ဆောင်းဦးလှိုင် One Man Show အတွက် စင်ကာပူဒေါ်လာ ၃၀ ဖြင့် လက်မှတ်များ ရောင်းချ

ဆောင်းဦးလှိုင် One Man Show အတွက် စင်ကာပူဒေါ်လာ ၃၀ ဖြင့် လက်မှတ်များ ရောင်းချ
ဓာတ်ပုံ-ဆောင်ဦးလှိုင်ဖေ့ဘုတ်

စက်တင်ဘာ ၂၀ ။        ။ လာမည့် အောက်တိုဘာလ ၁ရက်၊ စင်ကာပူတွင် ကျင်းပမည့် ဆောင်းဦးလှိုင် တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲအတွက် လက်မှတ်တစ်စောင်လျှင် စင်ကာပူဒေါ်လာ ၃၀ သတ်မှတ်ထားပြီး Futsing Association Building, 2 Allenby Road, Singapore 209973 မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပွဲအတွက် လက်မှတ်ရောင်းချခြင်းကို စလုံးပေ့ချ်ကနေ ကြေညာထားပြီးတော့ ဆောင်းဦးလှိုင်ရဲ့ ဖေ့ဘွတ်ခ်မှာလည်း ပြီးခဲ့တဲ့ ၃ ရက်ခန့်က ရေးသားထားပါတယ်။

“ အောက်တိုဘာ ၁ ရက်နေ့၊ နောက် ၂ ပတ်အကြာမှာ တွေ့ကြမယ်ဗျာ။ လာခဲ့ကြပါ။ သီချင်း(၃၅)ပုဒ် ဆိုဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီလို့ ။ အားလုံးကို အသိပေးလိုက်ပါတယ်ခင်ဗျာ” လို့ ဆောင်းဦးလှိုင်က ရေးသားထားပါတယ်။

ဒါ့အပြင် တိုင်ရေးပြည်ရေးအခက်အခဲများကြားမှ ပွဲအကြောင်း နေ့စဉ်မကြေညာတော့ပါလို့ ဆောင်းဦးလှိုင်က ပြောထားပါသေးတယ်။

“ တိုင်းရေးပြည်ရေးအခက်အခဲဒုက္ခတွေကြား ကျွန်တော့်ပွဲအကြောင်းပဲ နေ့စဉ်ရေးသားကြော်ငြာနေရအောင် ကျွန်တော် အတ္တမကြီးပါ။ ကျွန်တော့စိတ်နဲ့ နှလုံးသားက ခွင့်မပြုပါ” လို့ သူက ဆိုပါတယ်။

စင်ကာပူက ပရိသတ်တွေရဲ့ အားပေးမှုကို အံ့သြယူရတယ်လို့ သူက ပြောသွားပါတယ်။

ပွဲလက်မှတ်တွေကိုတော့ https://www.eventnook.com/event/raysofmusic/home မှာလည်း ဝယ်ယူနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly