နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်းပြောစဉ် မီးပျက်သွားသည့်ကိစ္စအပေါ် ပုသိမ်လျှပ်စစ်ဌာနမှ ပြသမည်ကို မသိရှိဟု ပြောဆို

နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်းပြောစဉ် မီးပျက်သွားသည့်ကိစ္စအပေါ် ပုသိမ်လျှပ်စစ်ဌာနမှ ပြသမည်ကို မသိရှိဟု ပြောဆို

စက်တင်ဘာ ၂၀ ။           ။ နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်းပြောစဉ် မီးပျက်သွားသည့်ကိစ္စအပေါ် လျှပ်စစ်ဌာနတာဝန်ရှိသူများအား အရေးယူမည်ဟု လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယနေ့ ပြောခဲ့ပြီး လျှပ်စစ်ဌာနမှ ၎င်းတို့အနေဖြင့် LED Board တွင် ပြသမည်ကို သိရှိခြင်း မရှိကြောင်း ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နိုင်ငံတေ်ာ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ နှင့် နိုင်ငံသို့ နိုင်ငံအခြေပြမိန့်ခွန်းပြောကြားနေမှုအား ပုသိမ်မြို့တော်ခန်းမရှေ့ LED Board တွင် ပြသနေစဉ် LED Board လိုင်းနှင့်  ဆက်နေသောနေရာတွင် မီးကြိုးနေရာမှ ထရန်စဖော်မာတစ်လုံးဆောက်ရန် မလွတ်သော သစ်ပင်ကို ကြိုးဆိုင်းခုတ်ရာမှ လျှပ်စ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"မီးစက်ဘာညာ ချထားတာလည်း မရှိဘူး။  ကမ်းနားမှာ LED Board ပြမှာလည်း မသိဘူး။ ဦးထွန်းထွန်းကျော်တို့က အကူအညီတောင်းလို့ ခိုင်းလိုက်တာပါ ။ မလွတ်လို့ ပိတ်လိုက်တာပါ ။ ချက်ခြင်းပြန်တင်ခိုင်းလိုက်တာပါ ။ တခြားဘာမှ မရှိပါဘူး”ဟု ပုသိမ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင်အောင်မိုးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံအခြေပြ မိန့်ခွန်းပြောကြားနေမှုအား  ပြသနေစဉ် လျှပ်စစ်မီးပြတ်တောက်မှု နှင့်ပတ်သက်ပြီး ပုသိမ်မြို့နယ်၊ လျှပ်စစ်ဌာနတာဝန်ရှိသူများအား စစ်ဆေးပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ အတိုင်းအရေးယူဆောင်ရွက်သွားမည်ဟု လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

"နိုင်ငံအတွက် အရေးကြီးမိန့်ခွန်းပြောနေတဲ့ အချိန်မှာဖြစ်သွားတာ မဖြစ်သင့်တဲ့ ကိစ္စ ။ အဲဒါကြောင့် တိုင်းလျှပ်စစ်က ဒီနေ့ပဲ စီစစ်နေပါတယ်။ ဗိုက်ကာ ပွိုင့်၂လိုင်းကိုပိတ်တာ အထက်ညွန်ကြားချက်မရှိဘဲ ပိတ်တာ။ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူဆောင်ရွက်သွားမှာ ပါ။ အဓိကအရေးကြီးတာဖြစ်သွားပါစေဆိုတဲ့ရည်ရွယ်ချက် မရှိတာတွေ့ရပါတယ်၊ ဒါပေမယ့် မီးပိတ်တဲ့ကိစ္စ မှာ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ် ။ တိုင်းလျှပ်စစ်က စိစစ်နေပါတယ်”ဟု လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

အဆိုပါနေရာရှိ EPC သစ်ပင်ခုတ်ရာအနီးရှိ  လိုင်းနှင့် LED Board ဖြင့်ပြသည် လိုင်းတစ်ခုတည်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းပြီးဆုံးချိန်တွင်  လျှပ်စစ်မီးပြန်လည်ရရှိခဲ့ပြီး ယင်းမိန့်ခွန်းအား တိုင်းဝန်ကြီးများနှင့် ပြည်သူများ လာရောက်ကြည့်ရှူနေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly