ကြံ့ခိုင်ရေးပါတီကို ဝေဖန်ပုတ်ခတ်သူအား ပုဒ်မ ၆၆(ဃ)ဖြင့် သရက်မြို့တွင် အမှုဖွင့်

ကြံ့ခိုင်ရေးပါတီကို ဝေဖန်ပုတ်ခတ်သူအား ပုဒ်မ ၆၆(ဃ)ဖြင့် သရက်မြို့တွင် အမှုဖွင့်
ဓာတ်ပုံ-Khin Maung Soe

သရက် စက်တင်ဘာ ၁၉ ။          ။ ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီဝင်ပုဂ္ဂိုလ်များအား ဂုဏ်သိက္ခာထိခိုက်စေရန် လူမှုကွန်ယက် စာမျက်နှာပေါ် တွင် Su Su Kyi Swe (ရာဇဝင်လှန်မယ့်လူဆိုးမမ) Account ဖြင့် ရေးသားသူကို ဥပဒေအရ အရေးယူပေးရန် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား သရက်မြို့နယ်ပါတီကော်မတီဝင် ဦးခိုင်ဇော်အောင်က သရက်မြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သရက်မြို့မှရဲစခန်းက ယနေ့စက်တင်ဘာ လ ၁၉ ရက်နေ့တွင် အတည်ပြု ပြောသည်။

"အဲဒီအကောင့်ကနေပြီး၊ ပြည်ခိုင်ဖြိုးပါတီကို ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်အောင် ဆောင်ရွက်ခဲ့တယ် ဆိုပြီး ဆက်သွယ်ရေးဥပဒေ ၆၆ ဃ နဲ့ အမှုဖွင့်ခဲ့တာ ဟုတ်ပါတယ်" ဟု သရက်မြို့နယ်၊ ရဲစခန်းမှ ရဲအုပ် ကျော်ဟိန်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါSu Su Kyi Swe (ရာဇဝင်လှန်မယ့်လူဆိုးမမ) Account က "သရက်မြို့မှာ နက်ဖြန်ဘင်္ဂလီ အလို မရှိ ဆန္ဒပြပွဲရှိတယ်။ တစ်ယောက် ၅၀၀၀ နှုန်း ကြံ့ဖွံ့က ပိုက်ဆံပေးငှားထားတယ်" စသဖြင့် ရေးသားခဲ့သည့် အတွက် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးခိုင်ဇော်အောင်က စက်တင်ဘာလ(၁၈)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားပြီး သရက်ရဲစခန်း(ပ)၈၂၁/၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly