စပါးကြယ်ပွင့် ဒယ်လီ အလီကို အလှယ်အထပ်ပြုလုပ်ကာ ရီးယဲလ်အသင်း ခေါ်ယူလို

စပါးကြယ်ပွင့် ဒယ်လီ အလီကို အလှယ်အထပ်ပြုလုပ်ကာ ရီးယဲလ်အသင်း ခေါ်ယူလို
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းဟာ အင်္ဂလန်ကွင်းလယ်ကစားသမား ဒယ်လီ အလီကို ၎င်းတို့ရဲ့ ကစားသမား ကိုဗာဆစ်နှင့် အလှယ်အထပ်လုပ်ကာ ခေါ်ယူလိုနေတယ်လို့ သတင်းများအရ သိရပါတယ်။

အသက် ၂၁ နှစ်ရှိ ကစားသမားဟာ စပါးအသင်းနှင့်  ၂၀၂၂ အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပေမယ့် ဒါက ရီးယဲလ်အသင်းကို တားဆီးနိုင်ဖွယ်မရှိပါဘူး။

အလီဟာ ရီးယဲလ်ဥက္ကဌ ဖလော်တီနိုပီရက်ဇ်ရဲ့ အပြောင်းအရွှေ့စာရင်းမှာ ပါရှိတယ်လို့ စပိန်ကလာတဲ့ Don Balon သတင်းအရ သိရပါတယ်။

ပီရက်ဇ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အလီကို ခေါ်ယူပြီး နည်းပြ ဇီဒန်းရဲ့ လူစာရင်းထဲ ထည့်သွင်းလိုတဲ့ အိမ်မက်ရှိနေပါတယ်။ ဒါ့ကြောင့် သူဟာ အလီကို ကွင်းလယ်လူ ကိုဗာဆစ်နှင့် အလှယ်အထပ်ပြုလုပ်ရန် ကြံစဉ်နေတယ်လို့ ဆိုပါတယ်။

အသက် ၂၃ အရွယ်ရှိ ကိုဗာဆစ်ဟာ ဒီရာသီမှာ ၂ ပွဲသာ စတင်ပွဲထွက်ခွင့်ရပြီး သူဟာ တိုနီခရူးစ်နှင့် မိုဒရစ်တို့ရဲ့ အရန်အဖြစ်သာ ရှိနေပါတယ်။

Ref; Daily Star

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags