သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အို ဆေးကုဌာနဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့် နှင့် တွေ့ဆုံခြင်းအပိုင်း( ၂ )

သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အို ဆေးကုဌာနဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့် နှင့် တွေ့ဆုံခြင်းအပိုင်း( ၂ )

ဒီနေ့မှာတော့ သက်ကြီးရွယ်အို ပြဿနာတွေကို ဖြေရှာဖို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သက်ကြီးရွယ်အို ဆေးကုဌာန ပါမောက္ခဌာနမှူး ဦးသန်းဝင်းညွှန့် ကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။

မဇ္ဈိမ ။     ။ ပရိသတ်တွေကနေ တိုက်ရိုက်မေးထားတဲ့ မေးခွန်းတွေရောက်လာပါပြီ။ ကျွန်တော်ပထမဆုံး မေးခွန်းတစ်ခုကို မေးလိုက်ပါမယ်။ မေးထားတဲ့သူကတော့ သူ့အမေက AFP 1000 ဖြစ်လို့ TACE ကို ၃လပိုင်းမှာ လုပ်ခဲ့ပါတယ်။ အဲ့ကနေ တဖြေးဖြေးအစာစားပြီးရင် အသည်းနေရာကနေ ဆွဲဆုပ်ထားသလို ဖြစ်ပါတယ်။ အသည်းအားဆေးတွေလည်း သောက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွန်းမေးလာပါတယ်ခင်ဗျာ။

PROF: TWN - မေးထားသူရဲ့အမေက အသက်ဘယ်လောက်ရှိပြီလဲ ကျွန်တော်ဒီမှာမရေးထားတဲ့အတွက် မသိပါဘူး။ ဒီမှာကတော့ ရေးထားတာက AFP ဆိုတာက အသည်းကင်ဆာသမားတွေမှာ   ဖြစ်တဲ့ ဓာတ်ပစ္စည်း တက်တယ်။ ၁၀၀၀ကျော်တက်တာလည်း ပါနေတယ်။ အဲ့ဒီအတွက်ကို အသည်းရောဂါဆရာဝန်က အသည်းရောဂါကိုကုတဲ့ဆရာဝန်ကနေပြီးတော့မှ TACE ဆိုတာ အသည်းကိုသွားတဲ့သွေးကြောပိတ်တဲ့သဘောပဲ ၃လပိုင်းမှာ လုပ်ခဲ့တာပဲ။ အဲဒါကိုသူက ရေးထားပါတယ်။ အသည်းအားဆေးလည်း သောက်တယ် အခုတော့ဘာဖြစ်လဲ အင်္ဂလိပ်ဆေးဖြတ်ပြီး  မြန်မာတိုင်းရင်းဆေး၁လခွဲ သောက်ရာကနေ မသက်သာဘဲ ပိုဆိုးလာသလို အင်္ဂလိပ်ဆေးပြန်သုံးပြီး ရန်ကုန်မှာ TACE ကို ၂ကြိမ်ပြန်လုပ်နေပါတယ်  မေးခွန်းတွေရှိနေပါသေးတယ်။

မဇ္ဈိမ - သူကအင်္ဂလိပ်ဆေးကို ခုနကပြောသွားတဲ့ ဆေးသုံးတာက အင်္ဂလိပ်ဆေးကိုဖြတ်လိုက်ပြီး မြန်မာတိုင်းရင်းဆေးကို ဆက်သောက်တာ တစ်လခွဲ ရှိပြီ။ မသက်သာဘူးဆိုတော့ အင်္ဂလိပ်ဆေးကို ပြန်ပြီးတော့သောက်ရမလားဆိုပြီးတော့ ပြောထားပါတယ်။ ဆေးဖြန်းပြီးတော့ တစ်လအလိုမှာလည်း အသက်ဆုံးရှုံးသွားရတယ်လို့လည်း ပြောထားပါတယ်ဆရာကြီး။ မေးတာတော့ တော်တော်ရှည်ပါတယ်။ အဲဒါက ဘာကြောင့်ဖြစ်တာလဲ မေးထားတာနဲ့ တူပါတယ်။

PROF: TWN - အဲ့တာကလည်း ဒီထဲမှာသူမေးခွန်းရှည် မေးထားသလိုပဲ HCC ဆိုတာ အသည်းကင်ဆာပေါ့နော်။ အသည်းကင်ဆာဖြစ်ထားတယ် အသည်းကင်ဆာကုထုံးကလည်း အင်္ဂလိပ်ကုထုံးကလည်း အသည်းကင်ဆာတွေ မပြန့်ပွားဖို့အတွက်ကတော့ ဆေးဖြန်းပေးရပါတယ်။ သည်နေရာမှာ ကံကောင်းထောက်မစွာနှင့် ကင်ဆာအထူးကုကြီးလည်းရှိနေတယ်။ အထူးကုကြီးကိုလည်း ဆက်ပြီးမေးလို့ရပါသေးတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ .. နောက်တစ်ယောက် မေးထားတာကတော့ မောင်သုခဆိုသူက သူ့အဖေက လေငန်းဖြတ်ထားပါတယ်။ ခုချိန်ထိ အမြဲတမ်း သွေးကျဆေးသောက်နေရပါတယ်။ အဲဒါကို ဘယ်လိုများ ဆက်ဆောင်ရွက်သင့်ပါသလဲဆိုပြီးတော့ ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံလာပါတယ်။

PROF: TWN - အဖေက လေငန်းဖြတ်ထားတော့ ။ ကျွန်တော်အင်္ဂလိပ်လိုပြောရင်တော့ Stroke ပေါ့နော်။ Stroke ဖြစ်စေတဲ့ အကြောင်းရင်းကတော့ အများကြီးရှိပါတယ် ။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ သွေးထဲမှအဆီများပေါ။ အခုက မောင်သုခရဲ့အဖေက သူမှာဖြစ်စေတဲ့ဟာက သွေးတိုးပေါ့နော်။ အဲဒါကိုဆေးသောက်နေရတယ်။ သွေးတိုးတို့ ဆီးချိုတို့က တစ်သက်လုံးသောက်နေရပါတယ်။ အမြဲတမ်း မသောက်ပဲနေရင် ဘယ်လိုဖြစ်သွားမလဲဆိုတော့ မသောက်ဘူးဆိုရင် မှန်မှန်မသောက်ဘဲနေရင်။ လေဖြတ်တဲ့သူ သုံးယောက်မှာတစ်ယောက်က ထပ်ပြီးတော့ Second Time ပေါ့နော်။ နောက်တစ်ကြိမ်ဖြစ်တတ်ပါတယ်။ အခုလို သွေးတိုးကျဆေးလေးကို မှန်မှန်လေးပေ့ါနော် မှီဝဲပြီးတော့ သောက်ဖို့ကောင်းပါတယ်။ ဒီကြားထဲ လေငန်းဖြတ်ရတဲ့အကြောင်းရင်းကတော့ သွေးကြောပိတ်တာလား သွေးကြောက်ပေါက်တာလား အဲဒီအပေါ်မူတည်တာပေါ့နော်။ သွေးကြောပိတ်တာဆိုရင်လည်း ကျွန်တော်တို့က သွေးကျဲဆေးအမြဲ စွဲသောက်ပေးရမယ်။ နှစ်ခုပေါ့နော် သွေးကျဲဆေးသောက်ရပါမယ်၊ သွေးပေါင်ကျဆေးမှန်မှန်သောက်ရမယ်။ လေ့ကျင့်ခန်းလုပ်ရမယ် အဆီအစိမ့်တွေလျှော့စားရမယ်။ အငန်လေးတွေလည်း နည်းနည်းလျှော့သင့်သလောက် လျှော့စားရမယ်။ လေ့ကျင့်ခန်းလုပ်ရပါမယ်။ စိတ်ဓာတ်ကျဖို့တော့ မလိုပါဘူး။ နဂိုအတိုင်းပဲ ဆေးမှန်မှန်သောက်ရင်တော့ လူကောင်းကဲ့သို့ကျွန်တော်တို့ ရာနှုန်းပြည့်မသက်သာရင်တောင်မှ ဒီထက်ပိုသက်သာလာပြီ နေ့တဒူဝအလုပ်တွေကို ကျွန်တော်တို့ ပြန်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မဇ္ဈိမ - နောက်ထပ်အကောင့်ပိုင်ရှင်ဖြစ်တဲ့ စိုးစိုးဆိုတဲ့ အမျိုးသမီးက အခုလိုမေးထားပါတယ်။ မင်္ဂလာပါ ဆရာကြီးရှင့်တဲ့ ကျွန်မခြေဖမိုးသွေးကျပြီးတော့ ရောင်နေပါတယ်။ ပြီးတော့လဲ အရေပြားက ယားလည်းယားပါတယ်။ မျက်လုံးက မျက်ရည်တွေလဲ အနည်းငယ်ထွက်ပါတယ်။ ကျေးဇူးပြုပြီးတော့ ညွှန်ကြားပေးပါရှင့်။

PROF: TWN -  ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မစိုးစိုး။ ခြေဖမိုးသွေးကျပြီး ရောင်နေတာက ယားလည်းယားနေတာက အရေပြားရောဂါတစ်မျိုးပေါ့နော်။ ကျွန်တော်တို့ကလည်း မြင်ရရင်တော့ သိတာပေါ့ ။ အရေပြားရောဂါက အများကြီးရှိနေတော့ နီပြီးရောင်နေတာလား၊ အရေကြည်ဖုတည်ပြီးရောင်နေတာလား၊ အနာတွေပေါ်နေလား၊ အဲဒါတွေအကုန်လုံးကြည့်ရပါတယ်။ အဲဒီမှာမျက်လုံးကလည်း အရည်တွေ ထွက်နေတော့ အရေပြားရောမျက်လုံးရောထိတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်နေတာပေါ့နော်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ကျွန်တော်အတိအကျမမြင်ရတော့ ကျွန်တော်ပြောရတာခက်ပါတယ်။ အကြမ်းဖျင်းကတော့ ဟိုအရေပြားဆရာဝန်နဲ့ပြကြည့်ပါ။ အကြမ်းဖျင်းကတော့ ဒီကြားထဲမှာ အယားသက်သာအောင် မအိပ်တဲ့ဟာတွေပေါ့ အရင်တုန်းက ကျွန်တော်တို့ငယ်ငယ်က ဘာမီတွန်တွေသုံးတာပေါ့။ အခုနောက်ပိုင်း မအိပ်တဲ့ အယားသက်သာစေတဲ့ဆေးတွေ သောက်လို့ရပါတယ်။ မအိပ်တဲ့ဟာတွေ နောက်ပြီးတော့ လိမ်းဆေးလည်းရှိပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးပါ။ နောက်ထပ်မေးခွန်းတစ်ခုကို ဆက်ပြီးတော့မေးခွင့်ပြုပါခင်ဗျ။ မေးထားသူကတော့ ကိုအောင်မိုးဖြစ်ပါတယ်။ ကျွန်တော့်မှာတဲ့ အနာပေါက်နေပါတယ်။ ၅လ ကျော်နေပါပြီ၊ ဆေးခန်းလည်း အတော်များများသွားပြီးပါပြီ၊ ဆေးသောက်တယ်၊ ဖန်ရည်စိမ်တယ် ဆေးလည်းလိမ်းပါတယ်။ ဒါပေမဲ့ငြီးငွေ့နေပါပြီ၊ အခုထိလည်း မကောင်းသေးပါဘူး။ ဒါသူဘယ်လောက်ထိ ကောင်းအောင်လုပ်နိုင်မလဲ အကြံပေးပါ။ စုံတော့စုံနေပြီ ဆရာကြီးတဲ့။

PROF: TWN - အနာဆိုတာကတော့ အများကြီးရှိပါတယ်။ ရိုးရိုးအနာရှိတယ်၊  ပိုးကြောင့်ဖြစ်တဲ့အနာ ရှိတယ်။ အကျိတ်ကြောင့်ဖြစ်တဲ့အနာ ရှိတယ်။ ထိခိုက်ဒဏ်ရာရလို့ အနာအမျိုးမျိုးရှိပါတယ်၊ တခါတလေ သွေးကြောသွေးလည်ပတ်မှု မညီလိုရှိတဲ့အနာတွေလည်းရှိပါတယ်။ ဆီးချိုကြောင့်ရှိတဲ့ အနာတွေလည်းရှိပါတယ်။ အများကြီးတော့ရှိပါတယ်၊ ဖြစ်တဲ့အမျိုးအစားပေါ် မူတည်ပြီတော့ ကျွန်တော်တို့ကုရပါတယ်။ ဒီမှာကတော့ ၅လကျော်နေပြီ ဆေးခန်းတွေလည်းတော်တော်များများ သွားပြီးပြီဆိုတော့ သူ့မှာတစ်ခုခုလား။ နံပါတ်တစ်က သွေးကြောနည်းနေသလား၊ အကျိတ်များဖြစ်နေလို့ မပျောက်သေးတာလား၊ အဲအများကြီးရှိပါတယ်။ ဖြစ်နိုင်ချေက အများကြီးပေါ့နော်။ ထိခိုက်ဒဏ်ရာက မရှိဘူးဆိုရင် တကယ့်ဖန်ရည်ဆေးတာလည်း ငြီးငွေ့နေပြီ၊ တကယ်သက်ဆိုင်တာကတော့ ခွဲစိတ်ဆရာဝန်တွေက တတ်ကျွမ်းနားလည်ပါတယ်။ သူတို့နှင့်သေချာမရှက်မကြောက်ဘဲ သေချာသွားပြသင့်ပါတယ်။ ခွဲသင့်ရင် ခွဲရပါမယ်။

မဇ္ဈိမ - ခွဲသင့်ရင် ခွဲရပါမယ်လို့ ဆရာဝန်ကြီးက ကိုအောင်မိုးကို အကြံပေးထားပါတယ် ကိုအောင်မိုးခင်ဗျာ။ ဒါကတော့ မပေါ့သင့်ပါဘူးခင်ဗျာ။ နောက်ထပ်အမျိုးသမီးကြီးတစ်ဦးကတော့ အစ်မကြီးဒေါ်ခင်ဆွေဝင်းကတော့ အခုလိုမေးထားပါတယ်။ အမျိုးသမီးရောဂါနှင့်ဆိုင်မယ်ထင်ပါတယ်။ ဆရာသွေးဆုံးရင် ချွေးတအားပြန်တာဟုတ်ပါသလား၊ ဘယ်လိုဘယ်ဆေးသောက် ကုရမလဲ။ ဓာတ်ဆားလည်းသောက်ပါတယ် မရပါဘူးတဲ့။ တအားရုပ်ပျက်ဆင်းပျက်ထွက်တာ ပိုပြီးလည်းဖြစ်လာပါတယ်တဲ့။ ပြီးတော့ ဝလည်းဝလာပါတယ်တဲ့ အကြံပေးပါဦးဆရာ။

PROF: TWN - ဒါကလည်းအမျိုးသမီး သားဖွားမီးယပ်ပေါ့နော်။ သူနဲ့ပိုဆိုင်တဲ့ ရောဂါပေါ့နော်။ ဒီလိုပဲအသက်ကြီးလာရင်တော့ မိန်းမတွေမှာလည်း မိန်းမဟော်မုန်းခေါ်တာပေါ့နော်။ အဲဒါတွေက တဖြည်းဖြည်း လျှော့လာတဲ့အတွက်ကြောင့် အခုလိုပဲချွေးပြန်တယ်၊ ရင်တလျပ်လျပ်ဖြစ်မယ်၊ စိတ်တိုမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ တကယ်ကတော့ အိုဂျီလို့ခေါ်တဲ့ သားဖွားမီးယပ်ဆရာဝန်အထူးကုတွေက ကျွန်တော်တို့ထက်ပိုပြီးတော့ သူတို့တွေက နေ့တဒူဝတွေ့နေရတဲ့အတွက် သူတို့ပိုပြီးတော့ ကျွမ်းကျင်ပါတယ်။ အဲတော့ ပြန်ပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်သိသမျှ ဗဟုသုတနဲ့ပြောရရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ပြ တကယ်လို့ မပြနိုင်သေးဘူးဆိုရင် မိန်းမဟော်မုန်းတွေ နည်းနည်းအစားထိုးပြီးတော့ သုံးကြည့်လို့ရပါတယ်။ ဒါပေမဲ့ မိန်းမဟော်မုန်းသုံးတာလည်း ပြဿနာက သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ကင်ဆာတို့ သွေးထဲမှာအဆီများတာတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့အကောင်းဆုံးကတော့ သားဖွားမီးယပ်အထူးကုတွေနဲ့ ပြကြည့်ပြီးတော့ ဆွေးနွေးတာကုသတာက ကောင်းပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ခင်ဗျာ ကျေးဇူးတင်ပါတယ်။ မေးခွန်းတွေလည်း အချို့ရှိပါသေးတယ်။ မေးထားတဲ့အကောင့်ပိုင်ရှင်ကတော့ မောင်စံဖြိုးလို့ ပြောပါတယ်။ အရေပြားယားယံနေပါတယ်။ အရေပြားယားယံတဲ့မေးခွန်းတွေ နှစ်ခုသုံးခုလောက်ရှိတယ်နော်ဆရာကြီး။ အထူးသဖြင့် ခြင်ကိုက်ခံရရင်တော့ ယားယံမှုတွေကတော့ ပိုပြီးတော့ယားပါတယ်။ အဖုအပိန့်တွေဖြစ်ပြီးတော့ ကျန်ခဲ့ပါတယ်တဲ့။ ဘယ်သမားတော်နှင့်ပြပြီတော့ ဘာဆေးများသုံးရမလဲတဲ့။ ဒါကတော့ဖြစ်လေ့ဖြစ်ထရှိတဲ့ အထွေထွေမေးခွန်းပေါ့နော်။ ဆရာကြီးဆီက အကြံတောင်းထားပါတယ်၊ ဆရာကြီးတဆိတ်လောက် သမားတော်တို့က ညွှန်ကြားပြသပေးပါအုံးခင်ဗျာ။

PROF: TWN - ဟုတ်ကဲ့ခင်ဗျာ မောင်စံဖြိုးအနေနဲ့ကတော့ နီးရာဆေးခန်းတွေမှာပြဖူးသလား ကျွန်တော်မသိရပါဘူး။ အကယ်၍ခြင်ကိုက်ခံရပြီး နီးရာဆေးခန်းတွေမှာအရင်ပြ တော်ရုံဆရာ၊ ဆရာဝန်တွေက ကုနိုင်ပါတယ်။ ဒါပေမဲ့ခက်ခဲတဲ့ရောဂါတွေပေါ့ ကိုယ့်ရဲ့သွေးတွေက ပိုယားယံမှုဖြစ်စေတယ်ဆိုရင် သွေးစစ်တာတို့ အကောင်းဆုံးကတော့ နီးစပ်ရာအရေပြားဆရာဝန်နဲ့ ပြကြည့်ပါ။ ခြင်ကိုက်မခံရအောင်လည်း ခုနကလိုပဲ ခြင်ထောင် ထောင်နေတာတို့ ၊ ခြင်ကိုက်မခံရအောင် နည်းလမ်းအမျိုးမျိုး သုံးပြီးနေရင်တော့ ကောင်းပါတယ်။  အတိုချုပ်အကြံပေးရရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ပြကြည့်ပေါ့။ ယားရင်တော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ဘာမီတွန်သုံးသလိုကျွန်တော်တို့ ဘာမီတွန်မဟုတ်တဲ့ မအိပ်တဲ့ဆေးတွေကို သုံးပြီးတော့ လိမ်းဆေးတွေလည်းရှိပါတယ်။ အဲဒါမှမသက်သာလို့ရှိရင် အရေပြားအထူးကုနဲ့ ပြကြည့်ပေါ့နော်။

မဇ္ဈိမ - အရေပြားအထူးကုနဲ့ပြသင့်တာပေါ့နော်။ ဆရာကြီးတို့သက်ကြီးဆေးကုဌနမှာလည်း ဒီအရေပြားနဲ့ပတ်သက်ပြီးတော့ လာရောက်ပြသတဲ့ ဘိုးဘွားတွေများရှိပါသလား။

PROF: TWN - ဟုတ်ကဲ့ ရှိပါတယ်။ သူတို့တွေက အရေပြားရောဂါ ယားယံတာတွေလည်း ပါပါတယ်။ နောက်တစ်ခုက သူတို့ရဲ့ခြေထောက်သွေးကြောတွေမှာ မကောင်းတဲ့အတွက်ကြောင့် အနာပေါက်တာတို့ သွေးမလျှောက်တဲ့အတွက်ကြောင့် အနာပေါက်တာလည်းရှိပါတယ်။

မဇ္ဈိမ - လူငယ်တွေမှာ အရေပြားယားယံတဲ့ကိစ္စတွေမှာ လူကြီးတွေမှာဖြစ်ရင် ပိုပြီးဆိုးတက်လားခင်ဗျာ။

PROF: TWN - ဟုတ်ကဲ့ အကြမ်းဖျင်းအားဖြင့်တော့ လူကြီးတွေမှာ ကျွန်တော်ခဏကတင်ပြထားသလိုပဲ သူတို့တွေရဲ့ သွေးလျှောက်လမ်းတွေ အာရုံကြောလျှောက်လမ်းတွေ မကောင်းတဲ့အတွက် လူငယ်နဲ့ယှဉ်ရင် ကုရတာနည်းနည်းတော့ခက်ပါတယ်။ ကြာပါတယ်။

မဇ္ဈိမ - ဆိုတော့ ဘယ်လောက်ထိအရေးတယူလုပ်ပြီးတော့ သက်ကြီးရွယ်အိုတွေအနေနဲ့ အရေပြားနဲ့ ပတ်သက်တာတွေကို စောင့်ရှောက်ရမယ်လို့ ထင်လဲခင်ဗျာ ဆရာကြီး အကြံပေးပါအုံး။

PROF: TWN - ဖြစ်နိုင်ချေကတော့ နီးစပ်ရာအရေပြားဆရာဝန်တွေနဲ့ပြကြည့်ပါ၊ ပြကြည့်ပြီးတော့ မသက်သာဘူးဆိုရင် ဖြစ်နိုင်ချေတွေက အများကြီးရှိပါတယ်။ သွေးလျှောက်လမ်းမကောင်းတာလား အကျိတ်ဖြစ်စေတာလား မပြောကောင်းမဆိုကောင်း ကင်ဆာဖြစ်စေတာလား အဲလိုမျိုးတွေ အရေးကြီးတာတွေကို Common လည်းဖြစ်ရမယ်။ အရေးကြီးတာတွေကို စဉ်းစားပြီးတော့ အရေပြားအထူးကုနဲ့ပြ မပြရင်လည်း အထွေထွေသမားတော်တွေရှိပါတယ်။ အထွေထွေသမားတော်တွေနဲ့ ကျွန်တော်တို့ပြသဖို့လိုပါတယ်။

မဇ္ဈိမ - ကင်ဆာကြတော့ ဆရာကြီးပြောပါတယ်။ အရေပြားယားယံတာနဲ့ လူကြီးတွေမှာဖြစ်တဲ့ဟာနဲ့ ဗဟုသုတအနေနဲ့ သိချင်လို့ပါ။ဘယ်လိုစပ်ဆက်နေလဲ။

PROF: TWN။   ။ ကြီးလာရင်တော့ သိတဲ့အတိုင်းပဲ။ သူကလည်းပြောရရင်တော့ ဆဲလ်တွေရဲ့ ပွားနှုန်းတွေကလည်း မမှန်တော့ဘူး ။ မမှန်တဲ့အတွက် အမျိုးမျိုးတွေ့ရတဲ့အတွက် ပြောရရင်တော့ တော်တော်လေးခက်ပါတယ်။ အဲ့ဒီပြောင်းလဲမှုတွေက တော်တော်လည်းရှုပ်ထွေးနေပြီး ဘယ်လိုမှုထိန်းလို့မရဘူး။ ထိန်းလို့မရတော့ ကင်ဆာဖြစ်စေပါတယ်။ လူကြီးတွေမှာ ကင်ဆာဖြစ်တာတော့ common ဖြစ်ပါတယ်။

အပိုင်း(၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/32198

အပိုင်း (၃) ဆက်လက်တင်ဆက်ပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly