ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်အဖြစ် မူဂူရူဇာ ဆက်လက်ရပ်တည်နေ

ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်အဖြစ် မူဂူရူဇာ ဆက်လက်ရပ်တည်နေ
(ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ စပိန်တင်းနစ်မယ် ဂါဘင် မူဂူရူဇာဟာ အဆင့် ၁ နေရာမှာ နှစ်ပတ်ဆက်တိုက် ဦးဆောင်နေခဲ့ပါတယ်။

အဆင့် ၂ နှင့် ၃ နေရာမှာတော့ ရိုမေးနီးယားမှ ဆီမွန်နာ ဟာလက်ပ်နှင့်  ယူကရိန်းမှ အလီနာ ဆဗီလီနာတို့ အစဉ်လိုက်ရပ်တည်နေပါတယ်။

ယခုတပတ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များမှာ ပြောင်းလဲမှုမရှိဘဲ ချက်မှ ပလစ်ဆကိုဗာက အဆင့် ၄နှင့် အမေရိကန်မှ ဗီနပ်စ်ဝီလျံက အဆင့် ၅ တို့မှာ အသီးသီးရှိနေပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ဂါဘင် မူဂူရူဇာ (စပိန်) ၆,၀၃၀
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၅,၉၆၅
၃) အလီနာ ဆဗီလီနာ(ယူကရိန်း) ၅,၆၄၀
၄) ပလစ်ဆကိုဗာ (ချက်) ၅,၅၂၀
၅) ဗီနပ်စ်ဝီလျံ (အမေရိကန်) ရမှတ် ၄,၇၅၆
၆) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၅,၁၄၆ ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄၆၄၀
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၅၂၀
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၄၁၀
၉)  ဒိုမီနီကာ စီဘလို့ကိုဗာ (ရုရှား) ၃,၇၇၀
၁၀) အော်စပင်ကို (လတ်ဗီးယား) ၃,၅၀၂

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly