အမေရိကန်တို့က မြောက်ကိုရီးယားကို ဖျက်ဆီးချေမှုန်းနိုင်သည်ဟု ထရမ့်သတိပေးခြိမ်းခြောက်

By AFP
20 September 2017
အမေရိကန်တို့က မြောက်ကိုရီးယားကို ဖျက်ဆီးချေမှုန်းနိုင်သည်ဟု ထရမ့်သတိပေးခြိမ်းခြောက်

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၀  ။          ။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ တက်ရောက်ခဲ့သည့် အင်္ဂါနေ့ကကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေ အစည်း အဝေးပွဲတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အကယ်၍ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော ကင်ဂျုံအမ်းအစိုးရသည် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်နေပါက အမေရိကန်တို့သည် မြောက်ကိုရီးယားကို ဖျက်ဆီးချေမှုန်းရမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ စိတ်လည်းရှည်သလို ကြီးမားတဲ့အင်အားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေ မယ့် အမေရိကန်နိုင်ငံဟာ သူ့ရဲ့မဟာမိတ်တွေနဲ့ သူ့ကိုယ်သူ ကာကွယ်ရတော့မည်ဆိုရင် မြောက်ကိုရီးယားကို အလုံးစုံ ဖျက်ဆီးချေမှုန်းပစ်ဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိပါဘူး” ဟု ထရမ့်က သတိပေးခြိမ်းခြောက်ခဲ့ သည်။

“ဒီလိုဖြစ်လာမယ်ဆိုရင်တော့ Rocket Man ကြီးဟာ သူ့ရဲ့နိုင်ငံကို ဖျက်ဆီးပြီးတော့ သူ့ကိုယ်သူ သတ်သေလိုက်တာနဲ့ အတူတူပါပဲ” ဟု ထရမ့်က ကင်ဂျုံအမ်းကို ဒုံးပျံလူသား ( Rocket Man) ဟု သူကိုယ်တိုင် ပေးထားသော နာမည်ပြောင်အား သုံးနှုန်းပြောဆိုကာ သတိပေးခဲ့သည်။

ဆက်လက်ပြီး “ အမေရိကန်ဘက်ကတော့ အသင့်ပါပဲ။ တိုက်ချင်စိတ်ရှိသလို တိုက်နိုင်စွမ်းလည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့ မလိုအပ်ဘူးလို့ မျှော်လင်ပါ့တယ်” ဟု ထရမ့်က ပြောခဲ့သည်။ ဒါ့အပြင် အမေရိကန်၏ စစ်တပ်အင်အားမှာ အကြီးမားဆုံး အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂသို့ ပြောကြားခဲ့ သည်။

သို့သော်လည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တင်းမာမှုများ မြင့်တက် လာချိန်တွင် ဒေါသထွက်လွယ်သော စကားများကို ပြောဆိုခြင်းမှ ရှောင်ရှားနိုင်ဖို့နှင့် ထိုစကားများသည် အထင်အမြင်လွဲမှားမှုများကို ဖြစ်ပေါ်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly