သွက်လက်တက်ကြွတဲ့ ဆယ်ကျော်သက်ဖြစ်ဖို့ အချက် (၁၀) ချက်

သွက်လက်တက်ကြွတဲ့ ဆယ်ကျော်သက်ဖြစ်ဖို့ အချက် (၁၀) ချက်

ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လတ်လတ် နေထိုင်ဖို့ အရေးကြီးကြောင်း လူအများစုက သိထားကြပါတယ်။ ဒီလိုနေထိုင်ဖို့အတွက်လည်း အဖြေရှာတတ်ကြပါတယ်။ ဒါပေမယ့် တက်တက်ကြွကြွနေထိုင်ဖို့ကြိုးစားတာက ထင်တာထက် ခက်နိုင်ပါတယ်။ တိုးတက်နေတဲ့ခေတ်မှာ ဖြတ်သန်းနေရသူတွေအတွက် အလုပ်တာဝန်တွေ များပြားလာပြီး နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါတွေကို ကျော်လွှားပြီး တက်ကြွတဲ့လူငယ်ဖြစ်လာစေဖို့ အချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝါသနာပါရာလုပ်ပါ။

လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာ စသည်ဖြင့် ကိုယ်ကြိုက်တဲ့ အားကစားလုပ်ပါ။ ဒါက ကျန်းမာလာဖို့အတွက် စိတ်အားထက်သန်မှုကို ပေးပါတယ်။

၂။ ဘဝပေးအခြေအနေကို ကြည့်ပါ။

အားကစားနည်းလမ်းရွေးချယ်ရာမှာ ကိုယ့်ဝင်ငွေ၊ လုပ်ဆောင်မှုနဲ့ ပေးနိုင်တဲ့အချိန် စတာတွေနဲ့ ကိုက်ညီမှုရှိတာကို ရွေးချယ်သင့်ပါတယ်။

၃။ အနီးအနားက အခွင့်အလမ်းကို အရင် ရှာဖွေပါ။

သင့်အိမ်နီးချင်းမှာ ကျန်းမာရေးလေ့ကျင့်မှုစင်တာ၊ အဖွဲ့၊ သင်တန်း စတာတွေရှိလား ရှာဖွေပါ။ သူတို့နဲ့ ပူးပေါင်းပါ။

၄။ မိတ်ဆွေရှာပါ။

ကိုယ်နဲ့ လေ့ကျင့်ခန်း အတူလုပ်ဖော် တစ်ယောက်ယောက် ရှိနေရင် ပျက်ကွက်ဖို့ (သို့) အရှုံးပေးဖို့ ပိုခက်ခဲပါတယ်။ ဒါက သူငယ်ချင်းသစ်ဖွဲ့ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။

၅။ ရာသီဥတုက ကိုယ့်ဘက်မှာ ရှိပါစေ။

မိုးရွာတဲ့နေ့မျိုးတွေမှာ ဘာလုပ်မှာလဲဆိုတာ အစီအစဉ်ချထားပါ။ ဒီလိုအချိန် အပြင်မှာ လမ်းလျှောက်တာထက်စာရင် မိုးလုံတဲ့နေရာမျိုးမှာ လေ့ကျင့်ခန်းလုပ်တာ ပိုကောင်းတဲ့ အကြံဖြစ်ပါလိမ့်မယ်။

၆။ အားကစားပစ္စည်းဝယ်ပါ။

ခြေနင်းစက်ဘီး ဒါမှမဟုတ် ခုန်ကြိုး ဝယ်တာက ကောင်းတဲ့အကြံပါ။ သင်စိတ်ပါတဲ့အချိန်တိုင်း လွယ်လွယ်ကူကူ လုပ်နိုင်ပါလိမ့်မယ်။

၇။ ပျော်ရွှင်စရာတွေ ဖန်တီးယူပါ။

တက်ကြွဖျတ်လတ်ဖို့ လေ့ကျင့်ခန်းချည်း လုပ်ဖို့မလိုပါဘူး။ ကခုန်တာ ဒါမှမဟုတ် ဘောလုံးကစားတာမျိုးတွေကို အခါအားလျော်စွာ လုပ်နိုင်ပါတယ်။

၈။ အိမ်မှာလည်း တက်ကြွဖျတ်လတ်နေပါစေ။

အိမ်အလုပ်နဲ့ ခြံအလုပ်တွေကလည်း ကယ်လိုရီတွေကို ကောင်းကောင်း လောင်ကျွမ်းနိုင်ပါတယ်။ ထမင်းစားပြီးတာနဲ့ တီဗီကြည့်မယ့်အစား ခွေးကျောင်းတာ အနီးအနားလမ်းလျှောက်တာက အကြံကောင်းပါပဲ။

၉။ တက်နိုင်သလောက် ခန္ဓာကိုယ်ကို လှုပ်ရှားမှု ပြုလုပ်ပါ။

သိပ်မဝေးတဲ့နေရာတွေဆိုရင် ကားနဲ့ သွားမယ့်အစား ခြေလျှင်လျှောက်ပါ။ ဓါတ်လှေကားကို တတ်နိုင်သလောက် မသုံးပါနဲ့။

၁၀။ မိသားစုကို ခေါ်ပါ။

သင့်ချစ်တဲ့သူ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ဆို ပိုကောင်းတဲ့အချိန်တွေ ရရှိစေမှာအမှန်ဖြစ်ပါတယ်။ ခွေးလေးနဲ့ အတူတူလမ်းလျှောက်တာပဲ ဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် လမ်းလျှောက်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။

ဒီအချက်တွေက ကိုယ်ပိုင်လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ်ဆွဲတဲ့နေရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ၊ လေ့ကျင့်ရေးစင်တာတွေသွားဖို့ မလိုပါဘူး။ ကယ်လိုရီတွေလောင်ကျွမ်းဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ လိုတယ်ဆိုတာ သိထားဖို့သာ အရေးကြီးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly