သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့် သွားနှင့်ခံတွင်း ပြဿနာများကိုဆွေးနွေးခြင်း အပိုင်း(၄)

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့် သွားနှင့်ခံတွင်း ပြဿနာများကိုဆွေးနွေးခြင်း အပိုင်း(၄)

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့်

သွားနှင့်ခံတွင်း ပြဿနာများကိုဆွေးနွေးခြင်း /

မဇ္ဈိမပရိတ်သတ်များ၏ ကျန်းမာရေးပြဿနာများဖြေကြားပေးခြင်း။

အပိုင်း(၄)

မဇ္ဈိမ -ဆရာကြီးခင်ဗျာခံတွင်းကင်ဆာလို့ပြောလိုက်လို့ရှိရင် ကျွန်တော်တို့သွားသတိရတာကဆေးလိပ်တို့ မြင်တာပေါ့ ဗူးမြင်တယ် ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ သိတဲ့အတိုင်းပဲ   ဆေးရွက်ကြီးကွမ်းပေါ့အစရှိသဖြင့် ဒီဟာကိုကျွန်တော်တို့ ပြေးမြင်တာပေါ့။ဒီဟာတွေက ကျွန်တော်တို့ဘယ်လောက်ထိခံတွင်းကင်ဆာကို ဖြစ်စေတဲ့ ဘယ်လောက်ထိကိုအားပေးအားမြှောက်ပြုနေသလဲခင်ဗျာ။

PROF: UBM -ကင်ဆာလို့ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပါးစပ်ထဲမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကင်ဆာလို့ပြောလိုက်တာနဲ့ သူ့ကင်ဆာရဲ့တကယ့်   ဖြစ်ရခြင်းအကြောင်းအရင်းကို ကျွန်တော်တို့ဘယ်သူမှ သေသေချာချာမသိနိုင်ဘူး။ သိရင်လည်းကျွန်တော်တို့ ကုသတဲ့ကုထုံးပေါ်လာမှာပါ။ ကင်ဆာဖြစ်နိုင်ချေရှိတဲ့လူတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ခံတွင်းကင်ဆာအမျိုးမျိုးပဲအခြားဟာတွေခဏကိုယ်နဲ့လည်းမဆိုင်ဘူးကိုယ်လည်းမသိဘူးဘေးဖယ်လိုက်မှာပေါ့ဗျာ။ ခံတွင်းကင်ဆာနဲ့ ပတ်သက်လို့ ခံတွင်းကင်ဆာဖြစ်တဲ့သူတွေကို ကျွန်တော်တို့ စမ်းသပ်လိုက်တဲ့အခါကျတော့ အကုန်လုံးတစ်ရာရာခိုင်နှုန်းမှာရှစ်ဆယ်ရာခိုင်နှုန်းကကွမ်းစားတဲ့သူတွေဖြစ်နေတယ်။ ကွမ်းစားတယ်ဆိုတာကွမ်းကိုသည်အတိုင်းစားတာလား ကျွန်တော်တို့ကွမ်းစားတဲ့သူပြောတာကကွမ်းစားတယ်ဆိုတာကလည်း မြန်မာ့ဓလေ့လို့ပြောပေမဲ့ အားနည်းချက်တွေအများကြီးရှိနေတယ်။ နံပါတ်တစ် ပါးစပ်မသန့်ဘူး၊ ပါးစပ်အနံထွက်မှာပဲ ဖြစ်တယ်။ နံပါတ်နှစ်ကခံတွင်းကင်ဆာဖြစ်နေတဲ့သူကရှစ်ဆယ်ရာခိုင်နှုန်းကကွမ်းစားတဲ့သူတွေဖြစ်နေတယ်။ ကွမ်းရွက်ကဆေးဘက်ဝင်တယ် မှန်ပါတယ်၊ ကွမ်းရွယ်ရယ် လေးညှင်းရယ် ဖာလာစေ့ရယ် စမှုန်စပါးတွေနဲ့စားတဲ့သူတစ်ယောက်မှမရှိဘူး။ ကွမ်းရွက်ရယ် လာမယ်ကွမ်းသီးကွမ်းသီးထဲမှာပါတဲ့ ဓာတ်တစ်မျိုးသည် လုံးဝမကောင်းဘူး၊ ဟိုကင်ဆာမဟုတ်ဘူး ကင်ဆာအပြင် တခြားရောဂါတွေပါ ဖြစ်စေနိုင်တယ်၊ နောက်တစ်ခါထုံးနောက်တစ်ခါဆေးရွက်ကြီးအဲဒါတွေမပါဘဲနဲ့ ဘယ်သူမှကွမ်းကိုစားတဲ့သူမရှိတဲ့အတွက် ဆေးရွက်တို့ ကွမ်းရွက်ကဘာမှမဖြစ်ပါဘူး။ ကွမ်းသီးတို့ ထုံးတို့ ဒီအပြင်ပိုဆိုးတာက ကျွန်တော်ဘာကြောင့်ခံတွင်းကင်ဆာကိုပြောရသလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာသည်ဟာကို ခံတွင်းကင်ဆာရဲ့ဖြစ်ပွားနှုန်းကိုလျှော့ချလို့သိပ်မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့သူတွေကလာတယ် ခင်ဗျာဗျကွမ်းမစားဘဲဒီလောက်ပါးစပ်ကြီးနီတာဘာညာတို့ တစ်ခုခု အန္တရာယ်ဖြစ်နိုင်တယ်။ ဆရာပိုက်ဆံကုန်ရင် ကုန်ပါစေသွားစိုက်တာဘာတွေက ကိစ္စမရှိဘူးသည်ကွမ်းမစားတာကိုမပြောပါနဲ့ဆိုတော့ နောက်အပြင်သည်ကွမ်းတွေက ဒါတွေကသူများနိုင်ငံထိခိုက်စေတာတော့  မပြောဘူးအိန္ဒိယနိုင်ငံမှာလာတဲ့ဟာတွေ ရှိတယ်။ ဘယ်လိုဓာတ်ပေါင်းတွေ ထည့်ထားပြီးတော့ ဘယ်လိုဟာတွေထည့်ထားလဲမသိဘူး။ စားလိုက်ရင်တော့ နိုင်တီတူးတို့ အိုက်စ်တို့ နာမည်နဲ့လာတာအများကြီးပဲအိန္ဒိယကလာတဲ့ဟာတွေကတကယ်ဘာတွေထည့်ထားလဲမသိဘူး။ အဲ့ဒီမှာကင်ဆာဖြစ်စေတဲ့ ကင်ဆာဖြစ်စေဖို့ တိုက်တွန်းတဲ့တွန်းအားပေးတဲ့ဟာတွေ အများကြီးပါနိင်ရှိတယ်။ အဲဒါတွေက ဒါပေမဲ့ စားသုံးတဲ့သူတစ်ယောက်က အထုပ်သေးသေးလေးလိုက်ကို ပါးစပ်ထဲလိုက်ပြီး မြုပ်လိုက်ရင် ခဏလေးနဲ့ ပျော်သွားရင် စားလို့သိပ်ကောင်းတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒါတွေအများကြီး ဝင်သွားတော့ ဒါတွေကလည်းတားဆီးဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကွမ်းစားတဲ့သူအများစုသည် ဆေးလိပ်လည်းသောက်တာပဲ ၊ ကွမ်းရယ် ဆေးလိပ်ရယ် ဆေးလိပ်သောက်ရင် သူအရက်လည်းသောက်ချင် သောက်မှာပဲ။ ဆေးလိပ်နဲ့အရက်က တစ်ခြားဆိုးကျိုးတွေရှိတဲ့ အပြင်  ခံတွင်းကင်ဆာကိုလည်းအားပေးတယ်။ ဒါပေမဲ့ အဓိကကတော့ ဆေးပေါ့ ကွမ်းလို့ပြောလိုက်ကတည်းက ကျွန်တော်တို့ ကွမ်းရွက်ကိုမမြင်ပါနဲ့ ကွမ်းရွက်ထဲမှာပါတဲ့ဆေး ၊ ဆေးရွက်ကြီးကို မြင်ပါ၊ အဲ့ဆေးရွက်ကြီးကကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ အဓိကအကြောင်းအရင်းပါပဲ။ 

မဇ္ဈိမ -ဟုတ်ကဲ့ ကျေးဇူးပါ။ ခံတွင်းကင်ဆာကိုပဲပြောပြရမယ်ဆိုရင် ခဏကဆေးလိပ်ရောဆေးရွက်ကြီးရောကွမ်းရောကအင်မတန်မှသာခံတွင်းကင်ဆာဖြစ်ဖို့ကိုအားပေးတယ်။ တော်တော်အန္တရာယ်များတယ်လို့ပြောရမယ်။ အဲတော့ ကျွန်တော်တို့ဘယ်အတိုင်းအတာထိဥပမာဆိုကျပါတော့ တစ်နေ့ကွမ်းဘယ်နှစ်ရာစားသလဲအဲလိုတွက်ချက်ပြီးတော့ ရမလဲ။

PROF: UBM -အဲဒီလိုသိပ်ပြီးတော့ တွက်ချက်လို့မရဘူး။ ဒါပေမဲ့ ကွမ်းစားတဲ့သူတွေကသည်လိုပဲပေါ့လေသူကအကြောင်းမျိုးမျိုးပဲတစ်ယာပဲစားတာပါ၊  နှစ်ယာပဲစားတာပါ ကျွန်တော်တို့ကသူကိုကတကယ်တစ်ယာစားလား နှစ်ယာစားလားဆိုတာကိုပြောလို့မရဘူး။ ဒါပေမဲ့ သေချာတာကလျှော့စားလို့ရှိရင် ဖြစ်နိုင်စရာနည်းနည်းတော့ ပိုနည်းသွားတာပေါ့။

မဇ္ဈိမ - ကျွန်တော်တို့ကတကယ့်တကယ်ဖြစ်လာလို့ရှိရင် သူ့ရဲ့လက္ခဏာတွေကဘယ်လိုပြနိုင်သလဲ။

PROF: UBM - ကျွန်တော်ကကွမ်းစားတာပဲကိုဖိပြောနေတယ်။ တခြားအကြောင်းရင်းတွေလည်းရှိတယ်။ ကင်ဆာဖြစ်ဖို့ virus တွေကလည်းကင်ဆာဖြစ်နိုင်တာပဲ။ နေရောင်ခြည်တွေကလည်းကင်ဆာဖြစ်နိုင်တာပဲ။ နေရောင်ခြည်ကခံတွင်းနှင့်ဘယ်လိုပတ်သက်တာလည်းဆိုရင် နေရောင်ခြည်ကြောင့် ကျွန်တော်တို့ အောက်နှုတ်ခမ်းကင်ဆာတွေ ဖြစ်နိုင်တယ်။ မိန်းကလေးတွေမှာအောက်နှုတ်ခမ်းကင်ဆာဖြစ်နည်းတယ်။ ဘာဖြင့်လို့လဲဆိုတော့ သူတို့ကနှုတ်ခမ်းနီတွေဆိုးလို့ယောက်ကျားလေးတွေကအဖြစ်များတယ် သူတို့တွေက နှုတ်ခမ်းနီတွေမဆိုးဘူးသူတို့တွေကနေပူထဲမှာအလုပ်လုပ်နေရတယ်။ လူတွေမှာကအပေါ်နှုတ်ခမ်းနှင့်အောက်နှုတ်ခမ်းကမတူဘူး။ အောက်နှုတ်ခမ်းကကင်ဆာအဖြစ်များတယ်။ အထူးသဖြင့် ယောက်ကျားတွေ သူတို့ကနေပူထဲမှာထွက် အလုပ်လုပ်နေရတယ် သူတို့တွေမှာနှုတ်ခမ်းနီတွေလည်းဆိုးစရာမလိုဘူး။ မိန်းကလေးတွေနဲ့ အဲလိုကွာသွားတယ်။ တခြားအကြောင်းရင်းတွေလည်းအများကြီးရှိနိုင်ပါတယ်။ အဓိကကတော့ ကွမ်းရယ်ဆေးလိပ်ရယ် အရက်ရယ် တကယ်သုံးခုပေါင်းလိုက်လို့ရှိရင်တော့ ကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ ပြောတာပေါ့နော်။ အခြားအကြောင်းတွေကတော့ ဘာကြောင့်ကင်ဆာဖြစ်ရလဲဆိုတာကိုနံပါတ်တစ် သိဖို့လိုပါတယ်။ နောက်တစ်ခုကတော့ တစ်ချို့ကင်ဆာတွေကတိုက်ရိုက်ကင်ဆာဆိုပြီးတော့ ဖြစ်လာပေမဲ့ တစ်ချို့ပါးစပ်ထဲမှာအကြိုကင်ဆာဆိုပြီတော့ အကြိုရောဂါတွေ ဖြစ်တဲ့သူတွေကို ကျွန်တော်စောစီးစွာသိဖို့ လိုပါတယ်။ အရေးကြီးဆုံးကပါးစပ်ထဲမှာကင်ဆာဖြစ်တာလူသားတွေကအတွက် အခွင့်အရေးကောင်းတစ်ခုကအထဲထဲမှာမဟုတ်ဘူးထင်သာမြင်သာရှိတဲ့နေရာမှာဖြစ်နေတဲ့အခါကျတော့ စောစောစီးစီးသိလိုစောစောစစ်ဆေးပြီးကုသမှုခံယူရင်တော့ လုံးဝပျောက်သွားနိုင်ပါတယ်။ ကင်ဆာဆိုပေမဲ့ ကင်ဆာကြောက်တာပေါ့။ လူတိုင်းကြောက်တာပဲလေ၊ စောစောစီးစီးသိလို့ ရှိရင် တကယ်ထိရောက်တဲ့ကုသမှုတွေကို သူလုံးဝပျောက်လည်းပျောက်သွားမှာပေါ့ဗျာ။ အဲတော့ သူကဘယ်လိုပုံစံမျိုးနဲ့ လာလည်းဆိုတာကိုအလုံးကြီးနဲ့လည်းလာချင်လာမယ်၊ အနာနဲ့လာချင်လည်းလာမယ်။ အဲအနာရဲ့ပုံကိုဖော်ပြတဲ့နည်းတွေလည်းရှိပါတယ်။ ဒါပေမဲ့တစ်ခုပဲဘယ်ကင်ဆာရောဂါပဲဖြစ်ဖြစ် သူကနာတာနဲ့မစဘူးလူတွေကဘာကိုလစ်လျစ်ရှုတာလဲဆိုရင် နာမှသတိရတာကိုနာတဲ့အဆင့်ကိုရောက်ပြီးဆိုရင် နည်းနည်းဆိုးချင်လည်းဆိုးမယ်။ တကယ်လို့များသွားနှင့်ခံတွင်းကို ၆လတစ်ခါစစ်ဆေးနေမယ်ဆိုရင် ဆရာဝန်လည်းတတ်ကျွမ်းနေမယ်ဆိုရင် သူကအရင်တွေ့မှာပဲလူနာကမသိပေမဲ့ ဒီဟာကခင်ဗျာဒီရောဂါ ဥပမာပါးစပ်ထဲမှာအဖြူဖတ်တွေရှိနေမယ်၊ ဒီအဖြူဖတ်တွေကကင်ဆာဖြစ်နိုင်တဲ့အကြိုရောဂါ ခင်ဗျာဘာလုပ်သလဲဒါကဥပမာပေါ့နော်။ ကွမ်းစားတယ်ဆိုရင် ကွမ်းရှောင်ပေတော့ ဆေးလိပ်ရှောင်ပေတော့ ဒါတွေကမရှောင်လို့ရှိရင် သည်ရောဂါဆိုးသွားနိုင်တယ်။ သည်လိုဆိုရင် ကျွန်တော်ဘယ်သူ့ဆီကိုပို့လိုက်မယ် ဒါလေးကိုဓာတ်ခွဲစစ်ဆေးကြည့်ပါ ဘယ်အဆင့်ရှိနေပြီလဲဆိုတာကို ကြိုသိနိုင်တယ်လို့ရှိရင် အကြိုရောဂါတွေကိုDetect လည်းလုပ်နိုင်ရမယ်၊ ကုလည်းကုသနိုင်ရမယ်ဆိုရင် ကင်ဆာရောဂါဘယ်လိုလဲဆိုတာသိနိုင်ပါတယ်။

မဇ္ဈိမ - ကျွန်တော်တို့ကသိသာမြင်သာတဲ့ လက္ခဏာတွေကဘယ်လိုမျိုးဖြစ်နိုင်မလဲဆရာ ။

PROF: UBM -များသောအားဖြင့် လာတဲ့သူတွေကထုံးပေါက်တယ်ဆိုပြီးအနာကြီးဖြစ်မှ အနာပေါက်ပြီးလာတဲ့သူတွေကအဲဒီအချိန်မှာအနာကဘာကြောင့်နာသလဲဆိုတာကိုကင်ဆာကနာတာကအကြောင်းအရင်းအမျိုးမျိုးရှိတယ်။ အဲဒါကအနာကြီးဖြစ်လာလို့ရှိရင် အစာတွေဝင်တယ် ၊ ရောဂါပိုးတွေဝင်တယ်။ နောက်တစ်ချို့ကင်ဆာတွေကအာရုံကြောနဲ့နီးတာတွေလည်းအာရုံကြောကိုဖိအားသွားပေးရင်လည်းအဲဒီကင်ဆာတွေကနာတာပဲ။ နာတာပါမယ် အနာဖြစ်တာပါမယ် အဖုအကျိတ်တွေဖြစ်မယ်၊ အဲဒါတွေကအဓိကပါပဲ။

မဇ္ဈိမ - အချက်သုံးချက်ရှိတာပေါ့နော်။ အရက်၊ ဆေးလိပ်၊ ကွမ်းရှိမယ်၊ ခံတွင်းကင်ဆာနဲ့ပတ်သက်ပြီး ဖြစ်တဲ့ဟာတွေကသုံးချက်ပေါ့နော်။ တခြားရောဘာအကြောင်းအချက်တွေက ဖြစ်နိုင်သလဲ။

PROF: UBM - ကျွန်တော်ခဏကပြောခဲ့သလိုပဲ Virusတွေကြောင့်ဖြစ်နိုင်တယ်၊ အခြား Virus တွေကြောင့်ဖြစ်နိုင်တယ်။ တခြားဟိုက်ဒဂိုကာဗွန်တို့ စက်ရုံတို့ ဘာတိုညာတို့က ကျွန်တော်တို့ ပါးစပ်ကင်ဆာသာမဟုတ် အဆုတ်ကင်ဆာတွေလည်းဖြစ်နိုင်တယ်။ ရှုတာရိုက်တာတွေ သည်လိုတော့ သူတို့ကVirusကလည်းသားအိမ်ခေါင်းကင်ဆာတွေနဲ့တူတူပဲ၊ သားအိမ်ခေါင်းတွေထဲမှာရှိတဲ့ အရေပြားသည် ပါးစပ်ထဲမှာရှိတဲ့ အရေပြားနဲ့အတူတူပါပဲ။

မဇ္ဈိမ-ကျေးဇူးပါ။ နောက်ဆရာတော်တစ်ပါးမေးလာတဲ့ မေးခွန်းကိုမေးသွားမှာဖြစ်ပါတယ်။ ကွမ်းနှင့်ဆေးမသုံးဖြစ်တာကဆယ်နှစ်ကျော်ပါပြီအာခေါင် အပေါ်ပိုင်းသွားဖုံးအထက်နားမှာတစ်ခါတစ်ခါ အဖုလေးပေါက်ပါတယ်။ အန္တရာယ်ဖြစ်နိုင်ပါသလား။

PROF: UBM -အဲဒါကတော့ တစ်ခါတစ်ခါပေါက်ပြီး ပြန်ကောင်းသွားတာဆိုတော့ အန္တရာယ်ရှိတယ်လို့ ကျွန်တော်မထင်ပါဘူး။

မဇ္ဈိမ -နဲ့နေတဲ့သွားတွေကိုသွားကပ်ကော်တွေနဲ့ ကပ်ပြီထိန်းထားတာ အန္တရာယ်ရှိနိုင်သလားဆရာ။

PROF: UBM -အဲဒါတွေကမကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်။ သွားကပ်ကော်ဆိုတာ ကျွန်တော်ဘယ်လိုဟာလည်းတော့ မသိပါဘူး။ စူပါဂလူးတို့ဘာတို့လည်းကပ်တာကလည်းမကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်။ ခေတ္တခဏတော့ ကပ်တာတော့ဖြစ်နိုင်ပါတယ် ပြုတ်ရင်လည်းစုံလိုက်ပြုတ်သွားမှာပဲ။

မဇ္ဈိမ။   ။ ဆရာကြီးကတော့ သွားနှင့်ပတ်သက်ပြီးတော့ သွားကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲဆိုတာကိုပြောခဲ့ပါတယ်။   နောက်ပြီးခံတွင်းကင်ဆာနှင့်ပတ်သက်တာတွေကိုလည်းဘာတွေကိုရှောင်ရမလဲဥပမာကွမ်းဆိုရင်စားတာလျှော့ရမယ်။ မဖြစ်မနေစားလို့ရှိရင်လည်းလျှော့စားပါ။ အကြံပေးတာတွေရှိပါတယ်။ အဲသည်တော့ စကားဝိုင်းကိုလည်း ခတ္တခဏရပ်နားခွင့်ပြုပါ ခင်ဗျာ။ နောက်တစ်ပတ်တွေမှာလည်း ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးသွားမှာဖြစ်တဲ့အတွက်   နောက်တစ်ပတ်တွေမှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအုံးလို့ မျှော်လင့်ပါတယ်။ 

အပိုင်း( ၁)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/32002

အပိုင်း ( ၂)ကို ကြည့်ရှုရန်- http://mizzimaburmese.com/article/32039

အပိုင်း(၃) ကြည့်ရန်-http://www.mizzimaburmese.com/article/32092

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly