ရီးယဲလ်အသင်းနှင့်ဘန်ဇီမာတို့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိ

ရီးယဲလ်အသင်းနှင့်ဘန်ဇီမာတို့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိ

စက်တင်ဘာ ၂၁၊ စပိန် ။         ။ ရီးယဲလ်အသင်းသည် ၎င်းတို့၏ အဓိကတိုက်စစ်မှူး ဘန်ဇီမာကို ၂၀၂၁ ခုနှစ်အထိ လေးနှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

စာချုပ်သစ်အရ ဘန်ဇီမာသည် တစ်နှစ်လစာငွေ ယူရို ၇.၅ သန်းရရှိမည်ဖြစ်သည်။ အခြားအသင်းများအနေဖြင့် ၎င်းအားခေါ်ယူလိုပါက လျော်ကြေးငွေ ယူရို ၁ ဘီလီယံ ပေးချေရမည်ဆိုသော အချက်ကိုလည်း စာချုပ်သစ်တွင် ထည့်သွင်းချုပ်ဆိုမည် ဖြစ်သည်။

ရီးယဲလ်အသင်းသည် နည်းပြဇီဒန်းကို စာချုပ်သစ်ချုပ်ဆိုထားသလို အစ္စကို၊ မာဆယ်လိုနှင့် ကာဗာဂျယ်တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုထားသည်။ ဘန်ဇီမာမှာ ယခုနှစ်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုသည့် လေးယောက်မြောက် ကစားသမားဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိဘန်ဇီမာသည် ၂၀၀၉ ခုနှစ်က လိုင်ယွန်မှ ရီးယဲလ်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ပွဲပေါင်း ၃၇၁ ပွဲ ကစားထားပြီး ၁၈၁ ဂိုးသွင်းယူပေးထားသည်။  ရီးယဲလ်တွင် ချန်ပီယံလိဂ်ဖလား ၃ လုံးနှင့် လာလီဂါဖလား ၂ လုံးအပါအဝင် ဆုဖလားပေါင်း ၁၄ ခု အထိ ရရှိထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly