ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းများမှ သက်သာဆိုင်ခန်းများ ယခုနှစ်ကုန်တွင်ဖယ်ရှားပေးရမည်

ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းများမှ သက်သာဆိုင်ခန်းများ ယခုနှစ်ကုန်တွင်ဖယ်ရှားပေးရမည်
ဓာတ်ပုံ-သူရ
 

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  စာသင်ကျောင်းများမှ သက်သာဆိုင်ခန်းများကို ယခုစာသင်နှစ်( ၂၀၁၈) ခုနှစ် မတ်လအကုန်တွင် အပြီးဖယ်ရှားနိုင်ရန် ကြိုးစားနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လွှတ်တော်၌ ပြောဆိုလိုက်သည်။

"၂၀၁၈ ခုနှစ် မတ်လအကုန်မှာ ဆိုင်ခန်းအားလုံး ပြောင်းရွေ့နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အပြောင်းအရွှေ့ကိစ္စများဟာ ခက်ခဲမှု ရှိပါတယ်၊ ပြီးတော့ တစ်ချို့ဆိုင်ခန်းများတွင်   ကျောင်းသား ကျောင်းသူများ ရှိနေတာကြောင့် ဒီနှစ် ကျောင်းဖွင့်ရာသီအကုန် ၂၀၁၈ ခုနှစ် မတ်လအကုန်တွင် ဆိုင်ခန်းအားလုံး ပြောင်းရွေ့ကြရမှာ ဖြစ်ပါတယ်" ဟု ဦးနိုင်ငံလင်းက ဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ခုနစ်ရက်မြောက်နေ့တွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၏  အခြေခံပညာကျောင်းတွေရှိ ကျူးကျော်အိမ်များနှင့် ကျူးကျော်ဆိုင်ခန်းတွေကို ဖယ်ရှားပေးရန် ရှိ/မရှိ မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျောင်းမဖွင့်မီကာလအတွင်း ဖျက်သိမ်းရန်ကျန်ရှိနေသည့် အခန်းများကို ၁၉၅၅ခုနှစ် အစိုးရ၏ အိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေနှင့် ဆောင်ရွက်ရန် တိုင်းပညာရေးမှူးရုံးကို အကြောင်းကြားထားသည်ဟု ဦးနိုင်ငံလင်း၏ ဖြေဆိုချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly