တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်ကို မန်စီးတီးအသင်း စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေး

တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်ကို မန်စီးတီးအသင်း စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေး

 

စက်တင်ဘာ ၁၉၊ အင်္ဂလန် ။           ။ မန်စီးတီးအသင်းသည် ဘရာဇီးလူငယ်တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်ကို စာချုပ်သစ်ချုပ်ဆိုရန် ၎င်း၏ကိုယ်စားလှယ်နှင့် ဆွေးနွေးလျက်ရှိသည်။

မန်စီးတီးအသင်းသည် ဒီဘရိုင်းနှင့် ဒေးဗစ်ဆေးဗားတို့ကိုလည်း စာချုပ်သစ်များ ချုပ်ဆိုရန် ကြိုးပမ်းနေပြီး ယခု ဂျီးဆပ်ကိုပါ စာချုပ်သစ်ချုပ်နိုင်ရန် ကြိုးပမ်းလာခဲ့သည်။ အသက် ၂၀ အရွယ်ရှိ ဂျီးဆပ်သည် မန်စီးတီးအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့သည့် ၁၅ ပွဲတွင် ၁၂ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြသနေသူ ဖြစ်သည်။

ဂျီးဆပ်၏လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ဖြစ်ပြီး လစာငွေမှာ တစ်ပတ် ပေါင် ၇၀,၀၀၀ ဖြစ်သည်။ စာချုပ်သက်တမ်းမှာ နှစ်များစွာကျန်နေသေးသော်လည်း ဂျီးဆပ်မှာ ဂွါဒီယိုလာ၏ အရေးပါသည့် တိုက်စစ်မှူးတစ်ဦးဖြစ်နေပြီ ဖြစ်သည့်အတွက် လစာငွေတိုးကာ စာချုပ်သစ်ချုပ်ရန် မန်စီးတီးက ပြင်ဆင်နေခြင်းဖြစ်သည်။

ဂျီးဆပ်သည် ယခုနှစ်တွင် မန်စီးတီးအတွက် ၆ ပွဲတွင် ၅ ဂိုးသွင်းယူထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly