အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကို အောက်တိုဘာ ၁၅ရက်တွင် ကျင်းပပြုလုပ်မည်

အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကို အောက်တိုဘာ ၁၅ရက်တွင် ကျင်းပပြုလုပ်မည်

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ။          ။ အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲ တစ်ခု ဖြစ်သည့် Mrs Elegant Season 7 ကို အောက်တိုဘာ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ့Happy World ကန်တော်မင် ဖျော်ဖြေရေး ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် Mrs Elegant Season 7 သည် ရင်သားကင်ဆာ ကာကွယ်ရေး သတိပေးရေး အနေဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် လျှောက်လွှာများဖြင့်  စတင်လျှောက် ထားနိုင်ပြီဖြစ်သည်။

လာရောက် လျှောက်ထားသည့် ပြိုင်ပွဲဝင်များထဲမှ ဆန်ကာတင် အလှမယ် အယောက် ၂၀ကို ရွေးချယ်သွား မည်ဖြစ်ပြီး ထို ဆန်ကာတင် ရွေးချယ်ခံရသည့် အလှမယ် ၂၀ ကို ပြိုင်ပွဲနှင့်ပတ်သက်သည့် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုဆန်ကာတင် အလှမယ် အယောက် ၂၀ မှ Mrs Elegant Season 7 ကို ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဆန်ကာတင်ငါးဦးကို ရွေးချယ်မည် ဖြစ်ကာ သရဖူစလွယ် နှင့် ဒိုင်းဆုပေးအပ်မည် ဖြစ်သလို့ အမေရိကန် ဒေါ်လာ ၅၀ တန်ဖိုးရှိသည့် မျက်နှာကပ် Facial Mask များ၊ ဘူးများကို လက်ဆောင် ပေးအပ်သွားမည် ဖြစ်သည်။

Style Plus H သင်တန်းကျောင်း အနေဖြင့် နိုင်ငံတကာပွဲများသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အိမ်ထောင်ရှင် မယ်များမှာ ၂၀၁၅ စင်ကာပူ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်အနေဖြင့် စင်ကာပူနိုင်ငံတွင် ကျင်းပသည့်  Jewel Queen ပြိုင်ပွဲသို့လှနုထွန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်ခါတင် ၆ ဦးအထ ိရွေးချယ်ခံခဲ့ရသလို ၂၀၁၆ခုနှစ်၊ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် Mrs Universe ပွဲတွင် လှနုထွန်းက Mrs Universe Myanmar အနေဖြင့် ဝင်ရောင်ယှဉ်ပြိုင်ခဲ့ရာ Solidarity Award ဆုကို ရရှိခဲ့ပသည်။

ထိုအပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အသက် ၄၅နှစ်အထက် ယှဉ်ပြိုင်ကြသည့် Mrs Elite ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အန်တီသင်းသင်းခိုင် ကို ယှဉ်ပြိုင်ရန် ရွေးခြယ် စေလွှတ်ခဲ့ရာတွင် Beauty Mom ဆုကိုရရှိခဲ့သည်။ စင်ကာပူတွင် အသက် ၄၅နှစ်အောက် ယှဉ်ပြိုင်ကြသည့် Mrs International ပွဲကို Australia နိုင်ငံတွင် နေထိုင်သူ မမစိမ်း ယှဉ်ပြိုင်ရန် ရွေးချယ်စေလွှတ်ခဲ့ရာတွင် Royal Mom နှင့် Elegance Mom ဆု နှစ်ဆု ကို ရရှိခဲ့သည်။

၂၀၁၆ ခုနှစ် Happy World တွင် ကျင်းပခဲ့သည့်  Mrs Elegant 2016 အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့်  ပြည့် ကို Mrs Heritage International သွားပြိုင်ရန် ကိုယ်စားပြုရွေးခြယ်စေလွှတ်ခဲ့ရာတွင် ၎င်းသည် မြန်မာနိုင်ငံ အတွက် ပထမဆုံးသော နိုင်ငံတကာ အိမ်ထောင်ရှင်မယ်သရဖူဆုကို ရရှိခဲ့ပါသည်။

ယခုနောက်ဆုံးအနေဖြင့် South Africa နိုင်ငံတွင် ကျင်းပခဲ့သည့် Mrs Universe ပွဲကို ကေခိုင်နှင်း အား ရွေးချယ် စေလွှတ်ခဲ့ရာတွင် Mrs Brilliance ဆုကို ရရှိခဲ့သည့်အပြင် ဆန်ကာတင် ၂၀ အထိ ရွေးချယ်ခံခဲ့ ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly