ဂန္ဓမာပန်းစိုက်ပျိုးခြင်း အပိုင်း(၁)

21 September 2017
ဂန္ဓမာပန်းစိုက်ပျိုးခြင်း အပိုင်း(၁)

ဂန္ဓမာပန်းတွေကတော့ အမျိုးမျိုးရှိကြပါတယ်၊ သက်တမ်းပေါ်မူတည်ပြီးတော့ သက်လျင်မျိုး၊ သက်လတ်မျိုး၊ သက်ကြီးမျိုးဆိုပြီး ခွဲခြားနိုင်ပါတယ်။ သက်လျင်မျိုးကတော့ နှစ်လခွဲ၊ သက်လတ်မျိုးကတော့ သုံးလသက်တမ်း၊ သက်ကြီးမျိုးကတော့ လေးလမှ လေးလခွဲထိ ရှိကြပါတယ်။ 

ဂန္ဓမာပန်းများကို စိုက်ပျိုးရာမှာတော့ ပျိုးကိုင်များကိုသာ စိုက်ပျိုးရတာဖြစ်ပါတယ်။ စိုက်ပျိုးမယ်က မြေကိုတော့ အကျယ်နှစ်ပေရှိတဲ့ ဘောင်များကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။   ဘောင်ပေါ်မှာတော့   မြေဆွေး၊ နွားခြေး၊ ကြက်ချေးစတာတွေကို မြေနဲ့သမအောင်ရေမွှေပေးရမှာ ဖြစ်ပါတယ်

ရေဝပ်တဲ့ နေရာတွေမှာတော့ စိုက်ဘောင်တွေနဲ့ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

စိုက်ပျိုးမယ့် ပျိုးကိုင်းလေးတွေကိုတော့ အရိပ်ထဲမှာ ထားပေးရမှာဖြစ်ပါတယ်။ နံနက်ပိုင်း နေရောင်ခြည်ကို ပြပြီးတော့ နေခင်းပိုင်းနဲ့ ညနေပိုင်းတွေမှာတော့ အရိပ်လုပ်ပေးထားရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly