ရီးယဲလ်မက်ဒရစ် နောက်ခံလူ သီယိုဟာနန်​ဒက်​ဇ်​ ပခုံးအဆစ်လွဲ ဒဏ်ရာရရှိ

ရီးယဲလ်မက်ဒရစ် နောက်ခံလူ သီယိုဟာနန်​ဒက်​ဇ်​ ပခုံးအဆစ်လွဲ ဒဏ်ရာရရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်ရဲ့ ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ဟာ ညာဘက်ပခုံး အဆစ်လွဲဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့ရဲ့ လာလီဂါပွဲစဉ် ဘက်တစ်နဲ့ပွဲကို လွဲချော်မယ်လို့ စပိန်ကလပ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

အဆိုပါ အသက် ၁၉ နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆိုစီဒက်ကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သီယိုကို အနားပေးရမယ့် ကာလဟာ ၎င်းရဲ့ ဒဏ်ရာပြန်လည်သက်သာလာတဲ့ အခြေအနေအပေါ် မူတည်ပါလိမ့်မယ်လို့ ရီးယဲလ်ရဲ့ ထုတ်ပြန်လိုက်တဲ့ ဆေးမှတ်တမ်းအရ သိရပါတယ်။

ပြင်သစ် ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ဟာ ယခုနှစ်နွေရာသီမှာ အက်သလက်တီကိုအသင်းမှ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ http://www.mizzimaburmese.com/article/28966

ရီးယဲလ်နည်းပြ ဇီဒန်းဟာ သီယိုကို လက်လွှတ်လိုက်ရပေမယ့် တစ်ပွဲပယ်ပြစ်ဒဏ်လွှတ်မြောက်လာတဲ့ ဘရာဇီးနောက်ခံလူ မာဆယ်လိုမှာ ဘက်တစ်နဲ့ ပွဲကို ပြန်လည်ပါဝင်လာမှာမို့ ကစားသမားလူစာရင်းအတွက် ပြဿနာ မရှိတော့တာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly