သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

ရေးသားသူ Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ကလေးတွေမှာ စိတ်တိုခြင်းဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကနေ စပြီး ကျန်းမာရေးအခြေအနေတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ အကြောင်းရင်းများစွာ ကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသကြီးခြင်းကို သေချာစွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အခြေခံအကြောင်းရင်းကို သိဖို့လိုအပ်ပါယတ်။ ဒီဆောင်းပါးမှာတော့ ကလေးငယ်တွေမှာ ဒေါသကြီးခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေနဲ့ သူတို့ကို ကူညီဖို့ သင်ဘာလုပ်သင့်သလဲဆိုတာတွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ဒေါသကြီးခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းများ

    စိတ်ပိုင်းဆိုင်ရာ ရောဂါများ

စိတ်ရောဂါရှိတဲ့ ကလေးတွေဟာ စိတ်တိုလွယ်ကြပြီး ဆုံးဖြတ်ချက်မြန်ကြပါယတ်။ တစ်ခါတရံမှာတော့ သူတို့ဟာ စိတ်ကျတတ်ပြီး စိတ်တိုတတ်ပါတယ်။

    စိတ်ကစဉ့်ကလျားရောဂါ

စိတ်ကစဉ့်ကလျားရောဂါ ရှိတဲ့ ကလေးငယ်တွေဟာ လူတွေပေါ် ယုံကြည်မှုကင်းမဲ့ပြီး ပတ်ဝန်းကျင်ကို သံသယများတတ်ပါတယ်။ သူတို့ရဲ့ ဒေါသဟာ ကြောက်စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။

    အပြုအမူဆိုင်ရာ ပြဿနာ

စိတ်တိုခြင်းဟာ ဒီရောဂါရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ ပြဿနာ ရှိတဲ့ ကလေးငယ်တွေဟာ သူတို့လုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သေချာပေါက် သိပေမယ့် မဖြစ်ဖြစ်အောင် တမင်လုပ်လိုက်တာပဲဖြစ်ပါတယ်။

    ဦးနှောက်ပျက်စီးခြင်း (သို့) အခြား ထိခိုက် ဒဏ်ရာရခြင်း

ဦးနှောက်အရှေ့ပိုင်းအခြမ်းကို ထိခိုက်မိခြင်း (သို့) အတက်ရောဂါဟာ စိတ်တိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုတေသီတွေက ဒီလိုအခြေအနေမှာ ဘာကြောင့် စိတ်တိုလာလဲဆိုတာကိုတော့ ပြောနိုင်ခြင်း မရှိပါဘူး။ကလေးငယ်တွေမှာ ဒေါသကြီးခြင်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းများ

သူတို့ရဲ့ အပြုအမူဟာ လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာကို သူတို့ဒေါသထွက်လာတဲ့အချိန်မှာ ကလေးငယ်ကို သိပါစေ။ တကယ်လို့ သူတို့ဟာ အခြားကလေးကို ထိခိုက်စေမယ်ဆိုရင် သင်ဟာ သင့်ကလေးငယ်ကို အခြားကလေးနဲ့ ဝေးရာကို ခေါ်သွားသင့်ပါတယ်။ သူတို့ကို စိတ်ပြေသွားအောင် ကူညီပေးသင့်ပြီး လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ထားသင့်ပါတယ်။ ဒီလိုအခြေအနေတွေက ကလေးကို ဖယ်ထုတ်လိုက်ခြင်းဟာ သူတို့ကို သူတို့ရဲ့ ဒေါသကြောင့် အခြားကလေးတွေနဲ့ ဆော့တဲ့အချိန်တွေကို သတိရစေပြီး နားလည်မှာဖြစ်ပါတယ်။

    သင့်ကိုယ်သင် တည်ငြိမ်အောင် နေပါ။

ဒီအခြေအနေကြောင့် ဘယ်လိုခံစားရလဲဆိုတာ သိစေဖို့ သင့်ကလေးကို ရိုက်ဖို့၊ အော်ဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးငယ်ကို အကြမ်းဖက်ဆုံးမခြင်းဟာ ဒီလိုအကြမ်းဖက်မှုလုပ်ခြင်းဟာ ပုံမှန်ဖြစ်တယ်လို့ သင့်ကလေးကို သင်ပေးလိုက်သလို ဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ် သင့်ဂရုစိုက်မှုကို ရရှိစေဖို့ ဒေါသထွက်ပြတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

    စည်းကမ်းအတိုင်း ဆောင်ရွက်ပါ။

သင့်ကလေး ဒေါသထွက်ခြင်းကို ပုံမှန်အတိုင်း ဆုံးမခြင်းဟာ သူတို့ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်စေမှာပါ။ သင်တို့နှစ်ဦး ဆော့ကစားနေစဉ်မှာ စည်းကမ်းတွေကို လျှော့ပေါ့မပေးသင့်ပါဘူး။ ဒီလိုဆိုရင် သူတို့က ကစားနေစဉ် (သို့) လူတွေ ပျော်နေစဉ်အချိန်မှာ ဒေါသထွက်နိုင်တယ်လို့ ထင်သွားနိုင်ပါတယ်။

    သင့်ကလေးငယ်ကို တာဝန်ယူမှု ရှိပါစေ။

တကယ်လို့သင့်ကလေးဟာ အခြားကလေးတစ်ယောက်ရဲ့ အရုပ် (သို့) ဂိမ်းကို ဖျက်ဆီးလိုက်တယ်ဆိုရင် သူ့ကို ပြန်ထားဖို့ (သို့) ပြန်ပြင်ဆင်ပေးဖို့ စေခိုင်းသင့်ပါတယ်။ ဒါဟာ သင်က သူ့ကို အပြစ်ပေးခြင်း မဟုတ်ပဲ အရွယ်ရောက်တဲ့ သူတွေ အမှားပြုလုပ်မိတဲ့အခါ ပြင်ဆင်တဲ့ပုံစံသာ ဖြစ်တယ်ဆိုတာ သူသိပါစေ။ သင့်ကလေးကို တောင်းပန်စကားဆိုတတ်စေဖို့ သင်ကြားပေးသင့်ပြီး ထိခိုက်သွားတဲ့သူတွေရဲ့ ခံစားချက်တွေကို နားလည်ခံစားဖို့လည်း သင်ပေးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly