ရီးယဲလ်မက်ဒရစ်က ကျနော့်ဘဝရဲ့ ကလပ်အသင်းဖြစ်တယ် - မားကို့စ် လော်ရန်တေး

ရီးယဲလ်မက်ဒရစ်က ကျနော့်ဘဝရဲ့ ကလပ်အသင်းဖြစ်တယ် - မားကို့စ် လော်ရန်တေး
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား မားကို့စ် လော်ရန်တေးက ၎င်းရဲ့ စာချုပ်ကို သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျေနပ်နေပြီး ရီးယဲလ်အသင်းဟာ သူ့ဘဝရဲ့ ကလပ်အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က ရီးယဲလ်အသင်းရဲ့ စီနီယာပထမအသင်းဆီ မြှင့်တင်ခံရတဲ့ အသက် ၂၂ နှစ်အရွယ် စပိန်ကစားသမားဟာ အသင်းနဲ့ ၂၀၂၁ ခုနှစ် ဇွန်လအထိ သက်တိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

"ကျနော်စာချုပ်ကို ရီးယဲလ်အသင်းနဲ့ သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် အလွန်ကျေနပ်မိပါတယ်။ ဒါဟာ ကျနော် ငယ်စဉ်ဘဝကတည်းက ကျနော့်အိပ်မက်ဖြစ်ခဲ့ပါတယ်။ ဒါက ကျနော့်ဘဝရဲ့ကလပ်အသင်းဖြစ်ပြီး ကျနော့်မိသားစုရဲ့ ဘဝဖြစ်ပါတယ်။ ကျနော် ပျော်ရွှင်နေပြီး ဒီအသင်းမှာ တိုးတက်လာဖို့ ဆန္ဒရှိနေပါတယ်။"လို့ လော်ရန်တေးက စာချုပ်ချုပ်ဆိုပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

"ရီးယဲလ်မက်ဒရစ်က ကျနော့်ဘဝရဲ့ ကလပ်အသင်းဖြစ်ပြီး ဂျူနီယာကစားသမားတစ်ဦးအဖြစ် ရောက်ရှိခဲ့ပြီးနောက်ပိုင်း ကျနော် ကြီးပြင်းရာ အသင်းတစ်သင်းဖြစ်ပါတယ်။"လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

မားကို့စ် လော်ရန်တေးဟာ ပြီးခဲ့တဲ့ရာသီက အလာဗတ်စ်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly