လူငယ်ကစားသမားခေါ်ယူမှုနှင့်ပတ်သက်ပြီး ချယ်လ်ဆီးအသင်းကို ဖီဖာစစ်ဆေးနေ

လူငယ်ကစားသမားခေါ်ယူမှုနှင့်ပတ်သက်ပြီး ချယ်လ်ဆီးအသင်းကို ဖီဖာစစ်ဆေးနေ

 

စက်တင်ဘာ ၂၀၊ လန်ဒန်။              ။ ချယ်လ်ဆီးအသင်းသည် လူငယ်ကစားသမားများခေါ်ယူရာတွင်စည်းကမ်းဖောက်မှုဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ စစ်ဆေးခြင်းကိုခံနေရသည်။

အသက် ၁၈ နှစ်အောက်ပြည်ပကစားသမားခေါ်ယူရာတွင် ချယ်လ်ဆီး၏ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်ပြီး စုံစမ်းနေခြင်း ဖြစ်ကြောင်း ဖီဖာက ဒေးလီးမေးလ်သို့ အတည်ပြုသည်။

လက်ရှိတွင် အက်သလက်တီကိုအသင်းမှာ လူငယ်ကစားသမားခေါ်ယူမှုနှင့်ပတ်သက်ပြီး အပြောင်းအရွှေ့ပိတ်ခံထားရသည်။ အသင်းအနေဖြင့်အယူခံဝင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

ယမန်နှစ်က ရီးယဲလ်မက်ဒရစ်အသင်းသည်လည်း ပြစ်ဒဏ်ချခံခဲ့ရသော်လည်း အပြောင်းအရွှေ့နှစ်ခုပိတ်ပြစ်ဒဏ်မှာ တစ်ခုသို့ လျှော့ချပေးခံခဲ့ရသည်။

ချယ်လ်ဆီးအသင်း၏ကိစ္စမှာ ယင်းလာလီဂါအသင်းနှစ်သင်းလောက်ပြင်းထန်ဖွယ်မရှိသော်လည်း စုံစမ်းစစ်ဆေးမှုဆုံးဖြတ်ချက် အရ မည်သည့်ပြစ်ဒဏ်မျိုးချမှတ်မည်ဆိုသည်မှာ ဖီဖာအပေါ်တွင်သာ မူတည်နေသည်။

ချယ်လ်ဆီးအသင်းမှာ လူငယ်ကစားသမားခေါ်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး ရှစ်နှစ်အတွင်းသုံးကြိမ်မြောက်အဖြစ် စစ်ဆေးခံရ ခြင်းလည်းဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ဂေရယ်ကာကူတာကို လန်းစ်အသင်းထံမှ ခေါ်ယူခဲ့မှုနှင့်ပတ်သက်ပြီး ၂၀၀၉ တွင် အပြောင်းအရွှေ့နှစ်ခုပိတ်ခံရ ပြီး အားကစားခုံရုံးသို့အယူခံဝင်ရာတွင်လည်း ရှုံးနိမ့်ခဲ့သည်။

ယမန်နှစ်ကလည်း ကွင်းလယ်လူ ဘာထရန် ထရာအိုရေး အသက် ၁၆ နှစ်အရွယ်တွင် နိုင်ငံအတွက်ပွဲမထွက်ရသေးမီ ကလပ်နှင့် ကစားနေသည့်ပုံပေါ်ထွက်လာပြီးနောက် ဖီဖာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ စုံစမ်းခြင်းကိုခံခဲ့ရသေးသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်၍ တစ်စုံတရာမှတ်ချက်ပေးရန်မရှိသေးကြောင်း ဖီဖာပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly