ကျော်ကိုကိုနှင့် အောင်သူကို ခေါ်ယူနိုင်ရန် ကြိုးပမ်းမည်ဟု ထိုင်းကလပ် ဆာမက်ဆခွန် ထုတ်ပြန်

ကျော်ကိုကိုနှင့် အောင်သူကို ခေါ်ယူနိုင်ရန် ကြိုးပမ်းမည်ဟု ထိုင်းကလပ် ဆာမက်ဆခွန် ထုတ်ပြန်
 
 

စက်တင်ဘာ ၁၉၊ ရန်ကုန်။           ။ ထိုင်းလိဂ်-၃ကလပ်အသင်းတစ်သင်းဖြစ်သော ဆာမက်ဆခွန်အသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးများ ဖြစ်သော ကျော်ကိုကိုနှင့်အောင်သူတို့ကို   ခေါ်ယူနိုင်ရန်ကြိုးပမ်းမည်ဟု အသင်းဝက်ဘ်ဆိုက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

ဆာမက်ဆခွန်အသင်းမှာ အသင်းသက်တမ်းရှစ်နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် လိဂ်-၂သို့ တန်းတက်နိုင်ခဲ့ပြီးနောက် အသင်းကို ကြီးမားသောပြင်ဆင်မှုများပြုလုပ်နေသည်။

ဆာမက်ဆခွန်အသင်းက ကြီးမားတဲ့အောင်မြင်မှုတွေရယူဖို့ အသင့်ဖြစ်နေပါပြီ။ အသင်းရည်ရွယ်ချက်က ထိုင်းလိဂ်-၁ကိုတက်နိုင်ဖို့ပါ။ လာမယ့်ရာသီအတွက် အကောင်းဆုံးပြင်ဆင်မှုတွေ လုပ်နေပါပြီ။ မြန်မာတိုက်စစ်မှူးတွေဖြစ်တဲ့ ကျော်ကိုကိုနဲ့အောင်သူတို့ကို သူတို့ကလပ်အသင်းတွေဖြစ်တဲ့ ရန်ကုန်နဲ့ရတနာပုံကနေခေါ်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာကလပ်အသင်းတွေနဲ့တွေ့ဆုံပြီး သဘောတူညီမှုအမြန်ဆုံးရဖို့ကြိုးစားနေပါတယ်။ ဟု ဆာမက်ဆခွန်အသင်းဥက္ကဌ ကီရာဗစ်က ပြောသည်။

ထိုင်းဒေသတွင်းလိဂ်-၃ကလပ် ဆာမက်ဆခွန်အသင်းမှာ မြန်မာ့လူငယ်လက်ရွေးစင်တိုက်စစ်မှူးများဖြစ်သော ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ကောင်းဆက်နိုင်၊ ရတနာပုံတိုက်စစ်မှူး ရှိုင်းသူရ တို့ကို အငှားစာချုပ်ဖြင့် အသင်းသို့ခေါ်ယူခဲ့ဖူးသည်။ ထိုင်းလိဂ်တွင် ၂၀၁၈ဘောလုံးရာသီမှစတင်ပြီး အာဆီယံကစားသမားတစ်ဦးခေါ်ယူရန် စည်းမျဉ်းထွက်ပြီးနောက် မြန်မာတိုက်စစ်မှူးများဖြစ်သော   အောင်သူနှင့်ကျော်ကိုကိုတို့ကို ခေါ်ယူရန် ထိုင်းပရီးမီးယားလိဂ်ကလပ်များကလည်း စိတ်ဝင်စားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly