၆ နှစ်အတွင်း ၉၄ ပွဲလွဲချော်ထားသည့် ၀ဲလ်ဘတ် ဒဏ်ရာထပ်ရ

၆ နှစ်အတွင်း ၉၄ ပွဲလွဲချော်ထားသည့် ၀ဲလ်ဘတ် ဒဏ်ရာထပ်ရ

စက်တင်ဘာ ၁၉၊ အင်္ဂလန် ။       ။ အာဆင်နယ်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်သည် ချယ်လ်ဆီးအသင်းနှင့်ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် လေးပတ်ခန့်အနားယူရဖွယ်ရှိနေသည်။

ထိုပွဲစဉ်တွင် ဝဲလ်ဘတ်သည် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့က ဆေးစစ်မှုများပြုလုပ်ခဲ့ရာ လေးပတ်ခန့်အနားယူရနိုင် သည်ဟု အတည်ပြုခဲ့သည်။ ထို့ကြောင့် ဝဲလ်ဘတ်သည် လာမည့်အာဆင်နယ်ပွဲစဉ်များကို လွဲချော်ရတော့မည်ဖြစ်ပြီး အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလည်း လွဲချော်မည် ဖြစ်သည်။ ၎င်းအနေဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကစားရမည့် ဝက်ဖို့ဒ်အသင်းနှင့်ပွဲစဉ်တွင်မှ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်။

ဝဲလ်ဘတ်သည် ယခုနှစ်ရာသီတွင် နည်းပြဝင်းဂါး၏ ဦးစားပေးတိုက်စစ်မှူးအဖြစ် ကစားနေရပြီး သုံးဂိုးသွင်းယူပေးထားနိုင်သူ ဖြစ်သည်။

အင်္ဂလန်တိုက်စစ်မှူးသည် သူ၏ ကစားသမားဘဝတွင် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း ဒဏ်ရာပြဿနာများကြောင့် ပွဲစဉ်ပေါင်း ၉၄ ပွဲအထိ လွဲချော်ခဲ့ရသူ ဖြစ်သည်။ ထိုခြောက်နှစ်အတွင်း ရာသီတိုင်း တစ်ရာသီပြည့်အောင် ကစားနိုင်ခြင်း မရှိခဲ့ပေ။ ဝဲလ်ဘတ်သည် ခြေချောင်းဒဏ်ရာ၊ ဒူးဒဏ်ရာ၊ တံကောက်ကြောဒဏ်ရာ၊ ပေါင်ခြံဒဏ်ရာ၊ ဝမ်းဗိုက်ဒဏ်ရာမျာရရှိခဲ့ပြီး ဒဏ်ရာအမျိုးစုံ ၈ ကြိမ်အထိ ရရှိခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly