ကလေးငယ်များအား ဘောင်းဘီချွတ်၍ အပြစ်ပေးခဲ့သည့် ဆရာမအား စတင်စစ်ဆေးနေပြီ

ကလေးငယ်များအား ဘောင်းဘီချွတ်၍ အပြစ်ပေးခဲ့သည့် ဆရာမအား စတင်စစ်ဆေးနေပြီ
ဓာတ်ပုံ - Khin Su Su Hlaing ( Facebook)

ရန်ကုန်၊ စက်တင်ဘာလ ၂၃ ။           ။ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကူးတို့ ဆိပ်ကျောင်း၊ ဒုတိယတန်း ကျောင်းသူ၊   ကျောင်းသားလေးများအား ဘောင်းဘီချွတ်အပြစ်ပေးခဲ့သော ဆရာမ အား ခရိုင်ပညာရေးမှူးဦးဆောင်ပြီး ဘုတ်အဖွဲ့ ဖွဲ့ကာ ယနေ့ စတင်စစ်ဆေးနေပြီ ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ်ကျောင်း၊ ဒုတိယတန်း တွင် ကျောင်းသူ၊ ကျောင်းသားလေးများအား စာကျက်မလာ၍ ဆိုကာ ဆရာမက စာသင်ခန်းရှေ့တွင် ဘောင်း ဘီချွတ် အပြစ်ပေးခဲ့ခြင်းဖြစ်ပွားခဲ့သည်။

“ ကိုယ်ကတော့ မနက်ကတော့ ဘုတ်အဖွဲ့ကိုလည်း ဒါကို ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် စစ်ပေးဖို့ သွား ပြောခဲ့ပြီ။ ကိုယ်တို့ အနေနဲ့ကတော့ လုံးဝလက်မခံနိုင်ဘူး ။ အခြေအနေက မနက်က အဲ့ဒီ ဆရာမ ကို မေးတဲ့အခါကျတော့ သူအတန်းထဲရောက်တော့ စာကျက်ခိုင်းထားတာ မကျက်ဘူးတဲ့။ စာရဘူးပေါ့ကွယ် ရှင်းရှင်းပြောရရင်တော့။ အဲ့ဒီတော့ သူက အဲ့ဒီအပြစ်ကိုပေးတယ်ပေါ့။ ဒီတော့ နိုင်ငံတော်က အဲ့ဒီလို လုပ်ခိုင်း လားဆိုတော့ သူက ကြောင်ငမ်ငမ်း လုပ်နေရော” ဟု ရေတာရှည်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် ညပိုင်းမှ စတင်ကာ အဆိုပါ အပြစ်ပေးနေသောပုံများသည်  အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့လာပြီး လူအများက ဝေဖန်ခဲ့ကြသည်။

ယင်းဖြစ်ရပ်သည် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး မဖြစ်သင့်သောကိစ္စဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ဆိုသည်။

“ ဒါက လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အပိုင်းဖြစ်သွားပြီလေ။ အဲ့ဒါမျိုးကို ဆရာမတို့ကို ပညာရေးဌာနက သင်ပေးထားလားလို့ မေးလိုက်တယ်။ ခရိုင်ပညာရေးမှူးကတော့ ဒီလိုအပြစ် ပေးတဲ့ကိစ္စကို တော်တော်လေးကို ဒေါသဖြစ်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး။ ဒါကြီးကတော့ မဖြစ်သင့် မဖြစ် ထိုက်တဲ့ ကိစ္စကြီး ဖြစ်သွားတာပဲ လေ။ ပြီးတော့ ကိုယ်တွေ မြို့နယ်မှာ လာဖြစ်တယ်ဆိုတော့ ကြားလို့လဲ မကောင်းဘူးလေ။ ဒါကြောင့် ပြတ်ပြတ်သားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ ကိုယ်ကတော့ ပြောခဲ့ တယ်”ဟု ဒေါက်တာကျော်ကျော်က ဖြစ်စဉ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ ကလေးငယ်များကို ဘောင်းဘီချွတ်အပြစ်ပေးခဲ့သည့် ဆရာမအား တောင်ငူခရိုင် ပညာ ရေးမှူးဦးဆောင်ပြီး မြို့နယ်ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူး၊ ရေတာရှည်မြို့ပေါ်မှ ကျောင်းအုပ်ကြီး များနှင့် ယင်းကျောင်းမှ ကျောင်းအုပ်ကြီးတို့ ပါဝင်သော ဘုတ်အဖွဲ့ ဖွဲ့ကာ ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly