သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အိုဆေးကုဌာန ဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့် နှင့် တွေ့ဆုံခြင်းအပိုင်း( ၃ )

သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အိုဆေးကုဌာန ဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့် နှင့် တွေ့ဆုံခြင်းအပိုင်း( ၃ )

လူတွေထင်တာက အသက်ကြီးလာရင် ဘာမလုပ်ရတော့ဘူး နားနေရမယ်၊ ရောဂါတွေစုံလာရင် နားရမယ်။ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမဲ့ တကယ့်ရာနှုန်းပြည့် မမှန်ပါဘူး။ အသက်ကြီးလာရင် ပိုပြီးတော့ လေ့ကျင့်ခန်းလုပ်ပေးရမယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့။ လေ့ကျင့်ခန်းဆိုတာကလည်း အများကြီးရှိပါတယ်။

မဇ္ဈိမ - ကျွန်တော်ထပ်ပြီးသိချင်တာက ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေးအရပေါ့နော် အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးနိမ့်ကျနေတာ ရှိနေတာပေါ့နော်။ အဲဒါဘာလဲဆိုတော့ ကိုယ့်ရဲ့စားသောက်တဲ့ အစားအသောက် ပုံစံအရရော တိုင်းပြည်အခြေအနေအရရော အများကြီးပါ။ ဟိုအတိတ်က အကြောင်းအရာတွေကြောင့် ဒီလိုမျိုး ဖြစ်နေတာလဲပါတာပေါ့နော်။ သက်ကြီးရွယ်အို ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ၆၅နှစ်ပေါ့နော် အင်္ဂလန်တို့ ဘာတို့မှာက အသက် ၈၀ အနေနှင့်ဆိုရင် သက်ကြီးရွယ်အို စံထားတာပေါ့နော်။ ကျွန်တော်တို့နိုင်ငံမှာ သက်ကြီးရွယ်အိုတွေရဲ့ လူ့ရဲ့ Life Time မှာပေါ့နော် သူဟာ ၆၈ လောက်ကို ခန့်မှန်းပြီးတော့ တွက်ချက်တာပေါ့။ အိမ်နီးချင်း ထိုင်းတို့ ဘာတို့နှင့်နှိုင်းယှဉ်ရင် ကျွန်တော်တို့နိုင်ငံရဲ့လူကြီးရွယ်အို ကျန်းမာရေးတန်ဖိုးအဆင့်က ဘယ်လောက်ထိ ရှိနိုင်မလဲ။ ဘယ်လောက်ထိတိုးတက်အောင် လုပ်ယူဖို့လိုမလဲ။

PROF: TWN - မေလနှင့် သြဂုတ်လတွေထဲမှာ ထိုင်းနိုင်ငံမှာရှိတဲ့ အာဆီယံ Level သက်ကြီးရွယ်အို အစည်းအဝေးကို သွားတက်ခဲ့ပါတယ်။ သူတို့ရဲ့ life expectancy ပေါ့.. လူကြီး အမျိုးသားနဲ့ အမျိုးသမီးက ၇၂ရှိပါတယ်။ ထိုင်းကရှိပါတယ် ၇၀ ~ ၇၂ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတွေထက် အသက်ပိုရှည်တာ ပေါ့နော်။ ပျမ်းမျှအနေနဲ့ပေါ့။ နောက်လူဦးရေ ပမာဏအနေနဲ့ကလည်း ကျွန်တော်တို့မှာ ၂၀၁၂ရဲ့ သန်းခေါင်စာရင်းအရ ၈.၅ % ပေါ့နော်၊ ၁၀၀မှာ ၈.၅က သက်ကြီးရွယ်အိုတွေ ဒါပေမဲ့ ဟိုတလောက သန်းခေါင်စာရင်း ၂၀၁၄ တုန်းကလုပ်တာတော့ ၉% တို့ ၁၀% လောက်ရှိတာပေါ့။ တခြားနိုင်ငံနှင့်ယှဉ်ရင် မိတ်ဆွေဂျပန်ဆရာတွေကို မေးကြည့်တာ ၁၀၀မှာ ၂၀က သက်ကြီးရွယ်အိုဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ ၁၀၀မှာ အလွန်ဆုံး ၉ယောက် ၁၀ယောက်ပဲရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကတော့ လိုနေပါသေးတယ်။

မဇ္ဈိမ - ဘယ်လောက်ထိ လိုနေပါသလဲ။

PROF: TWN  - အဲဒါတွေကတော့ ကျွန်တော်တို့က လိုတာကတော့ အများကြီးရှိပါတယ်။  ကုသရေးဘက် ပရိုမိုးရှင်းဘက် နည်းနည်းစီတော့လိုပါတယ်။ နိုင်ငံတော်အစိုးရက အခုနောက်ပိုင်း သက်ကြီးရွယ်အို ဦးစားပေးလုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ကျွန်တော်တို့ဘက်က အကောင်းမြင်တယ်။ ပိုပြီးတော့ တက်လာမယ်လို့ ယူဆပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၂၀၂၀ကနေ ၂၀၃၀အတွင်းမှာ သူတို့ရဲ့ရည်မှန်းချက်က နံပါတ်တစ် သန်လည်း သန်မာရမယ် ၊ ကျန်းလည်း ကျန်းမာရမယ်။ လုပ်လည်း လုပ်နိုင်ရမယ်၊ ဒါကြောင့်မို့လို့ ကမ္ဘာ့နိုင်ငံအသီးသီးကို တိုက်တွန်းထားပါတယ်။ ၂၀၂၀၊ ၂၀၃၀တွေမှာ ပြီးမြောက်အောင်လုပ်ဖို့အတွက် သူတို့က တိုက်တွန်းနေသလို ကျွန်တော်တို့လည်း နောက်နှစ်ကျရင် ဂျပန်နိုင်ငံအစိုးရ university တက္ကသိုလ် နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ Active & Healthy လေ့လာစစ်တမ်းကို ကောက်ပါမယ်။ တွေ့ရှိချက်အပေါ် မူတည်ပြီး ကျွန်တော်တို့ပြုပြင်ပါမယ်၊

မဇ္ဈိမ - ဟုတ်ကဲ့ခင်ဗျာ ။ တခြားပူးပေါင်းမှုတွေများ ရှိမလား။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လေ။

PROF: TWN - ဟုတ်ကဲ့ ရှိပါတယ်။ ထိုင်းနှင့်ပူးပေါင်းပြီးတော့ သူရဲ့သက်ကြီးရွယ်အို ဗဟုသုတ မြန်မာနိုင်ငံရဲ့ ဗဟုသုတ ဆွေးနွေးပွဲ ၊ ကျွန်တော်ကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ နောက်တစ်ခုက ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ Research အတွက်ပေါ့။  အင်္ဂလန်နဲ့ကတော့ သူတို့က ဘာကူညီပေးမလဲဆိုတော့ Training တွေကို ဘာမင်တန်တက္ကသိုလ်မှာ ၂လစီ ၂လစီပေါ့ မြန်မာပြည်က လွှတ်ပေးပါလို့ ကူညီဖို့ ကမ်းလှမ်းပေးပါတယ်။ စင်ကာပူအစိုးရကတော့ Singpore International ဖောင်ဒေးရှင်းကနေပြီးတော့ သူတို့က လက်ခံပေးမယ်ဆိုရင် ကျွန်တော်တို့ဆီက အဆင်သင့်ဖြစ်နေပြီဆိုရင် တစ်နှစ်တစ်နှစ်ပေါ့နော်၊ သူတို့ရဲ့ စင်ကာပူဒေါက်တာ အထူးကု သက်ကြီးရွယ်အိုအထူးကုဆရာဝန်တွေကို လွှတ်ပြီးတော့  တစ်နှစ်ကိုသုံးခါလောက် လာပြီး Training ပေးမယ်ပေါ့။ မြန်မာဆရာဝန်တွေကို အဲသလိုပေါ့။

မဇ္ဈိမ - သက်ကြီးရွယ်အို ဆေးကုသဌာနအပြင် သက်ကြီးရွယ်အိုဆေးပညာဌာနဆိုပြီးတော့ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ရှိတယ်လို့သိရတယ်။ သူတို့ဘာတွေများ အဓိကလုပ်ရသလဲ။

PROF: TWN - အတူတူပါပဲ ဆေးကုဌာနသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ဆိုင်ပါတယ်။ ဆေးပညာဌာနသည် ဆေးတက္ကသိုလ်(၂)နဲ့ ဆိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဌာနမှာ သင်တန်းသားမရှိသေးတဲ့အတွက် ဆေးပညာဌာနလို့ သုံးလို့မရသေးဘူး။

မဇ္ဈိမ - အဲဒီဌာနမှာ ဘယ်နှစ်ယောက်ရှိသလဲ။

PROF: TWN - ကိုယ့်ရဲ့ဌာနမှာ ကိုယ့်ရဲ့သက်ကြီးရွယ်အို သင်တန်းသားတွေ မွေးထုတ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆေးပညာဌာနပေါ့၊ ၂၀၁၉ခုနှစ်မှာ အကြမ်းဖျင်းဖွင့်လှစ်ပေးပါ့မယ်။ သက်ကြီးရွယ်အို အထူးကုသင်တန်းပေါ့နော်။

မဇ္ဈိမ - ဆရာကြီးပြောသွားတဲ့ဟာမှာ ဒီဆေးကုသဌာနတွေအနေနဲ့ လေဖြတ်တဲ့ရောဂါ ၊ နှလုံး၊ ကျောက်ကပ်ဆိုပြီးတော့ အဓိကကုသရတာပေါ့။ နောက်ပြီးတော့ အသက်ကြီးလာရင်ဖြစ်တတ်တာကတော့ အမြင်အာရုံေ၀ဝါးတာ နားမကြားတာတို့ သူ့ရဲ့သီးသန့် မျက်လုံးအထူးကုဘာတွေတော့ ရှိတာပေါ့။ အကြားအာရုံလည်းရှိပါတယ်။ သူတို့တွေကိုရော သက်ကြီးရွယ်အို ဒါကြီးကိုဘယ်လိုမျိုး စောင့်ရှောက်ပေးရတာတွေရှိသလဲ။ သူတို့တွေကို ဘယ်လိုမျိုးအရေအတွက်တွေရော ဘယ်လောက်များလဲ။

PROF: TWN - သူတို့တွေက များသောအားဖြင့် မျက်စိမှုန်လို့ နားလေးလို့ နားမကောင်းလို့၊ လာပြတာမဟုတ်ပါဘူး။ အခြားရောဂါတွေပေါ့ ခုနကလိုပေါ့ မျက်စိလည်းမှုန်တယ် နှလုံးရောဂါလည်း ရှိတယ်။ လေဖြတ်ရောဂါတွေရှိတယ်၊ ဒူးနာတယ်၊ ခါးကိုက်တယ်၊ အဲသလိုမျိုး လာပြတာများပါတယ်။ အဲလိုမျိုးကျတော့ ဒီဟာကိုဘာဖြစ်လဲဆိုတော့ မျက်စိနားတွေ သူတို့ရဲ့ ကျွန်တော်တို့ဘက်က လေ့လာတာက နည်းနည်းချော်လွဲနေတာပေါ့နော်။ အဲဒါတွေမဖြစ်ရအောင် အထူးဂရုပြုပြီးတော့ တတ်နိုင်သမျှကူညီပေးပါတယ်။ အရမ်းဆိုးမယ်ဆိုရင် ကျွန်တော်တို့ ကုပြီးတာနဲ့ မျက်စိဆရာဝန်တွေ နားဆရာဝန်တွေကို အမြန်ဆုံးလွှဲပေးပါတယ်။

မဇ္ဈိမ - ချော်လဲတာဆိုတော့ အရိုးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးတွေ့ရလဲ။ ဒီဆေးကုသခံယူတဲ့သူတွေ အနေနဲ့သက်ကြီးရွယ်အိုတွေမှာ။

PROF: TWN - သက်ကြီးရွယ်အိုတွေ များသောအားဖြင့် အရိုးနဲ့ပတ်သက်တာက ဒူးနာတာပေါ့နော်။ ဒူးနာတယ် ခါးနာတယ်။ ဒါတွေကသက်ကြီးရွယ်အိုမှာများပါတယ်။ ဒါတွေကအရေးပေါ် မတက်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြင်ပလူနာဌာနလို့ခေါ်ပါတယ်။ ပြင်ပလူနာဌာနမှာ လာပြတာများပါတယ်။ အဲဒါကို ကျွန်တော်တို့တတ်နိုင်သမျှတော့ ဆေးပေးစမ်းသပ် သွေးဖောက်စစ်ဆေး၊ ဓါတ်မှန်ရိုက် ဆေးပေးအဲဒါတွေနဲ့ ရပါတယ်။ ဆေးရုံတက်ရအောင်လောက် ဒီတစ်ခုတည်းနဲ့ လာပြရင်တော့ ဆေးရုံတက်ဖို့ မလိုပါဘူး။

မဇ္ဈိမ - ဒါပေမဲ့ အသက်ကြီးလာတော့လည်း အရိုးကလည်း လူငယ်တွေထက် ပိုပြီးကျိုးလွယ် ပဲ့လွယ်ဖြစ်တာ ပိုများနေတာပေါ့နော်။ အကြံပေးပါလားဆရာကြီး အရိုးနဲ့ပတ်သက်ပြီး အသက်ကြီးလာတယ်ဆိုရင် အဘိုးအဘွားတွေက ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဥပမာ အစားအသောက်ပုံစံအနေကရော ဘယ်လိုလုပ်သင့်လဲပေါ့နော်။

PROF: TWN - နှစ်ခုပေါ့။ နှစ်ပိုင်းပြောရမယ်ဆိုရင် ကျွန်တော်လည်းအရိုးဌာနမှာ သွားပြီးတော့ နည်းနည်းလေးထိတာနဲ့ အရိုးကျိုးတာ။ သက်ကြီးရွယ်အိုတွေမှာ ဖြစ်ပါတယ်၊အဲဒါတွေကို ကျွန်တော်တို့ သွားပြီးတော့ လေ့လာနေပါတယ်။ အဲမှာကျတော့ များသောအားဖြင့် နံပါတ်တစ်က မလဲအောင်လုပ်ရမယ်၊ နံပါတ်နှစ်က လဲရင်လည်းခံနိုင်အောင်အရိုးက ခံနိုင်ရည်ရှိအောင် ခဏကပြောခဲ့သလို ခံနိုင်ရည်ရှိအောင် အရိုးအားဆေး၊ အရိုးပါးသွားတာတော့ ကျိုးလွယ်တယ်။ ကျွန်တော်တို့ရဲ့ အပေါ်ထပ်မှာရှိနေတဲ့ အရိုးဟော်မုန်းဌာနရှိပါတယ်။ သူတို့နှင့်ဆက်သွယ်ပြီးတော့ အရိုးအားဆေးတွေ သက်ကြီးရွယ်အိုတွေမှာ တကယ့်တကယ် အသက်၆၅/ ၇၀တွေ ဘာရောဂါရှိရှိ မရှိရှိ သူတို့တွေဟာ များသောအားဖြင့် အရိုးပါးသွားဖို့ တော်တော်လေးများသွားပါတယ်။ ၉၀ရာခိုင်နှုန်းကတော့ ပါးကိုပါးသွားပါတယ်။

မဇ္ဈိမ - တစ်ချို့ဆေးတွေက ဆရာဝန်တွေရဲ့ ညွှန်ကြားမှုအတိုင်း သောက်သုံးရမှာပေါ့။ ကြိုပြီးတော့ သောက်သုံးသင့်တဲ့သဘောလား။

PROF: TWN - သောက်ရင်တော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ အစာအိမ်ရောဂါမရှိရဘူး ကျောက်ကပ်လည်းကောင်းရမယ်။ အဲသလိုစစ်ဆေးပြီးမှ သောက်လို့ ရမယ်။

မဇ္ဈိမ - ဆေးမသောက်ဘဲနဲ့ အစားအသောက်အနေနဲ့ သက်ကြီးရွယ်အိုတွေ ဒီအရိုးကျန်းမာဖို့အတွက် နွားနို့တော့ ကြားဖူးတာပေါ့နော်။ ကယ်စီယံဓာတ် ကောင်းဖို့အတွက်ပေါ့နော်။ အဲ့သည့်အပြင် တခြားဘယ်လိုအစားအသောက်တွေ စားသုံးသင့်လဲ။ အဲဒါတွေလည်း အကြံပေးပါအုံး။

PROF: TWN - ဟုတ်ပါတယ် နွားနို့လည်း ကောင်းပါတယ်။ ငါးသေးသေးလေးတွေ အရိုးပါတဲ့ ငါးသေးသေးလေးတွေ ပေါင်းပြီးစားတာတွေ အဲဒါတွေလည်းရပါတယ်။ နောက်ပြီး အသည်းတွေမှာလည်း ပါပါတယ်။ တချို့ပဲတွေမှာလည်း ပါပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်အလွယ်ဆုံးကတော့ ကယ်စီယံဓာတ်ပါတဲ့ အားဆေးပေါ့။ ကယ်စီယံနဲ့ ဗီတာမင် ဒီ ပါတယ်။ ကယ်စီယံ နှင့် ဗီတာမင်ဒီကတော့ ညီအစ်ကိုတွေပေါ့နော် သူတို့နှစ်ခုပေါင်းပြီးတော့ စားရင် အရိုးအားပြည့်လာပါမယ်။

မဇ္ဈိမ - ကိုကျော်နိုင်ဆိုတဲ့ အမျိုးသားတစ်ယောက် မေးထားတာကတော့ အသက်ကြီးလာတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုက ဘယ်လောက်ထိ အရေးပါသလဲခင်ဗျာ။ ဆရာကြီးဖြေကြားပေးပါ ဆိုပြီး မေးထားပါတယ်။

PROF: TWN  - ကျေးဇူးတင်ပါတယ်။ Good Questionပါပဲ ကိုကျော်နိုင်။ အရမ်းအရေးကြီးပါတယ်။ အဓိကကတော့ လူတွေထင်တာက အသက်ကြီးလာရင် ဘာမလုပ်ရတော့ဘူး နားနေရမယ်၊ ရောဂါတွေစုံလာရင် နားရမယ်။ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမဲ့ တကယ့်ရာနှုန်းပြည့် မမှန်ပါဘူး။ ထိတာနဲ့ အသက်ကြီးတာနဲ့ နားလေပိုအားရှိလေ အဲဒါကတော့ အယူအဆနည်းနည်း မှားနေလို့ ကျွန်တော်ပြောပါရစေ။ အသက်ကြီးလာရင် ပိုပြီးတော့ လေ့ကျင့်ခန်းလုပ်ပေးရမယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့။ လေ့ကျင့်ခန်းဆိုတာကလည်း အများကြီးရှိပါတယ်။ အားရှိအောင်လုပ်တဲ့ Exercise ရှိတယ်။ ဟန်ချက်ထိန်းတဲ့ Exercise ရှိပါတယ်။အမျိုးမျိုးပေါ့ နှစ်ခုလုံး သူ့ဟာနဲ့သူ ကောင်းပါတယ်၊ အဲသူ့နှစ်ခုလုံးကို နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးရမယ်။ ကောင်းပါတယ်။ နိုင်ငံတော်အစိုးရက ကျွန်တော်ကြော်ငြာထားသလို လမ်းလျှောက်ပါ လေ့ကျင့်ခန်းလုပ်ပါ။ ဘာအကျိုးကျေးဇူးရလဲ အဲဒါတွေကို တင်ပြထားပါတယ်။ အဲဒါတွေလည်း ကောင်းပါတယ်။ တကယ်မှာလည်း အရင်းအနှီးစိုက်စရာမလိုဘဲ အချိန်လည်းမကုန်တဲ့ လူတိုင်းလုပ်နိုင်တဲ့ အဲကောင်လုပ်ခြင်းအားဖြင့်လည်း လမ်းလျှောက်ခြင်းအားဖြင့် ရှိသမျှတစ်ကိုယ်လုံးရဲ့ ရှိသမျှ အရေးကြီး အစိတ်အပိုင်းတွေကို သွေးလျှောက်လည်မှု အာရုံကြောကောင်းစေဖို့ တွန်းအားကောင်းပါတယ်။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးပါ။

မဇ္ဈိမ - လေ့ကျင့်ခန်းထဲမှာမှ လမ်းလျှောက်တာပိုပြီး ထိရောက်ပါတယ်ပေါ့နော်။

PROF: TWN - ပိုပြီးတော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးပေါ့နော်။

မဇ္ဈိမ - အဲလိုလှုပ်ရှားမှု မပြုလုပ်ဘဲနဲ့ ကျွန်တော်တို့ယောဂကျင့်စဉ်လိုမျိုး တရားထိုင်တာမျိုးတို့ကရော သက်ကြီးရွယ်အိုကြီၤးတွေအတွက် သူ့ရဲ့ကျန်းမာရေးအတွက် ပိုပြီးကောင်းအောင် ဘယ်လောက်ထိ အထောက်အကူပြုစေနိုင်သလဲ။

PROF: TWN - အဲဒါကလည်း မဆိုးပါဘူးခင်ဗျာ။ အဲဒါကတော့ balance Exercise ပေါ့နော်၊ တချို့သူတွေ ဟန်ချက်ထိန်းတယ်။

မဇ္ဈိမ - balance Exercise ထဲမှာပါတယ်ပေါ့နော်။

PROF: TWN - သန်မာတဲ့အတွက်ကြောင့်မို့လို့ ဟန်ချက်ထိန်းတာကောင်းပါတယ်။ စိတ်တည်ငြိမ်တာကောင်းတယ်၊ အထူးသဖြင့် ခုဏလို သူငယ်ပြန်တဲ့ရောဂါတွေမှာ မှတ်ဉာဏ်နည်းနည်း ကျလာတဲ့ရောဂတွေကို Music အဲဒါတွေနဲ့ထိန်းတာ ပြီးတော့မှတ်ဉာဏ်နည်းနည်း ပြန်တိုးတက်လာပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ခင်ဗျာ။ နောက်ဆုံးမေးခွန်းလေးကတော့ ကျွန်တော်ပဲ မေးပါ့မယ်။ အသက်တွေကြီးလာပြီး လူတန်းစေ့နေနိုင်အောင် အခုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ သက်တမ်းကလည်း နိုင်ငံတကာယှဉ်ရင် ဥပမာ ထိုင်းနိုင်ငံနဲ့ယှဉ်ရင် ပိုနည်းနေတယ်။ မြန်မာမှာ ၆၈ ထိုင်းမှာ ၇၂ ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ရဲ့ သက်ကြီးကျန်းမာရေးပိုပြီးတော့ ကောင်းလာအောင် သက်ကြီးရွယ်အိုတွေရဲ့ဘ၀ ပိုပြီးတော့ တိုးတက်လာအောင် ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီးတော့ ပြည့်စုံလာအောင် ဘာတွေလုပ်သင့်လဲလို့ ဆရာကြီးရဲ့နိုင်ငံတကာအတွေ့အကြုံအရ ဆရာကြီးအကြံပေးပါခင်ဗျာ။

PROF: TWN - အဲတာတွေလည်း Good Questionပါပဲ။ ကျွန်တော်လည်းအမေရိကန်က အစည်းအဝေးကိုသွားတဲ့အခါမှာ သူတို့ကအဓိကကတော့ နေထိုင်သွားလာမှုအတွက် ခုနကလိုပဲ အဆီအစိမ့် လျှော့စားမယ်၊ အချိုလျှော့စား နောက်ပြီးတော့ ဒီကဆရာကြီးပြောထားသလိုပဲ နဂိုကတည်းက တားထားသလိုပဲ သင့်တော်တဲ့အစားအစာ စား လေ့ကျင့်ခန်းလုပ် အဲဒါတွေလုပ်ပေးရပါတယ်။ နောက်ပြီးတော့ ဟိုနောက်တစ်ခုကတော့ လူကြီးလာရင် အသက်ကြီးလာရင် နားရမယ်လို့မဆိုလိုပါဘူး။ တတ်နိုင်သမျှတော့ လေ့ကျင့်ခန်းလုပ်ပေးရမယ်။   လေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးရမယ်။ နောက်တစ်ခုက ပိုပြီးတော့စားရမယ်၊ ငါကတော့ဘာမှလုပ်စရာ မရှိဘူး။ အစားအသောက်မလိုဘူး။ အဲလိုလည်း မထင်ပါနဲ့ ပိုလိုပါတယ်။ လူငယ်တွေနဲ့စာရင် လူကြီးတွေက အသားဓာတ်က ပိုစားဖို့လိုပါတယ်။ ကျန်းမာရေး ဗဟုသုတရှိအောင်လည်း အမြဲတမ်းလုပ်ပေးရမယ်။ တစ်ချို့ကလည်း ငါကအသက်ကြီးပြီ ဘာမှစာဖတ်ဖို့ မလိုဘူးလို့ မထင်ပါနဲ့။ ကိုယ်ဘာဝါသနာပါလည်း စာဖတ် ဘာသာရေးဆိုလည်းဆိုလည်း စာဖတ်ပေါ့။ ကိုယ့်ရဲ့ယောဂကျင့်စဉ်လည်း ကောင်းပါတယ်။ ကိုယ်ရောစိတ်ရော တက်ကြွစေပါတယ်။

အပိုင်း (၄) ဆက်လက်တင်ဆက်ပေးပါမည်…

အပိုင်း(၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/32198

အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/32250

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly