သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အို ဆေးကုဌာန ဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့်နှင့် တွေ့ဆုံခြင်း အပိုင်း( ၄ )

သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အို ဆေးကုဌာန ဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့်နှင့် တွေ့ဆုံခြင်း အပိုင်း( ၄ )

"အရင်တုန်းကဟာတွေတော့ မှတ်မိတယ်။ ငယ်ငယ်တုန်းကဟာတွေ အခုလောလောဆယ် ပူပူနွေးနွေးတွေ မမှတ်မိတော့ဘူး။ ကိုယ့်အနီးအနားတွေ မမှတ်မိတော့ဘူး။ ဟိုအရင်တုန်းက ကျွန်တော်တို့သိတဲ့ လူကြီးရောဂါ အဲဒါကို သူငယ်ပြန်ရောဂါလို့ ခေါ်ပါတယ်။"

မဇ္ဈိမ - နောက်ဆုံးမေးခွန်းတစ်ခု ဝင်လာတာတွေ့ပါတယ်။ ကျွန်တော်ဖတ်ကြည့်လိုက်တော့ မေးခွန်းက အရမ်းကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်ခင်ဗျာ။ ဆရာကြီးရှင့်တဲ့ ကျွန်မအမေက အသက် ၈၁ နှစ် ရှိပါပြီ။ အခုသူ ဖျားပြီးတော့ ပြန်ကောင်းတဲ့အချိန်မှာ စကားတွေ အများကြီးပြောတယ်။ စားပြီးလည်း မစားရသေးဘူးပြော ထင်ရာတွေ လျှောက်လုပ်နေတယ် ရေကန်ထဲလည်း ဝင်ထိုင်နေတယ်။ အခု သူ့ကို အချိန်ပြည့် စောင့်ကြည့်နေရတယ်။ ပြောပြရင် နားထောင်တယ် လူလစ်တာနဲ့ လျှောက်လုပ်နေတယ်ဆိုတော့ ဒါ ငယ်မူပြန်တဲ့ လက္ခဏာမျိုးလား ဒါကို မေးထားပါတယ်ခင်ဗျာ။

PROF: TWN - ဟုတ်ကဲ့။ အဲဒါကတော့ အရင်တုန်းက သူ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ အခုလက်ရှိ အသစ်ကိုပဲ ယူဆရမယ်ဆိုရင်တော့ ခဏတဖြုတ် ကြောင်တောင်တောင် ဖြစ်တာပေါ့နော်။ ပြောတာမှားမယ်၊ လုပ်တာမှားမယ်၊ ကိုင်တာမှားမယ် စကားပြောတာ များမယ်။ အကုန်လုံးပေါ့။ တခါတလေကျတော့ ကောင်းလိုက် တခါတလေကျတော့ ဆိုးလိုက်ပေါ့။ အဲဒါ အကြမ်းမျဉ်းကတော့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေက အများကြီး။ ကျွန်တော် အတွေ့အကြုံကတော့ ပိုးတွေဝင်တာပေါ့။ အဆုတ်ထဲဝင်တာတို့ နောက်ပြီးတော့ လူကို စောင့်ရှောက်ပေးနေတဲ့ ဆိုဒီယမ်ဓာတ်ပေါ့ လိုအပ်တဲ့ဓါတ်တွေ အနည်းအများပေါ် မူတည်ပြီးတော့ ပြောင်းလဲမှုရှိပါတယ်။ နောက် တစ်ခြားကတော့ သူ ချော်လဲတာလား ခေါင်းထိတာလားပေ့ါ အကုန်လုံးကတော့ အရေးကြီးပါတယ်။ အဲတော့ အရင်က တကယ့်ကို ဒေါင်ဒေါင်မြည်ကောင်းတယ် အကုန်လုံး ကျန်းမာရေး ကိုယ်အရရော ဉာဏ်ပိုင်းအရရော ကောင်းတယ် အခုမှ ပူပူနွေးနွေး စပေါ်လာတယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြပြီးတော့ ကုရမယ်။ ဒါကို သွားပြီးတော့ စိတ်ရောဂါလို့လည်း ပြောလို့မရဘူး။

မဇ္ဈိမ - ဒါဆို ဒီပြဿနာက သက်ကြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ခေါင်းစဉ် တပ်လို့ရလဲ။

PROF: TWN - ခဏတာ အသိလွတ်သွားခြင်းပေါ့။

မဇ္ဈိမ - အဲဒါက လူကြီးတိုင်းမှာ ဖြစ်နိုင်ခြေရှိလား ဆရာ။

PROF: TWN - ရှိနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အများဆုံး ဖြစ်နိုင်တာက ပိန်တယ်။ အင်အားချိနဲ့သွားတယ်။ ခဏတဖြုတ် ကြောင်တယ်။ အသားအရည် ခမ်းခြောက်တာတွေ အဲဒါတွေ အများကြီး ရှိပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါ။ ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ့ မိခင်က ဒီပြဿနာနဲ့ သွားပြီးတော့ တိုက်ဆိုင်တာပေ့ါနော်။ သူက အသက် ၇၀ ရှိပြီ။ ကျွန်တေ်ာတို့ ငယ်ငယ်တုန်းကလည်း သူတို့အိမ်မှာ ကြီးခဲ့တာ ရှိတယ်။ သူကျတော့ ထူးဆန်းတယ်။ ဆရာကြီးပြောသလို ခနကြောင်တာပေါ့နော် သူကျတော့လည်း အဲလိုပဲ အလားတူ ဒါပေမယ့် သူက သူ့ရဲ့ အမျိုးသားတစ်ယောက်တည်းကိုပဲ သူက မှတ်မိတော့တယ်။ တခြားသူတွေကို မမှတ်မိတော့ဘူး။ သူ့အမျိုးသားနဲ့ ပတ်သက်ပြီးတော့ ဟိုငယ်ငယ်က သူတို့ ချိန်းတွေ့တဲ့အကြောင်းကအစ အမြဲတမ်း ပြန်ပြောတယ်။ သူငယ်ချင်းကလည်း ပြန်ပြောပြတယ်။ ကျွန်တော်တို့ သွားလည်တော့လည်း တွေ့ရတယ်။ ဘယ်သူမှ မမှတ်မိတော့ဘူး။ စောင့်တော့ စောင့်ကြည့်နေရတာပေါ့။ ဒါပေမယ့် သူ့အမျိုးသားတစ်ယောက်ကိုပဲ မှတ်မိတယ်။ သူ့အမျိုးသားကလည်း အခုထိ ရှိသေးတယ်။

PROF: TWN - အဲဒါကကျတော့ ကြာသွားပြီပေါ့။ အရင်တုန်းကပေါ့။ ခုနပြောသလိုဆို ဖျားတယ်။ ဖျားပြီးတော့မှ ဖြစ်သွာတယ်။ အဲလိုမျိုး အကြာကြီး ဆက်တိုက်ဖြစ်နေပြီဆိုရင်တော့ သူတို့တွေကတော့ အရင်တုန်းကဟာတွေကိုတော့ မှတ်မိတယ်။ ငယ်ငယ်တုန်းကဟာတွေ အခုလောလောဆယ် ပူပူနွေးနွေးတွေ မမှတ်မိတော့ဘူး။ ကိုယ့်အနီးအနားတွေ မမှတ်မိတော့ဘူး။ အဲဒါက ဒုတိယအမျိုးအစား ကျွန်တော်တို့ပြောတဲ့ သူငယ်ပြန်ရောဂါပေါ့။ ဟိုအရင်တုန်းက ကျွန်တော်တို့သိတဲ့ လူကြီးရောဂါ အဲဒါကို သူငယ်ပြန်ရောဂါလို့ ခေါ်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီအစီအစဉ်ကို တင်ဆက်လာတာလည်း အချိန် ၁ နာရီ ပြည့်ပါပြီခင်ဗျာ။ အဲတော့ နိဂုံးချုပ် ပြောဆိုဆွေးနွေးမှုလေးတွေနဲ့ အဆုံးသတ်ချင်ပါတယ်ခင်ဗျာ။ ဆိုတော့ ဆရာကြီးအနေနဲ့ရော ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။ ကျွန်တော်ကတော့ အရင်ဆုံး ဒီအစီအစဉ်အတွက် တိုက်ရိုက် မေးခွန်းတွေ ဖြေကြားပေးတဲ့အတွက်ကြောင့်မိုလို့ ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ မဇ္ဈိမကနေပြီးတော့ အကျိုးရှိတဲ့အဖြေတွေ ပရိသတ်တွေကို ပေးနိုင်တယ်လို့လည်း ကျွန်တော် ယုံကြည့်ပါတယ်ခင်ဗျာ။

PROF: TWN - ကျွန်တော်အနေနဲ့ ပြည်သူလူထုကို အကြံပေးချင်တာကတော့ အသက်ကြီးလာပြီဆိုရင်တော့ နံပါတ်တစ်က ကိုယ်လက်လေ့ကျင့်ခန်းလည်း လုပ်ပါ။ မှတ်ဉာဏ်အတွက်ကလည်း ဒီလိုပဲ ဆက်ပြီးတော့ ကိုယ်ဝါသနာပါရာ စာပေတွေကို ဆက်ပြီးတော့ လေ့လာပါ။ နောက်ပြီးတော့ ယောဂါကျင့်စဉ်တွေလည်း လုပ်ပါ။ အာဟာရလည်း များများလိုပါတယ်။ အားရှိအောင်ပေါ့ လူတိုင်းကလည်း ကြိုက်ပါတယ်။ အားရှိအောင် အားဆေးတွေ သောက်ချင်လာတယ်။ အားဆေးလည်း အရေးကြီးသလို ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အာဟာရလည်း များများ ပိုစားပေးပါ။ နောက်တစ်ခုက အရိုးခိုင်မာမှုဖြစ်အောင် နို့တွေလည်း ပိုသောက်ပေးပါ။ နောက် အသက်ကြီးလာရင်တော့ အိပ်မပျော်တတ်ဘူးပေါ့။ အိပ်မပျော်တဲ့ဟာကျတော့လည်း ရပါတယ်။ အဲဒါကိုလည်း သိပ်ပြီးတော့ အထူးတလည်း စိုးရိမ်မှု မပြုပါနဲ့။ အိပ်ဆေးတွေလည်း အများကြီး မသောက်ပါနဲ့ပေါ့နော်။ လိုအပ်မှပဲ သောက်ပါ။ ခြုံပြောရရင် လေးကျင့်ခန်းလုပ်ပေးပါ။ အစားအစာ ပိုစားပေးပါ။ နောက်ပြီးတော့ တစ်ခုက ကိုယ့်ရဲ့ မိသားစုမှ အဖိုးကြီးတွေ အဖွားကြီးတွေ ကိုယ့်ရဲ့ အဖေတွေ အမေတွေ အရင်က ပြောသလိုပဲ ပုံမမှန်ဘူးဆိုရင် နီးစပ်ရာ ဆရာဝန်တွေကို အမြန်ဆုံး ပြသပေးပါ။ နောက်တစ်ခုက ပိန်လာတာတော့ လမ်းလျှောက်ရင် ဟိုလဲ ဒီလဲ အဲလိုမျိုးဆိုရင်လည်း ဟာ အရေးမကြီးပါဘူး အသက်ကြီးလို့လဲတာ ဒါ ထုံးစံပဲဆိုပြီးတော့ ပေါ့ပေါ့တန်တန် မတွေးပါနဲ့။ နီးစပ်ရာ ဆရာဝန်တွေကို ပြသပေးပါ။

မဇ္ဈိမ - ဆရာကြီးခင်ဗျာ။ မေးခွန်းတစ်ခုလောက်လေး ကျန်နေသေးလို့ ဒါကလည်း အရေးကြီးတယ်ခင်ဗျ။ ဆရာကြီးခင်ဗျာတဲ့ ကျွန်တော်မှာ ဆီးလမ်းကြောင်းကျဉ်းလို့ ဆေးရုံတက်ပြီး ၂ ခါတောင် ခြစ်ရတယ်။ ခု ဆီးသွားလို့ သိပ်အဆင်မပြေဘူး ဘယ်လိုလုပ်ရမလဲခင်ဗျာတဲ့။

PROF: TWN - ကြည့်ရတာကတော့ ဆီးအကျိတ်ပေါ့နော်။ ဆီးအကျိတ်ဖြစ်လို့ ခြစ်ရတဲ့ပုံပေါ့နော်။ ခြစ်ပေမယ့် အခု ဆီးသွားလို့ အဆင်မပြေဘူးဆိုတာက အဲဒါလည်း ကျွန်တော်ရဲ့ အမြင်အရဆိုရင်တော့ ဆက်ပြီးတော့ ကင်ဆာပြောင်းလဲမှု ဖြစ်နေသလား။ ဆီးလမ်းကြောင်းထဲမှာပဲ ကျောက်တည်နေသလား။ ဆီးလမ်းကြောင်းထဲမှာပဲ ပိုးရှိနေသလား နဂို ခြစ်ထားတဲ့ဟာက ဘယ်လောက် ကောင်းသွားသလဲ နောက် ပြန်ပြီးတော့ ပေါ်လာသလား အဲလိုမျိုး အမျိုးမျိုးပေါ့နော် ဆီးလမ်းကြောင်းဆရာဝန်တွေကတော့ ပိုပြီးတော့ သိနိုင်ပါတယ်။

မဇ္ဈိမ ။    ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ အစီအစဉ်လေးကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။ ဒီအစီအစဉ်ကို ကူညီပံ့ပိုးပေးတဲ့ 4R Consultancy က ရာဘင်ဒြာဂျန်ကတော့ စက်တင်ဘာ ၂၃ ရက်နေ့ စနေနေ့မှာဆိုရင် ပရောဖက်ဆာ သမားတွေကြီး ဦးဘုန်းမြင့် သူကတော့ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန်ကြီး ဖြစ်ပါတယ်။ သူနဲ့ ဒီအစီအစဉ်မှာ ထပ်ပြီးတော့ တွေ့ဆုံပြီးတော့ မေးခွန်းတွေကို ဖြေကြားပေးဖို့ ရှိပါတယ်။ နောက်တစ်ပတ်မှာကျတော့ ပါမောက္ခ ဆရာဝန်ကြီး ဦးနေဝင်းပါ။ သူကတော့ အငြိမ်းစား ဆရာဝန်ကြီးပါ။ အခုတော့ ဗဟိုစည်ဆေးရုံမှာတော့ တာဝန်ထမ်းဆောင်နေပါတယ်။ သူနဲ့က သွေးတိုးရောဂါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပရိသတ်တွေကို ဖြေကြားပေးဖို့လည်း ရှိပါတယ်။ နောက်ထပ်ဆရာဝန်မကြီးကတော့ ဒေါက်တာ သန်းသန်းဆွေဖြစ်ပါတယ်။ နောက်ထပ်သူ ဘာပြောထားလဲဆိုတော့ 4R Health Talk အစီအစဉ်ကနေပြီးတော့ မိဘပြည်သူတွေရဲ့ အထူးသဖြင့် မြန်မာပြည်မှာပေါ့နော် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု စောင့်ရှောက်မှုတွေကို ၂၄ နာရီ တစ်ပတ်လုံး အချိန်ပြည့် ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ သိလိုသမျှတွေကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်ဆိုပြီးတော့ ပြောထားပါတယ်။ သူ့အနေနဲ့ ဒီတိုင်းပြည်ကို ချစ်ပါတယ်။ ဒီအစီအစဉ်မှာလည်း ဒီလိုမျိုး အားဖြည့်ပြီးတော့ ကူညီပေးရတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ ကုန်ကျစရိတ် ကြီးမြင့်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီလိုမျိုး လေလှိုင်းကနေပြီးတော့ မေးခွန်းလေးတွေကို ဖြေကြားပေးရတဲ့အတွက်လည်း အဆင်ပြေတယ်ပေါ့နော်။ အဲတော့ သူ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ 4R Consultancy ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Ravindra Jain ရဲ့ တိုက်ရိုက် ဖုန်းနံပါတ်ကတော့ 09977117140 ကို ဆက်သွယ်ပြီးတော့ မေးမြန်းနိုင်ပါတယ်။ ဒီအစီအစဉ်အတွက် ဆရာဝန်ကြီး ဒေါက်တာ ဂျီအမ်မက်ရော ဆရာဝန်ကြီး ဦးသန်းညွှန့်ကိုရော ကျေးဇူး အထူးတင်ပါတယ်လို့ ပြောကြားသွားပါတယ်။ ဟုတ်ကဲ့ပါ ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်ကို တိုက်ရိုက် မေးခွန်းတွေ မေးမြန်းဖို့ မေးမြန်းတဲ့ ပရိသတ်တွေ မိဘပြည်သူတွေရော အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်အပတ်တွေမှာလည်း ဆရာကြီး ဦးဖုန်းမြင့်၊ ဒေါက်တာနေဝင်းတို့နဲ့အတူ ဒီအစီအစဉ်ကနေ ပြန်လာခဲ့ပါမယ်ခင်ဗျာ။ မဇ္ဈိမရဲ့ 4R Health Talk အစီအစဉ် ပူးပေါင်းထားတဲ့ ကျန်းမာရေးရာ အဖြေရှာကို ကြည့်ရှုကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူး အထူးပဲ တင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ ဒီအစီအစဉ်မှာ တင်ဆက်ပေးတဲ့ အောင်သူရ ဖြစ်ပါတယ်ခင်ဗျာ။

အပိုင်း(၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/32198

အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/32250

အပိုင်း(၃) အားကြည့်ရန်-http://www.mizzimaburmese.com/article/32290

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly