ကမ္ဘာတစ်ပတ် အမြန်ဆုံး စက်ဘီးစီးပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဗြိတိန်စက်ဘီးစီးသမား

By AFP
20 September 2017
ကမ္ဘာတစ်ပတ် အမြန်ဆုံး စက်ဘီးစီးပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဗြိတိန်စက်ဘီးစီးသမား

စက်တင်ဘာ ၂၀ ။                 ။ ဗြိတိန်နိုင်ငံက စက်ဘီးစီးသမားတစ်ဦးဟာ ကမ္ဘာတစ်ပတ်ခရီးကို ရက်ပေါင်း ၇၉ ရက်ကြာ စက်ဘီးစီးပြီးတော့ ကမ္ဘာ့စံချိန်သစ်တစ်ခုကို တင်လိုက်နိုင်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံက Mark Beaumont ဆိုသူ စက်ဘီးစီးသမားဟာ ယခုလို ၎င်းရဲ့ ကမ္ဘာတစ်ပတ် စက်ဘီးစီးမယ့် မစ်ရှင်ကို ပြီးခဲ့တဲ့ ဇူလိုင်လက ပြင်သစ်နိုင်ငံကနေ စတင်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ယင်း မစ်ရှင်ကတော့ ကမ္ဘာတစ်ပတ်ခရီးကို ရက်ပေါင်း ၈၀ တည်းနဲ့ အရောက်ပတ်ရမှာဖြစ်ပြီး တကယ်တမ်း လုပ်ဆောင်ခဲ့ရာမှာတော့ ရက်ပေါင်း ၇၉ ရက်တည်းနဲ့ပဲ ၎င်းရဲ့ မစ်ရှင်ကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်တာဖြစ်ပါတယ်။

၎င်းဟာ သတ်မှတ်ရက်ပြည့်ဖို့ မတိုင်ခင် တစ်ရက်အလိုမှာပဲ သူစတင်ထွက်ခွာခဲ့တဲ့ ပါရီမြို့က Arc de Triomphe အထိမ်းအမှတ်နေရာကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

၎င်းအရင် ကမ္ဘာ့စံချိန်တင်ထားတဲ့ မှတ်တမ်းကတော့ ရက်ပေါင်း ၁၂၃ ရက်ဖြစ်ပြီး Mark ကတော့ ယခုအခါ ၇၉ ရက်တည်းနဲ့ ကမ္ဘာတစ်ပတ် စက်ဘီးနဲ့ပတ်နိုင်ခဲ့တဲ့ ဂင်းနစ်စံချိန်တင်သစ်တစ်ခုကို တင်လိုက်နိုင်တာဖြစ်ပါတယ်။

Mark အနေနဲ့ ယခု ၎င်းရဲ့ ကမ္ဘာတစ်ပတ် ရက် ၈၀ တည်းနဲ့ စက်ဘီးစီးခဲ့ရတဲ့ မစ်ရှင်မှာဆိုရင် အကွာအဝေး မိုင်ပေါင်း ၁၈,၀၀၀ ကို စီးခဲ့ရပြီး တစ်နေ့ ပျမ်းမျှ စီးရတဲ့ မိုင်ပေါင်း ၂၄၀ ထိ ရှိခဲ့ပါတယ်။

ယခု ခရီးစဉ်အတွင်း Mark ဟာ တစ်ညကို ငါးနာရီမျှသာ အိပ်စက်ခဲ့ရတယ်လို့ သိရပြီး တစ်နေ့တာမှာ ၁၆ နာရီကျော်က စက်ဘီးစီးနေခဲ့ရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly