အမေရိကန်တို့ အသစ်ထုတ်ပြန်လိုက်သည့် ခရီးသွားပိတ်ပင်ချက်တွင် မြောက်ကိုရီးယားလည်း ပါ၀င်လာ

By AFP
25 September 2017
အမေရိကန်တို့ အသစ်ထုတ်ပြန်လိုက်သည့် ခရီးသွားပိတ်ပင်ချက်တွင် မြောက်ကိုရီးယားလည်း ပါ၀င်လာ

 

စက်တင်ဘာ ၂၅ ။         ။ အမေရိကန်အစိုးရသည် ယင်း၏ အငြင်းပွားဖွယ် ခရီးသွားပိတ်ပင်သစ်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး ယခု ထုတ်ပြန်ချက်အရ ခရီးသွားခွင့် ပိတ်ပင်ခံလိုက်ရသည့်   နိုင်ငံများစာရင်းတွင် မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနှင့် ချက်ဒ် နိုင်ငံတို့လည်း ပါဝင်လာခဲ့သည်။

ယခုပိတ်ပင်ချက်သစ်အရ ထင်ရှားမှုအနေဖြင့် မြောက်ကိုရီးယားမှ နိုင်ငံသားများ အမေရိကန်ဆီ ဝင်ရောက်ခွင့် တားမြစ်ခံရတော့မည်ဖြစ်သလို တစ်ချိန်တည်းမှာပင် အီရန်၊ ချက်ဒ်၊ လစ်ဗျား၊ ဆီးရီးယား၊ ဗင်နီဇွဲလား၊ ယီမင်နှင့် ဆိုမာလီယာ တို့အပေါ်တွင်လည်း အလားတူ ပိတ်ပင်ချက်များ သတ်မှတ်ကြောင်း ထရမ့် အစိုးရက စက်တင်ဘာ ၂၄ ရက်တွင် ကြေညာသည်။

ယခုပိတ်ပင်ချက်အသစ်များသည် အောက်တိုဘာ ၁၈ ရက်တွင် စတင်အသက်ဝင်လာမည်ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် အဆိုပါ ခရီးသွားလာမှု ပိတ်ပင်ချက်အသစ်များသည် သက်တမ်းကုန်သွားပြီဖြစ်သော ထရမ့်၏ ရက် ၉၀ ပိတ်ပင်ချက်နေရာတွင် အစားထိုးသွားမည်ဖြစ်သည်။

ယခုကဲ့သို့ ခရီးသွားပိတ်ပင်ချက်အသစ်များကို ထုတ်ပြန်ခြင်းဖြင့် အမေရိကန်နိုင်ငံကို အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကနေ ကြိုတင်ကာကွယ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်အစိုးရက ပြောသည်။

ထူးခြားချက်အနေဖြင့် ယခင်စာရင်းတွင် ပါဝင်နေခဲ့သည့် ဆူဒန်နိုင်ငံမှာမူ ယခု စာရင်းသစ်တွင် ပါမလာတော့သည်ကိုလည်း တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags