ပြောင်းရွှေ့ကြေး ယူရို (၆၂) သန်းဖြင့် အက်သလက်တီကိုအသင်းသို့ ဒီယေဂိုကော်စတာ ပြန်လည်ရောက်ရှိမည်

ပြောင်းရွှေ့ကြေး ယူရို (၆၂) သန်းဖြင့် အက်သလက်တီကိုအသင်းသို့ ဒီယေဂိုကော်စတာ ပြန်လည်ရောက်ရှိမည်
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးအသင်းရဲ့ စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ပြောင်းရွှေ့ကြေး ယူရို ၆၂ သန်းအပြင် အပိုဆုကြေး ၈ သန်းဖြင့် လာမယ့် ဇန်နဝါရီလမှာ အက်သလက်တီကိုအသင်းထံ ပြန်လည်ရောက်ရှိလာလိမ့်ဖြစ်ကြောင်း ကလပ်နှစ်သင်းလုံးက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ကော်စတာဟာ ဇွန်လက ၂၀၁၈ ရုရှားကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့် မက်ဆီဒိုးနီးယားနှင့် ပွဲအပြီးနောက်ပိုင်း ၉၈ ရက်ကြာအထိ ပွဲကစားမထားပါဘူး။

"ချယ်လ်ဆီးဘောလုံးအသင်းဟာ ဒီယေဂိုကော်စတာရဲ့ အပြောင်းအရွှေ့အတွက် အက်သလက်တီကိုအသင်းနှင့် သဘောတူညီခဲ့ပါတယ်။"လို့ လန်ဒန်ကလပ်အသင်းက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်မှာ ဖော်ပြထားပါတယ်။

ကော်စတာဟာ နည်းပြ ကွန်တီနှင့် ပြဿနာဖြစ်ပွားပြီးကတည်းက ချယ်လ်ဆီးအသင်းမှာ လုံးဝပြန်ကစားလိုခြင်း မရှိတော့ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားခဲ့သလို အသင်းပြောင်းရွှေ့ခွင့်ပြုရန်လည်း တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအစောပိုင်းက ချယ်လ်ဆီးနည်းပြ ကွန်တီက ကော်စတာဟာ အနာဂတ် အင်္ဂလန်ကလပ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမှ မဟုတ်တော့ဘဲ အသင်းတစ်သင်းကို ရှာဖွေသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကော်စတာဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း စုစုပေါင်း ၂၃၁ ပွဲကစားပြီး ၁၂၂ ဂိုး သွင်းယူခဲ့ပါတယ်။

ကော်စတာဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၄ ခုနှစ်က ရောက်ရှိခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၂ လုံးအပါအဝင် ဖလား ၃ ရရှိအောင် ကူညီခဲ့ပါတယ်။

ကော်စတာဟာ ၂၀၁၀-၁၄ ခုနှစ်အကြား အက်သလက်တီကိုအသင်းမှာ ပုံမှန်ပွဲထွက် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး သူဟာ ၉၄ ပွဲမှာ ၅၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly