အစ္စလာမ်မစ်စစ်သွေးကြွများနှင့် တိုက်ပွဲဖြစ်နေရာ မာရာဝီမြို့တွင် ဖိလစ်ပိုင်စစ်တပ် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်

By AFP
20 September 2017
အစ္စလာမ်မစ်စစ်သွေးကြွများနှင့် တိုက်ပွဲဖြစ်နေရာ မာရာဝီမြို့တွင် ဖိလစ်ပိုင်စစ်တပ် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်

မနီလာ၊ စက်တင်ဘာ ၂၀ ။            ။ ဖိလစ်ပိုင်နိုင်ငံတွင် အိုင်အက်စ် ချိတ်ဆက်သည့် Maute အစ္စလာမ်မစ်စစ်သွေးကြွများနှင့် လေးလနီးပါး စစ်ပွဲဖြစ်နေရာ မာရာဝီမြို့တွင်းက နယ်မြေ ၁၅ ဟတ်တာမှ ၁၈ ဟတ်တာအထိ ဖိလစ်ပိုင်စစ်တပ်က နယ်မြေရှင်းလင်းရေးများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေသည်။

“ကျွန်တာ်တို့တွေ မြို့ရဲ့ ၁၅ ဟတ်တာကနေ ၁၈ ဟတ်တာအထိကို ရှင်းလင်းဖို့ လိုသေးတယ်။ ဆယ်ဟတ်တာကတော့ ရှင်းလင်းနေပြီ ဖြစ်ပါတယ်။”ဟု စစ်တပ် ပြည်သူ့ဆက်ဆံရေးအရာရှိ ဗိုလ်မှူး အရီဗာလိုက စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။

“စစ်တပ်ရောက်ရှိ တပ်ဖြန့်နိုင်ထားရာ နေရာသည် ဆယ်ဟတ်တာ ဝန်းကျင်သာ ရှိသော်လည်း ၁၅ ဟတ်တာမှ ၁၈ ဟတ်တာအထိက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရဦးမည်ဖြစ်သည်။

တိုက်ပွဲဖြစ်ရာ ဆယ်ဟတ်တာမှ အဆောက်အအုံပေါင်း ၃၀၀ နီးပါးကိုလည်း ရှင်းလင်းဖို့ လိုနေသေးဆဲ ဖြစ်သည်။

မာရာဝီမြို့ တိုက်ပွဲများကို မည်သည့်အချိန်တွင် အဆုံးသတ်နိုင်မည်ဆိုခြင်းအား အဆိုပါ ဗိုလ်မှူးက ပြောကြားနိုင်ခြင်း မရှိပေ။

“ကျွန်တော်တို့ အဆုံးသတ်အချိန် မပေးနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့အပေါ် ဖိစီးမှုတွေ ဖြစ်လာမှာ မလိုလားလို့ပဲ။ တာဝန်ရှိသူတွေကတော့ မျှော်လင့်သလို တိုက်ပွဲတွေ အဆုံးသတ်နိုင်ရေး ပြောကြပေမယ့် ဒီတိုက်ပွဲတွေကို အဆုံးသတ်နိုင်မယ့် အချိန်ကိုတော့ သေချာဘယ်သူမှ မပြောနိုင်ပါဘူး။”ဟု ၎င်း ဗိုလ်မှူးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်ကလည်း ဓားစာခံ ၄၀ မှ ၆၀ ဖမ်းဆီးထားဖွယ်ရှိသည့် အစွန်းရောက်အကြမ်းဖက် ၆၀ မှ ၈၀ ကြားနှင့် ရင်ဆိုင်တိုက်ပွဲ ဆင်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly