အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် မီးတောင်ပေါက်ကွဲနိုင်ခြေရှိ၍ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် မီးတောင်ပေါက်ကွဲနိုင်ခြေရှိ၍ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

စက်တင်ဘာ ၂၃ ။             ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က မီးတောင်တစ်ခု လှုပ်ရှားနေခဲ့တာကြောင့် ယခုအခါ ယင်းမီးတောင်အနီးအနားနေ ဒေသခံထောင်ပေါင်းများစွာကို   ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းထားရတယ်ဆိုပြီး တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ဘာလီကျွန်းရှိ အဆိုပါ Agung မီးတောင် ပေါက်ကွဲနိုင်ခြေနဲ့ပတ်သက်လို့လည်း အမြင့်ဆုံး သတိပေးချက် အဆင့် သတ်မှတ်ထုတ်ပြန်ထားပြီး အချိန်မရွေး ပေါက်ကွဲလာနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။

ယခုလက်ရှိအချိန်မှာ အဆိုပါမီးတောင်အနီး ၉ ကီလိုမီတာ အကွာအဝေးဧရိယာအတွင်း ကမ့်ထိုးခြင်း၊ တောင်တက်ခြင်းများကို ရှောင်ကြဉ်ကြဖို့ ခရီးသွားတွေကိုရော၊ ဒေသခံတွေကိုပါ သတိပေးထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

" မီးတောင် လှုပ်ရှားမှုက ဆက် ရှိနေပါတယ်၊ ဒါ့အပြင် ချော်ရည်ဆူပွက်မှုကြောင့် မြေလွှာတုန်ခါမှုတွေ ရှိနေပါတယ်" အမျိုးသား သဘာဝဘေးဒုက္ခ စီမံခန့်ခွဲရေး အေဂျင်စီ အကြီးအကဲ ဆူတိုပို နူဂရိုဟိုက ပြောပါတယ်။

ယခုလက်ရှိအချိန်ထိ လူပေါင်း ၁,၁၀၀၀ နီးပါးထိ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားကြောင်းနဲ့ နောက်ထပ်လည်း ထပ်တိုးလာနိုင်သေးကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly