မအင်္ဂါခွဲစိတ်ပြုပြင်ခြင်း၏ ကောင်းကျိုးများ

မအင်္ဂါခွဲစိတ်ပြုပြင်ခြင်း၏ ကောင်းကျိုးများ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

မအင်္ဂါခွဲစိတ်ပြုပြင်ခြင်း၏ ကောင်းကျိုးများ

မိန်းမတွေဟာ အသက်ကြီးလာတာနဲ့ အမျှ သူတို့ကိုယ်ကို စိတ်တိုင်းမကျဖြစ်လာကြတာ အမှန်ပါပဲ။ ဒါကြောင့် သူတို့ဟာ မအင်္ဂါကို ခွဲစိတ်ပြုပြင်ပါတော့တယ်။ ဒါဆိုရင် မအင်္ဂါ ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ဘာလဲ။

မအင်္ဂါ ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ဘာလဲ။

ကလေးမွေးပြီးတဲ့နောက်မှာ မွေးလမ်းကြောင်း ကျယ်လာပါတယ်။ မွေးလမ်းကြောင်းက နဂို အခြေအနေကို ပြန်ရောက်သွားတယ်ဆိုသော်လည်း အရင်လိုတော့ မကျဉ်းတော့ပါဘူး။ ယင်းအရာက စုံတွဲတွေနဲ့ လင်မယားတွေ ကြား လိင်ဆက်ဆံရေးမှာ စိတ်ကျေနပ်မှုတွေကို ရသင့်သလောက် ရစေတော့မှာ မဟုတ်ပါဘူး။ မအင်္ဂါခွဲစိတ်ပြုပြင်ခြင်းက သင့်မအင်္ဂါကို အရင်လို နုပျိုစဉ်က အခြေအနေမျိုးကို ပြန်လည် ရရှိစေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

ကောင်းကျိုးများ

ခွဲစိတ်ဆရာဝန်တွေ ပြောတာကတော့ ခွဲစိတ်ပြုပြင်ပြီးနောက်မှာ မွေးလမ်းကြောင်းဟာ အရင်လို ပြန်ကျဉ်းသွားပါလိမ့်မယ်။ ချစ်သူလင်မယားကြားမှာလည်း စိတ်ကျေနပ်မှုတွေ ရရှိလာပါလိမ့်မယ်။ ပြောရရင်တော့ လိင်စိတ်ကြွလာပါလိမ့်မယ်၊ ကျေနပ်နှစ်သက်မှုရှိလာပါလိမ့်မယ်၊ လိင်တံကို ပတ်ညစ်အားကောင်းလာပါလိမ့်မယ်။
ဒါ့အပြင် မအင်္ဂါခွဲစိတ် ပြုပြင်ခြင်းနည်းပညာဟာ တိုးတက်လာတာကြောင့် အသက်ရွယ် ကြီးရင့််ခြင်းရဲ့ ဆိုးကျိုးတွေကိုတောင် တားဆီးနိုင်ပါပြီ။ ခွဲစိတ်ပြီးရင်လည်း မိန်မကိုယ် အတွင်းသားနဲ့ အပေါက်ဝတွေဟာ ကျဉ်းသွားပြီး တစ်ရူးတွေလည်း ပြန်လည် အားအင်ပြည့်ဖြိုးလာပါလိမ့်မယ်။ ယင်းခွဲစိတ် ပြုုပြင်ခြင်းက ကြာရှည်လည်းခံပါလိမ့်မယ်။

မအင်္ဂါခွဲစိတ်ပြုုပြင်ခြင်းက အလှအပယိုယွင်းခြင်းကို လျော့နည်းစေယုံသာမက သက်ကြီးမိန်းမတွေမှာ ဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ အသက်ကြီး တဲ့ မိန်းမတွေ ဟာ အခြားအလုပ်တွေ လုပ်နေတဲ့ အချိန်မှာ ဆီးနည်းနည်းထွက်ကျတတ်ပါတယ်။ ခွဲစိတ်မှုပြီးတာနဲ့ မအင်္ဂါရှိ ကြွက်သားတွေ ပြန်ကောင်းမွန်ပြီး ဆီးကို အရင်လို ထိန်းထားနိုင်ပါလိမ့်မယ်။

နောက်ထပ်အကျိုးကတော့ ယင်းခွဲစိတ်ကုသမှုက ရမယ့် အဆင်ပြေမှုပါပဲ။ မအင်္ဂါဟာ အားနည်း လျောကျ လာတာနဲ့ အမျှ လမ်းလျှောက်တိုင်း လှုပ်ရှားတိုင်းမှာ ပွတ်တိုက်မိနေပါလိမ့်မယ်။ အဲဒါက တော်တော်ကို စိတ်မသက်သာစရာပါပဲ။ ခွဲစိတ်ဆရာဝန်က မအင်္ဂါ ခွဲစိတ်ပြုပြင်ခြင်းကို သင့်တော်သလို စီစဉ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မအင်္ဂါ ဖွဲ့စည်းတည်ဆောက်ပုံဟာ မိန်းမတစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနေလို့ပါ။

ထိုခွဲစိတ်မှုပြုလုပ်လိုက်ပါက မိန်းမတွေဟာ ကိုယ့်ကိုယ်ကို ပြန်လည်ယုံကြည်မှုရှိသွားတာကို တွေ့ရပါတယ်။ လူထူးလူဆန်းကြီးဖြစ်ပြီး အခြားလူတွေနဲ့ မတူဘူးလို့လည်း မခံစားရတော့ပါဘူး။ အဓိက ကတော့ လိင်မှုကိစ္စတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်လည်ရရှိလာမှာပါ။ မိမိကိုလိုလားတယ် မိမိက စွဲဆောင်မှုရှိတယ်လို့ ခံစားလာရတဲ့ အတွက်ကြောင့် မိမိကိုယ်ကို အရင်ကထက်ပိုပြီး တန်ဖိုးထားတတ်လာပါလိမ့်မယ်။

ဆိုးကျိုးများ

အမှန်ပြောရမယ်ဆိုရင် ခွဲစိတ်မှုများသည် သေးသေးကြီးကြီး ဘေးတော့မကင်းလှပါဘူး။ ဒါကြောင့် မဆုံးဖြတ်ခင်မှာ ခွဲစိတ်မှုကြောင့် ဖြစ်လာမယ့် ဘေးဥပါဒ်တွေကို ထည့်စဉ်းစားဖို့ လိုပါတယ်။ ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မအင်္ဂါ ခွဲစိတ်ပြုုပြင်ခြင်းက ဒေါ်လာ ၇၀၀၀နဲ့ အထက် ကျသင့်ပါတယ်။
မတတ်နိုင်လောက်အောင် ဈေးကြီးနေမယ်ဆိုရင်တော့ ကီဂယ်လေ့ကျင့်ခန်းလို သဘာဝနည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly