ပါးရိုက်ခဲ့မှုအပေါ် မကျေနပ်၍ ဓါးဖြင့်ခုတ်သတ်သူနှစ်ဦးအား ဖမ်းဆီးရမိ

ပါးရိုက်ခဲ့မှုအပေါ် မကျေနပ်၍ ဓါးဖြင့်ခုတ်သတ်သူနှစ်ဦးအား ဖမ်းဆီးရမိ
ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ။          ။ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပါးရိုက်ခဲ့မှုအပေါ် မကျေနပ်၍ ပါးရိုက်ခဲ့သူအား ဓါးဖြင့် ခုတ်သတ်သူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီ ခွဲခန့်အချိန်တွင် မြောက်ဥက္ကလာမြို့နယ် (၁) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ ဓါးများ ကိုင်ဆောင်လာသည့် လူငယ်များက ဆိုင်အတွင်းသို့ ဓါးဖြင့် ဝင်ခုတ်ခဲ့ခြင်းဖြစ်ပြီး ဓါးဖြင့် အခုတ်ခံရသူ စန်းဝင်းအောင်(၂၈)နှစ်သေဆုံးကာ မင်းသူ (၂၂) နှစ် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဓါးဖြင့် ဝင်ခုတ်သူနှစ်ဦးဖြစ်သည့် ဇေယျကျော် (၂၂)နှစ် နှင့် နေမင်းထက်၊ (၁၄)နှစ်တို့ကို ပြစ်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးရာ စက်တင်ဘာ ၂၀ ရက်နေ့က ပြစ်မှုကျူးလွန်သူ နေမင်းထက်ကို သေဆုံးသူ စန်းဝင်းအောင်က အနိုင်ကျင့်ပါးရိုက်ခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးရရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly