အီရန်တို့၏ ဒုံးပျံအသစ်သည် အစ္စရေးအထိရောက်ရှိနိုင်သည်ဟု ထရမ့်သတိပေး

By AFP
24 September 2017
အီရန်တို့၏ ဒုံးပျံအသစ်သည် အစ္စရေးအထိရောက်ရှိနိုင်သည်ဟု ထရမ့်သတိပေး

 

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၂၄။                       ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သော သောကြာနေ့တွင် အီရန်တို့အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သော ဒုံးပျံအသစ်သည် အစ္စရေးနိုင်ငံအထိရောက်အောင် ပစ်လွှတ်နိုင်ကြောင်း စနေနေ့က သတိပေးပြောဆိုခဲ့သည်။

“အစ္စရေးအထိရောက်အောင် ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အသစ်ကို အီရန်တို့ အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့ပါတယ်။ သူတို့ဟာ မြောက်ကိုရီးယားနဲ့လည်း အတူပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု ဒေါ်နယ်ထရမ့်က သူ၏ကိုင်ပိုင် တွစ်တာအကောင့်၌ ရေးသားခဲ့သည်။

“ကျနော်တို့ သဘောတူညီချက်မရရှိသေးပါဘူး” ဟုလည်း ထရမ့်က တွစ်တာ၌ရေးသားခဲ့ပြီး လွန်ခဲ့သော ၂၀၁၅ ခုနှစ်က အမေရိကန်အပါအဝင် အင်အားကြီး ၆နိုင်ငံမှ အီရန်နိုင်ငံ၏   နျူကလီးယား အစီအစဉ်နှင့်ပက်သက်၍ ရေးထိုးခဲ့သော သဘောတူစာချုပ်ကို ရည်ညွှန်းကာ သွယ်ဝိုက်ပြောဆိုခဲ့သည်။

ပြီးခဲ့သော သောကြာနေ့က Khorramshahr ဟုအမည်ပေးထားသည့် ကီလိုမီတာ ၂၀၀၀ အထိရောက်ရှိနိုင် သည့် ပဲ့ထိန်းတပ်ဒုံးပျံကြီးကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်သတင်းဌာနများက သတင်းတင်ပြခဲ့ အပြီးတွင် ထရမ့်က ယခုလို တွစ်တာ၌ ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးပျံကို စစ်ရေးပြအခမ်းအနား၌ ထုတ်ဖော်ပြသခဲ့ပြီး နာရီပိုင်းအကြာတွင် အီရန်နိုင်ငံအတွင်းရှိ နေရာ တစ်နေရာမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်ပိုင်ရုပ်သံသတင်းဌာနက စနေနေ့တွင် ဗီဒီယိုနှင့်တစ်ကွ ဖော်ပြခဲ့ သည်။

ပြီးခဲ့သော သောကြနေ့က အီရန်နိုင်ငံ၌ စစ်အင်အားပြသသည့်အနေဖြင့် စစ်ရေးပြပွဲတစ်ခုကျင်းပခဲ့ပြီး အီရန် အစိုးရ၏ နျူကလီးယားလက်နက်အစီအစဉ်ကို အမေရိကန်တို့က ပြင်းပြင်းထန်ထန် သတိပေးတားမြစ်နေသည့် ကြားမှ အဆိုပါ Khorramshahr ပဲ့ထိန်းတပ်ဒုံးပျံကြီးကို အီရန်သမ္မတဟတ်ဆန်ရော်ဟာနီနှင့် အကြီးတန်း စစ်ခေါင်းဆောင်ကြီးများရှေ့မှောက်တွင် ပစ်လွှတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly