တစ်ပတ် ပေါင် ၆၅၀, ၀၀၀ ပေးရသည့် တိဗက်ဇ်မှာ မျှော်မှန်းသလောက်ဖြစ်မလာဟု ရှန်ဟိုင်းရှင်ဟွာဥက္ကဋ္ဌဝန်ခံ

တစ်ပတ် ပေါင် ၆၅၀, ၀၀၀ ပေးရသည့် တိဗက်ဇ်မှာ မျှော်မှန်းသလောက်ဖြစ်မလာဟု ရှန်ဟိုင်းရှင်ဟွာဥက္ကဋ္ဌဝန်ခံ

 

စက်တင်ဘာ ၁၉၊ ရှန်ဟိုင်း။            ။ ကားလို့စ်တိဗက်ဇ်သည် အသင်းကမျှော်လင့်ထားသလောက်မဟုတ်ခဲ့ကြောင်း တရုတ်စူပါလိဂ်တွင်ရုန်းကန်နေရသည့် ရှန်ဟိုင်း ရှင်ဟွာအသင်း၏ဥက္ကဋ္ဌ ဝူကျင်းကွေ့က ပြောသည်။

မန်ယူတိုက်စစ်မှူးဟောင်းသည် တစ်ပတ်ပေါင် ၆၅၀, ၀၀၀ ရနေပြီး စနေနေ့က ပြိုင်ဘက်ရှန်ဟိုင်းအက်စ်အိုင်ပီဂျီအသင်းကို ၆-၁ ဂိုးဖြင့်ရှုံးသည့်ပွဲတွင် အရန်ခုံမှထလာပြီး တစ်ဂိုးတည်းသောချေပဂိုးကို သွင်းယူပေးခဲ့သည်။

သို့သော် တိဗက်ဇ်၏ပုံစံနှင့် ကြံ့ခိုင်မှုပြဿနာပေါ်ပေါက်ပြီးနောက် ဇန်နဝါရီလအတွင်းခေါ်ယူခဲ့သည့်အာဂျင်တီးနားတိုက်စစ်မှူးမှာ အသင်းကမျှော်လင့်ထားသလောက်မဟုတ်ခဲ့ဟု ဝူကဝန်ခံခဲ့သည်။

“ကျွန်တော်တို့မျှော်မှန်းခဲ့တာက အရည်အသွေးမြင့်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး တိဗက်ဇ်ကသင့်တော်သူ လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဆောင်းရာသီလေ့ကျင့်ချိန်နည်းပါးခြင်းနဲ့ ပွဲကစားဖို့ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် သူဟာကျွန်တော်တို့မျှော်မှန်း သလောက် ဖြစ်မလာခဲ့ပါဘူး”ဟု ဝူက ရှန်ဟိုင်းတီဗီသို့ပြောသည်။

တိဗက်ဇ်သည် မကြာသေးမီကမှ ခြေသလုံးကြွက်သားဒဏ်ရာမှပြန်လည်သက်သာလာခဲ့ပြီး ရှန်ဟိုင်းရှင်ဟွာအသင်းမှာ လိဂ်ပွဲ လေးပွဲလုံးရှုံးထားသည်။

Ref; daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly