အီရတ်ရှိ ကာ့ဒ်သူပုန်များကို တိုက်ခိုက်ရာတွင် အိုင်အက်စ်အုပ်စုက ဓာတုလက်နက်များကို အသုံးပြုခဲ့ဖွယ်ရှိဟုဆို

အီရတ်ရှိ ကာ့ဒ်သူပုန်များကို တိုက်ခိုက်ရာတွင် အိုင်အက်စ်အုပ်စုက ဓာတုလက်နက်များကို အသုံးပြုခဲ့ဖွယ်ရှိဟုဆို

ဘဂ္ဂဒက်၊ သြဂုတ် - ၁၄ ။         ။ အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာဒစ်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အိုင်အက်စ် စစ်သွေးကြွများမှာ ဓာတုလက်နက်များကို အသုံးပြုခဲ့ဖွယ်ရာရှိသည်ဟု အာဏာပိုင်များ ကပြောကြားသည်။

ယခုလအစောပိုင်းက အီရာဘီမြို့အနီးတွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကာဒစ်တပ်ဖွဲ့များမှာ အသက်ရှူကျပ်သည့်ဝေဒနာကို ခံစားကြရသည်ဟု ဂျာမန်အရာရှိများက ပြောကြားခဲ့သည်။ မည်သည့် ဓာတု လက်နက်ကို အသုံးပြုသည်ဟု အတိအကျမပြောနိုင်သော်လည်း mustard agent ဟုခေါ်သည့် အဆိပ်ဓာတ်ငွေ့တစ်မျိုး ဖြစ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်အရာရှိများ ကဒေသတွင်းမီဒီယာ တစ်ခုကိုပြော ကြားခဲ့သည်။

ယခင်ကာလများကလည်း အိုင်အက်စ်များက ကာဒစ်သူပုန်များကို ကလိုရင်းဓာတ်ငွေ့အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟူသော ပြောဆိုချက်များရှိခဲ့သည်။

Wall Street ဂျာနယ်တွင် အမေရိကန်အရာရှိများကို ကိုးကားဖော်ပြချက်အရ အိုင်အက်စ်တို့မှာ mustard agent အဆိပ်ဓာတ်ငွေ့ကို အိမ်နီးချင်း ဆီးရီးယားမှ ရခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ ဆီးရီးယား အစိုးရကမူ ဓာတုလက်နက်တိုက်မှန်သမျှကို ဖျက်ဆီးပစ်ခဲ့ပြီးပြီဟု ယခင်က ပြောကြားခဲ့သည်။

အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ် ဟူစိန်သည်လည်း ကာ့ဒ်သူပုန်များနှင့် အီရန်ကို တိုက်ခိုက်ရာတွင် mustard agent ကဲ့သို့သော ဓာတုလက်နက်များကို အသုံးပြုခဲ့ဖူးသည်ဟုဆိုသည်။

အိုင်အက်စ်တို့ ဓာတုလက်နက်အသုံးပြုသည်ဟူသော သတင်းကို အလေးအနက်ထား စုံစမ်းလျှက်ရှိပြီး ဖြစ်နိုင်ခြေများသည်ဟုလည်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ဘီဘီစီသို့ပြောကြား ခဲ့သည်။

Mustard agent ဟုခေါ်သည့် ဆာလဖာဓာတ်ငွေ့မှာ အရေပြားနှင့် မျက်လုံးများကို အပူလောင်စေပြီး၊ အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်စေသည်ဟု ဆိုသည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ တိုက်ပွဲ၏ အကျိုးဆက်အနေဖြင့် ကာဒစ်တိုခိုက်ရေးသမား ၆၀မှာ အသက်ရှူကျပ်သည့်ဝေဒနာကို ခံစားနေကြရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly