တရုတ်အစိုးရက ရခိုင်အရေးအတွက် ငွေကျပ် သန်း ၂၀၀ လှူဒါန်း

တရုတ်အစိုးရက ရခိုင်အရေးအတွက် ငွေကျပ် သန်း ၂၀၀ လှူဒါန်း
ဓာတ်ပုံ-ပရော်ဖက်ဆာဝင်းမြတ်အေး

စက်တင်ဘာ ၂၀ ။            ။ တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရက ရခိုင်ပြည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူ အားလုံးအတွက် ယနေ့စက်တင်ဘာလ ၁၉ ရက်တွင် ငွေကျပ် သန်း ၂၀၀ လှူဒါန်းခဲ့သည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ် ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူ အားလုံးအတွက် တရုတ်အစိုးရ လှူဒါန်းငွေ ကျပ် သန်း ၂၀၀ အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက လာရောက်လှူဒါန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူခဲ့သည်။

အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် ပမာဏရှိသော အဆိုပါလှူဒါန်းငွေကို နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်မှု အဓွန့်ရှည်စေရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု   မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ပြောခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ငြိမ်းချမ်းမှုကို မြန်မာအစိုးရက   ဆောင်ရွက်နိုင်စေရန် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်လုပ်ငန်းစဉ်အတွက် အဆိုပါလှူဒါန်းငွေများကို အသုံးပြုမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly