နေမာနှင့်မပြေလည်သည့် ကာဗာနီကို ချယ်လ်ဆီး၊ နာပိုလီနှင့် အဲဗာတန်တို့ ခေါ်ယူလိုနေ

နေမာနှင့်မပြေလည်သည့် ကာဗာနီကို ချယ်လ်ဆီး၊ နာပိုလီနှင့် အဲဗာတန်တို့ ခေါ်ယူလိုနေ

စက်တင်ဘာ ၂၁၊ အင်္ဂလန် ။             ။ နေမာနှင့်ပြဿနာဖြစ်ပွားခဲ့ပြီး ပီအက်စ်ဂျီအသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်လာသည့် ဥရုဂွေးတိုက်စစ်မှူးကာဗာနီကို ၎င်း၏အသင်းဟောင်းနာပိုလီအပါအဝင် ချယ်လ်ဆီးနှင့် အဲဗာတန်တို့က ခေါ်ယူရန် အလိုရှိနေကြသည်။

လိုင်ယွန်နှင့်ပွဲတွင် ကာဗာနီသည် နေမာနှင့် ပင်နယ်တီကန်ရန် အငြင်းပွားခဲ့ရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကာဗာနီဘက်က နေမာနှင့် မည်သည့်ပြဿနာမှ မရှိကြောင်း ပြောဆိုထားသော်လည်း   နေမာဘက်က ကာဗာနီနှင့်အတူ တွဲဖက်ကစားရန် အဆင်မပြေတော့ ကြောင်း ပီအက်စ်ဂျီအသင်းပိုင်ရှင်ထံ အကြောင်းကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ပီအက်စ်ဂျီအသင်းဘက်ကမူ ၎င်းတို့၏ ကြယ်ပွင့်နှစ်ဦးကြားတွင် ပြဿနာများ ပြေလည်သွားရန်ကိုသာ အလိုရှိနေသည်။ ပီအက်စ်ဂျီအသင်းပိုင်ရှင်အယ်ခီလာဖီကမူ   နေမာနှင့်ကာဗာနီတို့၏   နှစ်ဦးကြားတွင် ပြဿနာမရှိတော့ကြောင်းဆိုခဲ့ပြီး မီဒီယာများကသာ ပြဿနာကို ဖန်တီးနေကြခြင်းဟု ပြောဆိုထားသည်။

ကာဗာနီကို နာပိုလီ၊ ချယ်လ်ဆီးနှင့် အဲဗာတန်တို့က စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်လာသကဲ့သို့ အင်တာမီလန်၊ အေစီမီလန်နှင့် ဒေါ့တ်မွန်အသင်းတို့ကလည်း   စောင့်ကြည့်လျက်ရှိနေကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly