေါ်လာ တစ်သန်းခန့် ပါဝင်လှူဒန်းခဲ့သည်။

လိုပက်ဇ်သည် ပွေတိုရီကိုနိုင်ငံအား အကူအညီပေးရန် ရည်ရွယ်ပြီးကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ နယူးယောက်မြို့တော်ဝန် အန်ဒရူးကူမိုနှင့်အတူ တက်ရောက်နိုင်ရန်အတွက် စက်တင်ဘာလ ၂၄ရက်နေ့ မနက်ပိုင်းတွင် လာ့စ်ဗီးဂတ်စ်မြို့သို့ သွားရောက်ခဲ့သည်။

လိုပက်ဇ်သည် လာ့စ်ဗီးဂတ်စ်ရှိ သူမ၏ဖျော်ဖြေပွဲများက ရရှိခဲ့သောအမြတ်အစွန်းထဲမှ ဒေါ်လာတစ်သန်းခန့်ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“အဲလက်ရိုဒရီဂွတ်ဇ်နဲ့ ကျွန်မတို့ဟာ ဖျော်ဖြေရေး၊ အားကစားနဲ့ စီးပွားရေးစတဲ့ နယ်ပယ်အသီးသီးက ကျွန်မတို့နဲ့ သိတဲ့ အဆက်အသွယ်တွေကို အသုံးချပြီး ပွေတိုရီကိုနဲ့ ကာရေဘီယန်ဒေသက မုန်တိုင်းဒဏ်သင့်ပြည်သူတွေ ကို အကူညီပေးဖို့ ဆောင်ရွက်နေပါတယ်” ဟု လိုပက်ဇ်က စပိန် နှင့် အင်္ဂလိပ် ဘာသာစကားနှစ်မျိုးဖြင့် ကြေညာခဲ့သည်။

ဒါ့အပြင် “ မုန်တိုင်းသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ကျွန်မတို့ နေ့မအားညမအား အလုပ်လုပ်နေကြပါတယ်” ဟုလည်း သူမက ဆက်ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly