အာရှယူ ၁၆ခြေစစ်ပွဲအောင်မြင် ရန်မျှော်မှန်းထားဟု နည်းပြ အဲရစ်ဝီလျံပြော

အာရှယူ ၁၆ခြေစစ်ပွဲအောင်မြင် ရန်မျှော်မှန်းထားဟု နည်းပြ အဲရစ်ဝီလျံပြော
၂၀၁၅ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယရခဲ့သော မြန်မာ ယူ ၁၆ အသင်း။  ဓာတ်ပုံ -  MFF

မြန်မာ့လက်ရွေးစင် ယူ ၁၆ အမျိုးသားဘောလုံးအသင်းသည် လာမည့် စက်တင်ဘာတွင် ၂၀၁၆ အာရှ ယူ ၁၆ ခြေစစ်ပွဲ ကစားရန်ရှိနေပြီး မြန်မာအသင်းက ခြေစစ်ပွဲအောင်မြင်ရန် မျှော်မှန်း ထားသည်ဟု ယူ ၁၆ အသင်းနည်းပြ အဲရစ်ဝီလျံ က မဇ္ဈိမကို ပြောသည်။

မြန်မာ ယူ ၁၆ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၅ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယဆ ုရရှိခဲ့သော အသင်းဖြစ် သည်။

မြန်မာအသင်းသည် ၂၀၁၆ အာရှ ယူ ၁၆ ခြေစစ်ပွဲ အုပ်စု (J) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ ဂူအမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျနေပြီး အုပ်စု ( J ) အုပ်စု အဆင့်ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံ ကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။အိမ်ရှင်ဗီယက်နမ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(က)တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

“ ယူ ၁၆ အသင်း အတွက် နောက်ထပ် ကစားသမားသစ်တွေ ထပ်ရှာပြီး ဗီယက်နမ်မှာ လုပ် မယ့် အာရှ ယူ ၁၆ ခြေစစ်ပွဲအတွက် ပြင်ဆင်မှာပါ။ အာရှ ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ၄၁ ရက် ရှိ ပါတယ်။ ဒီကြားထဲမှာ မလေးရှား၊ ထိုင်းတို့လို အာဆီယံက အသင်းကောင်းတွေနဲ့ ခြေစမ်းဦးမှာပါ။ အိန္ဒိယမှာ လုပ်မယ့် ၂၀၁၆ အာရှ ယူ - ၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရဖို့ မျှော်မှန်း ထားပါတယ်” ဟု မြန်မာ ယူ ၁၆ အသင်းနည်းပြချုပ် အဲရစ်ဝီလျံက ပြောသည်။

နည်းပြအဲရစ်ဝီလျံသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက် အသင်း၏ နည်းပြ ဟောင်းတစ်ဦး ဖြစ်ပြီး ၂၀၁၅ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း မြန်မာအသင်းကို ဒုတိယ ဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။ ၂၀၁၆ အာရှ ယူ ၁၆ ခြေစစ်ပွဲ အုပ်စု ( J ) အုပ်စုပွဲစဉ် များကို လာမည့် စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်းသည် စက်တင် ဘာ ၁၆ ရက်တွင် အိမ်ရှင် ဗီယက်နမ်၊ စက်တင်ဘာ ၁၈ ရက်တွင် သြစတြေးလျ၊ စက်တင်ဘာ ၂၀ ရက်၌ ဂူအမ်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly