လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်းရှိသည်ဟု မာနေးပြော

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်းရှိသည်ဟု မာနေးပြော

 

စက်တင်ဘာ ၂၂၊ အင်္ဂလန် ။         ။ လီဗာပူးလ်တိုက်စစ်မှူးမာနေးက ၎င်းတို့အသင်းအနေဖြင့် ရာသီအစရလဒ်ဆိုးများကို ချေဖျက်ပြီး ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်စွမ်းရှိသည်ဟုပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းသည် အာဆင်နယ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးသည့်နောက် စက်တင်ဘာလအတွင်း နိုင်ပွဲ မရရှိသေးပေ။ မာနေးမှာလည်း မန်စီးတီးဂိုးသမားအီဒါဆင်၏မျက်နှာကို ကန်ခဲ့မှုကြောင့် ပွဲပယ်ခံထားရဆဲ ဖြစ်သည်။

သို့သော် မာနေးက လီဗာပူးလ်ကစားသမားများမှာ ရလဒ်ဆိုးရွားနေမှုအတွက် စိတ်ပျက်နေခြင်း မရှိဘဲ ယုံကြည်မှု ရှိနေကြကြောင်း ဆိုသည်။

“ရလဒ်ဆိုးတယ်ဆိုတာက ဘောလုံးလောကမှာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကနေ ပြန်လာနိုင်ဖို့ပဲ အရေးကြီးတာပါ။ ကျွန်တော်တို့မှာ တကယ်ကောင်းတဲ့အသင်းတစ်သင်းရှိနေပြီး တကယ်အရည်အချင်းရှိသူတွေကို ပိုင်ဆိုင်ထားလို့ ပြန်လာနိုင်ပါလိမ့်မယ်” ဟု မာနေးက ဆိုသည်။

ကော်တင်ဟိုနှင့်ပတ်သက်၍မူ မာနေးက “ကော်တင်ဟိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်တာက အသင်းအတွက် တကယ်ကို အရေးပါ ပါတယ်။ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးပါ။ သူ့ကို အသင်းမှာ တွေ့နေရလို့ ပျော်ပါတယ်” ဟု ပြောဆိုခဲ့သည်။

မာနေးက ၎င်းတို့အသင်းအနေဖြင့် မည်သည့်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly