အာဆင်နယ်ကွင်းလယ်လူအိုဇေးလ် မန်ယူသို့ ပြောင်းရွှေ့ရန် အလိုရှိနေ

အာဆင်နယ်ကွင်းလယ်လူအိုဇေးလ် မန်ယူသို့ ပြောင်းရွှေ့ရန် အလိုရှိနေ

စက်တင်ဘာ ၂၄၊ အင်္ဂလန် ။            ။ အာဆင်နယ်ကွင်းလယ်ကစားသမားအိုးဇေးလ်သည် ပြိုင်ဘက်မန်ယူအသင်းသို့ပြောင်းရွှေ့ရန် အလိုရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

အိုဇေးလ်၏ အာဆင်နယ်နှင့်လက်ရှိစာချုပ်သည် ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် အိုဇေးလ်ကို လာမည့်နှစ်နွေရာသီ အပြောင်းအရွှေ့တွင်   ခေါ်ယူပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။

ပြောင်းရွှေ့ကြေးမပေးရသည့်အတွက် အိုဇေးလ်အလိုရှိသော တစ်ပတ်လစာငွေ ပေါင် ၂ သိန်းခွဲပမာဏကိုလည်း မန်ယူအသင်းက ပေးချေနိုင်မည် ဖြစ်သည်။

အိုဇေးလ်သည် မန်ယူနည်းပြမော်ရင်ဟိုနှင့်ရီးယဲလ်အသင်းတွင် လက်တွဲခဲ့ဖူးသူ ဖြစ်သည်။ ဂျာမနီကွင်းလယ်ကစားသမားမှာ မော်ရင်ဟိုစိတ်ကြိုက်တွေ့သည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

အိုဇေးလ်နှင့်ဆန်းချက်ဇ်တို့နှစ်ဦးစလုံးသည် ယခုအချိန်အထိ အာဆင်နယ်အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုထားကြဆဲ ဖြစ်သည်။ အာဆင်နယ်အသင်းယခုနှစ်တွင်အောင်မြင်မှုရပါက ၎င်းတို့နှစ်ဦးကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ယုံကြည်နေသည်။

ရည်ညွှန်း ဒေးလီးစတား

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly