ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဓာတ်ပုံဆရာ ၂ ယောက် အာမခံနဲ့ လွတ်မြောက်

ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဓာတ်ပုံဆရာ ၂ ယောက် အာမခံနဲ့ လွတ်မြောက်

ဖမ်းဆီးထားတဲ့ မြန်မာဓာတ်ပုံဆရာနှစ်ယောက်ကို ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာလ ၂၂ ရက်က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဂျာမန်မဂ္ဂဇင်းအတွက် ဓာတ်ပုံသတင်းရိုက်ယူဖို့အတွက် ရောက်ရှိနေတဲ့ ဓာတ်ပုံဆရာ ၂ ယောက်ကို တရားရုံးဆုံးဖြတ်ချက်အရ လွှတ်ပေးလိုက်တယ်လို့ ရှေ့နေ့နဲ့ ရဲက ပြောပါတယ်။

မင်းဇေယျာဦးနဲ့ ခွန်လတ်တို့က စက်တင်ဘာလ ၂၅ ရက်က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုမှာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားတဲ့သူတွေကို ဓာတ်ပုံရိုက်ဖို့ ရောက်ရှိနေခဲ့တာပါ။

သူတို့နှစ်ယောက်ကို သူသျှိုသံသယမှုနဲ့ ဖမ်းဆီးခဲ့တဲ့ စွဲချက်ကို ပယ်ချခဲ့တာ ဖြစ်တယ်လို့ နှစ်ဖက် ရှေ့နေက ပြောပါတယ်။

"သူတို့ အခုတော့ အာမခံနဲ့ လွတ်မြောက်ပါပြီ"လို့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက AFP သို့ ပြောပါတယ်။

ရှေ့နေ့ Jyotirmoy Barua ကတော့  တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အရ သူတို့နှစ်ယောက်လွှတ်တာ သေချာပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူတို့နှစ်ယောက် မြန်မာနိုင်ငံပြန်ဖို့ ကိစ္စကတော့ ရှင်းလင်းစွာ မသိရသေးကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly