မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ၏ဒဏ်ရာ ခွဲစိတ်ကုသရဖွယ်ရှိ

မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ၏ဒဏ်ရာ ခွဲစိတ်ကုသရဖွယ်ရှိ

 

စက်တင်ဘာ ၂၄၊ အင်္ဂလန် ။        ။ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏ တံကောက်ကြောဒဏ်ရာမှာ ခွဲစိတ်ကုသရဖွယ်ရှိနေကြောင်း ခွဲစိတ်အထူးကုဆရာဝန် ဆာကာရီအိုရာဗာက ဆိုသည်။

အိုရာဗာသည် ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီ၏ဒဏ်ရာကို ကူညီကုသပေးနေသူလည်းဖြစ်သည်။ ၎င်းက ပေါ့ဂ်ဘာ၏ဒဏ်ရာ ခွဲစိတ်မှု ပြုလုပ်မည်၊ မပြုလုပ်မည်ကို လာမည့်အပတ်တွင် ဆုံးဖြတ်မည်ဟု ဆိုသည်။

“ပေါ့ဂ်ဘာရဲ့ဒဏ်ရာက ဒမ်ဘီလီရဲ့ဒဏ်ရာနဲ့ အနည်းငယ်ကွဲပြားမှုရှိပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ ခွဲစိတ်ကုသမှု မလုပ်ဘဲနဲ့လည်း ဒဏ်ရာက ပျောက်ကင်းသွားနိုင်ပါတယ်။ သူ့ဒဏ်ရာကို ခွဲစိတ်မှု လုပ်၊ မလုပ်ဆိုတာ လာမယ့်အပတ်ထဲမှာ ဆုံးဖြတ်သွားပါမယ်” ဟု အိုရာဗာက ဆိုသည်။

ပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာသည် ဘေဆယ်နှင့်ချန်ပီယံလိဂ်ပွဲတွင် ၎င်းဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ပြီး အဲဗာတန်၊ ဘာတန်၊ ဆောက်သမ်တန်တို့နှင့်ပွဲစဉ်များကို လွဲချော်ခဲ့ရသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly