ဒမ်​ဘီလီရဲ့ ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီး (၁၄)ပတ်ကြာ အနားယူရမည်

ဒမ်​ဘီလီရဲ့ ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီး (၁၄)ပတ်ကြာ အနားယူရမည်
(ဓာတ်ပုံ - ဘာစီလိုနာ)

ဘာစီလိုနာအသင်း တိုက်စစ်မှူး အူစမာနီဒမ်ဘီလီဟာ ဖင်လန်နိုင်ငံမှာ ၎င်းရဲ့ ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသခံယူနိုင်ခဲ့ပြီး သုံးလခွဲလောက်သာ အနားယူရတော့မှာဖြစ်တယ်လို့ အသင်းက အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘာစီလိုနာက ဂီတာဖေးကို ၂-၁ နဲ့ နိုင်တဲ့ စနေနေ့လာလီဂါပွဲစဉ်မှာ ဒမ်ဘီလီဟာ ပထမပိုင်းမပြီးခင်မှာတင် လူစားလဲခဲ့ရပြီး ဆေးစစ်မှုတွေအရ တံကောက်ကြောဆုတ်ပြဲသွားတယ်လို့ သိရပါတယ်။

"ဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီဟာ သူ့ရဲ့ ဘယ်ခြေထောက်ရှိ တံကောက်ကြော ဆုတ်ပြဲမှုကို အင်္ဂါနေ့က အောင်မြင်စွာ ပြုပြင်ခွဲစိတ်ခဲ့ပါတယ်။"လို့ ကလပ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၀ နှစ် ပြင်သစ်လူငယ်ကစားသမားဟာ ၁၄ ပတ်ကြာ အနားယူရန်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ဘာစီလိုနာသမိုင်းတလျောက် ဈေးအကြီးဆုံးကစားသမား ဒမ်ဘီလီဟာ ယခုနှစ် နွေရာသီက ပီအက်စ်ဂျီအသင်းဆီ ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့  နေမာရဲ့ နေရာကို အစားထိုးဖို့ ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်း+အပိုဆုကြေးနှင့် စပိန်ကလပ်အသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly