အင်္ဂလန်လိဂ်ဖလား ဒုတိယအဆင့် ပွဲစဉ်များထွက်ပေါ်လာ

အင်္ဂလန်လိဂ်ဖလား ဒုတိယအဆင့် ပွဲစဉ်များထွက်ပေါ်လာ

သြဂုတ် ၁၄၊ အင်္ဂလန် ။        ။ အင်္ဂလန်လိဂ်ဖလား (ကက်ပီတယ်ဝမ်းဖလား) ဒုတိယအဆင့် ပွဲစဉ်များထွက်ပေါ်လာပြီ ဖြစ်သည်။ ထိုဒုတိယအဆင့် ပွဲစဉ်များတွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၇ သင်းမှ လွဲ၍ ကျန်အသင်းများအားလုံး ပါဝင်လာပြီ ဖြစ်သည်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၇ သင်းမှာ မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ဆောက်သမ်တန်နှင့် ဝက်စ်ဟမ်းအသင်းတို့ဖြစ်သည်။ ချယ်လ်ဆီးနှင့် ထိုအသင်းကြီး ၇ သင်းသည် တတိယအဆင့်ပွဲစဉ်များမှ စတင်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကက်ပီတယ်ဝမ်းဖလားဒုတိယအဆင့် ပွဲစဉ်ပေါင်းမှာ ၂၄ ပွဲဖြစ်ပြီး ထိုပွဲစဉ်များကို သြဂုတ်လ ၂၄ ရက်နေ့တွင် ကစားမည် ဖြစ်သည်။

ကက်ပီတယ်ဝမ်းဖလား ဒုတိယအဆင့် ပွဲစဉ်များမှ ပရီးမီးယားလိဂ်အသင်းများ၏ ပွဲစဉ်များ

ဗီလာ - နော့ကောင်တီ

ခရစ္စတယ်ပဲလေ့စ် - ရှရှုးဘူရီ

ဟက်တာပူးလ် - ဘုန်းမောက်

ဆန်းဒါးလန်း - အိတ်စတာစီးတီး

ဘူရီ - လက်စတာ

ဆွမ်ဆီး - ယော့ခ်စီးတီး

ဘန်စလေ - အဲဗာတန်

နယူးကာဆယ် - နော်သမ်တန်

ဝက်စ်ဘရွန်း - ပေါ့ဗယ်လီ

လူတန် - စတုခ်စီးတီး

ပရက်စတန် - ဝက်ဖို့ဒ်

ရော်သာဟမ် - နောဝှစ်ချ်

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly