ဦးရွှေမန်းနေပြည်တော် နေအိမ်တွင်ရှိနေ

ဦးရွှေမန်းနေပြည်တော် နေအိမ်တွင်ရှိနေ

၁၈ ရက်နေ့ ကျင်းပမည့် လွှတ်တော်အစည်းအဝေးအတွက် ပြင်ဆင်

နေပြည်တော် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်တွင် ဖယ်ရှားခံရသည့် သူရဦးရွှေမန်းသည် နေပြည်တော်ရှိသူ၏ နေအိမ်တွင်ရှိနေပြီး၊ သြဂုတ်လ ၁၈ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများအတွက် သြဂုတ် ၁၄ မနက်က လွှတ်တော်သို့သွားရောက် ပြင်ဆင်သည်ဟုလည်း သိရသည်။

ထို့အပြင် ဦးရွှေမန်းအား နေအိမ်အကျယ်ချုပ်ထားသည်ဆိုသည့် ကောလာဟာလ သတင်းမှာ မဟုတ်မှန်ကြောင်း သူ၏ သားဖြစ်သူ ဦးတိုးနိုင်မန်းက မဇ္ဈိမ မီဒီယာနှင့် ယနေ့ (သြဂုတ် ၁၄ရက်) နံနက် သီးသန့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားသည်။

“မျက်ကွယ်ဆုံးဖြတ်ချက်မိသွား” သည်ဆိုသည့် သူရဦးရွှေမန်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသည့် အခြေအနေများ၊ သူ၏ လုံခြုံရေး၊ ဦးတိုးနိုင်မန်းနှင့် ဇနီး ဒေါ်ဇေဇင်လတ် ဦးဆောင်လုပ်ဆောင်နေသည့် ချယ်ရီ FM ၏ အနာဂတ်အလားလာများစသည့် အကြောင်းအရာများပါဝင်သည့် ဖြေကြားချက်အပြည့်အစုံ အင်တာဗျူးကို မဇ္ဈိမက မကြာမီတင်ဆက်ပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly